Mobile News
ကျပ်ငါးသိန်းတန်ဖုန်း မြို့နယ်သုံးခုတွင် တိုးချဲ့ချထားပေးနေ Print E-mail
Thursday, 19 August 2010 15:46
ရန်ကုန်နှင့် မန္တလေးမြို့များတွင် ချထားပေးလျက်ရှိသော ကျပ်ငါးသိန်းတန် CDMA 800 MHz ဖုန်းများကို ယခုလမှစတင်ခါ မြို့နယ်သုံးမြို့နယ် တိုးချဲ့ချထားပေးလျက်ရှိကြောင်း အဆိုပါဖုန်း RUIM Card များကို ထုတ်ပေးလျက်ရှိသည့် Elite Tech ကုမ္ပဏီ အမှုဆောင်ဒါရိုက်တာ ဦးစိုင်းခင်မောင်အေးကပြောကြားသည်။ “ရန်ကုန်မှာဆိုရင် မှော်ဘီမြို့နယ်၊ မန္တလေးမှာဆိုရင် ကျောက်ဆည်မြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်တွေမှာ တိုးပြီးချထားပေးနေပါတယ်” ဟု ၎င်းကပြောသည်။ တိုးချဲ့ချထားပေးသော မြို့နယ်များတွင် လျှောက်ထားမှုများကို သက်ဆိုင်ရာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရုံးများတွင် ဆောင်ရွက်ရမည်ဖြစ်ပြီး ငှားရမ်းသုံးစွဲခနှင့် ခေါ်ဆိုခနှုန်းထားများမှာမူ ယခင်ချထားပေးခဲ့သည့် အခြားသောမြို့နယ်များနှင့် တူညီမည်ဖြစ်သည်။ ထိုဖုန်းများကို ရန်ကုန်နှင့်မန္တလေးမြို့များတွင် လိုင်းပေါင်းတစ်သိန်းကျော် ချထားပေးပြီးဖြစ်သည်။
 

LATEST NEWS

IJ CARTOON