Cyberwarfare Print E-mail
Friday, 12 March 2010
Cyberwarfare ဆိုတာဟာ အင်တာနက်အခြေပြု တိုက်ပွဲတစ်ခုပါ။ နိုင်ငံရေးအရင်းခံပြီး သတင်း အချက်အလက်နှင့် သတင်းအချက်အလက်စနစ်များကို ၀င်ရောက်တိုက်ခိုက်မှုတွေ ပါဝင်ပါတယ်။ Cyberwarfare တိုက်ခိုက်မှုမှာ တရားဝင်ဝက်ဘ်ဆိုက်တွေနဲ့ ကွန်ရက်တွေကို အလုပ်မလုပ်နိုင်အောင်ပြုလုပ်မယ်။ အရေးပါတဲ့ ၀န်ဆောင်မှုတွေကို ချိနဲ့သွားအောင် သို့မဟုတ် အနှောင့်အယှက်ဖြစ်အောင်လုပ်မယ်။ အချက်အလက်တွေကို ခိုးယူမယ် သို့မဟုတ် အစီအစဉ်တကျ
ဖြစ်နေတာတွေကို ကမောက်ကမဖြစ်အောင်လုပ်မယ်။ ဘဏ္ဍာရေးစနစ်ကို အကြီးအကျယ်ထိခိုက်ပျက်စီးစေရန် ပြုလုပ်မယ် စသည်ဖြင့် အခြားသော ဖြစ်နိုင်ခြေများစွာရှိတဲ့ အဖျက်လုပ်ငန်းတွေကို စနစ်တကျပြုလုပ်တဲ့ ဆိုက်ဘာတိုက်ခိုက်မှုမျိုးစုံ ပါဝင်ပါတယ်။ Inside Cyber Warfare ဆိုတဲ့စာအုပ်ရေးသားသူ Teffery Carr က ဘယ်နိုင်ငံကမဆို တစ်ခြားနိုင်ငံတစ်ခုကို ဆိုက်ဘာတိုက်ခိုက်မှုတွေလုပ်နိုင်ပါတယ်။ ရင်းမြစ်တွေရဲ့ ဘယ်အရာမဆိုကိုလည်း ဆိုက်ဘာပေါ်ကနေ တိုက်ခိုက်နိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ စစ်တပ်အများစုဟာ ကွန်ရက်ဗဟိုပြုနဲ့ အင်တာနက်ကို ဆက်သွယ်ထားကြလို့ပဲဖြစ်ပါတယ်။ ဒါကြောင့်လုံခြုံမှုဆိုတာ မရှိပါဘူးဆိုပါတယ်။ တူညီတဲ့အကြောင်းပြချက်ကတော့ အစိုးရမဟုတ်တဲ့အုပ်စုတွေနဲ့ တစ်သီး
ပုဂ္ဂလတွေက Cyberwarfare တိုက်ခိုက်မှုတွေကို ပြုလုပ်နိုင်ပါတယ်။ ပုံခိုင်းနှိုင်းမယ်ဆိုရင်တော့ အင်တာနက်ဟာ လက်တစ်ဘက်တည်းနဲ့ ပစ်ခတ်နိုင်တဲ့စွမ်းရည်ကို ပေးတယ်ဆိုရမှာပါ။ ဒါကို ကြီးကျယ်တဲ့ချိန်ညှိမှုလို့ ခေါ်ဆိုပါတယ်။

Cyberwarfare ၏ ဥပမာများ
၁၉၉၈ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုက ဆားဘီးယားရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်ထဲသို့ ထိုးဖောက်ဝင်ရောက်ခဲ့ပြီး လေကြောင်းထိန်းချုပ်မှုများ ပြုလုပ်ရန်နှင့် ဆားဘီးယားပစ်မှတ်ကို ဗုံးကျဲတိုက်ခိုက်ရာ၌ လွယ်ကူချောမွေ့စေရန်အတွက် ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်တွင် ဒက်စတိုးနီးယား၌ Botnet ဖြစ်နေတဲ့ သန်းပေါင်းများစွာသော ကွန်ပျူတာများက အစိုးရ၊ စီးပွားရေးနဲ့ မီဒီယာတွေရဲ့ ၀က်ဘ်ဆိုက်များစွာကို ပြုတ်ကျစေရန်ပြုလုပ်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဟာ ရုရှားက နှစ်နိုင်ငံအကြားဖြစ်ပေါ်နေတဲ့ နိုင်ငံရေးတင်းမာမှုကြောင့် ပြုလုပ်ခဲ့တယ်လို့ ယူဆခဲ့ကြပါတယ်။ ၂၀၀၉ ခုနှစ်မှာတော့ Ghost Net လို့ခေါ်တဲ့ ဆိုက်ဘာသူလျှိုကွန်ရက်က ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်း တစ်ရာကျော်မှ အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ၏ အရေးပါသော လျှို့ဝှက်အချက်အလက်များကို ရယူခဲ့ပါတယ်။ GhostNet ဟာ တရုတ်နိုင်ငံမှာ မူရင်းရှိနေတယ်လို့ဆိုပေမယ့် ၎င်းနိုင်ငံက ငြင်းဆိုခဲ့ပါတယ်။ Cyberwarfare တိုက်ခိုက်မှုကို အထိရောက်ဆုံးကာကွယ်မှုကတော့ ကွန်ရက်တွေနဲ့ သတင်းအချက်အလက်တွေကို လုံခြုံစိတ်ချအောင် ပြုလုပ်ထားခြင်းသာ ဖြစ်ပါတယ်။ လုံခြုံမှုရှိစေရန် ခေတ်နှင့်အညီမွမ်းမံခြင်း (သို့) အချိန်နှင့်အညီ မွမ်းမံခြင်းတို့ကို စနစ်အားလုံးမှာ ပြုလုပ်ထားရမှာပါ။ ဘာကြောင့်လဲဆိုတော့ လုံခြုံရေးဆိုင်ရာ ချို့ယွင်းချက်ရှိနေတဲ့ စနစ်တွေဟာ တိုက်ခိုက်မှုကို သယ်ဆောင်လာတာဖြစ်ပါတယ်။ တိုက်ခိုက်မှုကြောင့် အလားအလာရှိတဲ့ ပျက်စီးမှုများကို လျော့ပါးသက်သာမှုရှိစေရန်အတွက် သဘာဝဘေးအန္တရာယ်ကာကွယ်မှုကဲ့သို့သော စီမံကိန်းတွေနဲ့ အင်တာနက်ပြတ်တောက်သွားချိန်မှာ ဘာတွေလုပ်ဆောင်မယ်ဆိုတဲ့ ကြိုတင်စီမံမှုတွေကိုလည်း ပြုလုပ်ထားရမှာဖြစ်ပါတယ်။

Comments

Search
Only registered users can write comments!

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
 
adobe cs4 buy cheap adobe, buy autodesk softwarecheap software