|
Thursday, 23 October 2008 |
|
malvertizement ဆိုတာက ၀က်ဘ်ဆိုက် သို့မဟုတ် e-mail Message တွေထဲမှာရှိတဲ့ ကြော်ငြာတွေကနေလာတဲ့ အဖျက်စွမ်းအား ရှိတဲ့ Coding တွေဖြစ်ပါတယ်။ သို့ပေမဲ့ ဒီလို coding တွေ ၀င်ရောက်မလာဖို့အတွက် မေးခွန်းထုတ် လို့ရတဲ့ ၀က်ဘ်ဆိုက်တွေကို မ၀င်ရောက်ဖို့ လိုအပ်သလို ဘာမှန်းမသိတဲ့ e-mail တွေရဲ့ link တွေကို click မခေါက်ဖို့လိုအပ်ပါတယ်။
ဒါပေမဲ့ တစ်ခါတစ်ရံမှာ ဖျက်စီးနိုင်စွမ်းရှိတဲ့ code တွေဟာ တရားဝင်ဆိုက်တွေကလည်း လာတတ်ပါတယ်။ အွန်လိုင်းလုံခြုံရေး ကုမ္ပဏီဖြစ်တဲ့ websense ကတော့ 2008 ခုနှစ် ရဲ့ပထမခြောက်လတုန်းကစလို့ တရားဝင်ဆိုက်တွေ ဖောက်ထွင်းဝင်ရောက်ခြင်း ခံရပြီးတော့အဖျက်စွမ်းအားရှိ တဲ့ code တွေကို ကြော်ငြာတွေထဲမှာ ကပ်ပါအောင်ပြုလုပ်ထားတာကို တွေ့ရတယ်လို့ ကြေညာ ပါတယ်။ Websense က လူသိများတဲ့ဆိုက် ပေါင်းတစ်ရာမှာ ခြောက်ဆယ်ရာ ခိုင်နှုန်းလောက်က ဒီလိုမျိုး အလုပ်ခံထားရပြီးပြီ လို့ပြောဆိုပါတယ်။ 2008 ခုနှစ်သြဂုတ်လမှာတော့ Digg, MSNBC နဲ့ Newsweek တို့အပေါ်မှာရှိတဲ့ကြော်ငြာတွေဟာ malvertizement တွေဖြစ်နေ တယ်ဆိုတာကို တွေ့ကြရပြီး သုံးစွဲသူတွေကို clipboard hijack တိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ရည်ရွယ် တယ်ဆိုတာကိုပါ သိရှိခဲ့ရပါတယ်။
|