Mobile News
ဆယ်လူလာဖုန်းများကို ကမ်းရိုးတန်းဖုန်းများနှင့်လဲလှယ်ပေးနေ Print E-mail
Thursday, 19 August 2010 13:44

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ချထားပေးခဲ့သည့် ၀၉-၉၉ နံပတ်ဖြင့်စတင်သည့် ဆယ်လူလာဖုန်းများကို ကမ်းရိုးတန်းဖုန်းဟု လူသိများသည့် CDMA 450 MHz  ဖုန်းများနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက လဲလှယ်ပေးလျက်ရှိကြောင်း ထိုလုပ်ငန်းနှင့်နီးစပ်သည့် အသိုင်းအ၀ိုင်းမှ သိရသည်။

“အခုထိလည်း လဲပေးနေသေးတယ်။ ရှစ်သိန်း အလိုက်ပေးရတယ် ကြားတယ်။ လုပ်ငန်းစဉ်အရ ရွှေဂုံတိုင် ဆက်သွယ်ရေးရုံးကိုတော့ စာတင်ရတယ်။ ပြီးရင် လဲလှယ်ကိုင်ဆောင်ခွင့်ပြုတယ်” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ လဲလှယ်ကိုင်ဆောင်ခွင့်ပေးသော ဖုန်းများမှာ ၀၉-၈၅၊ ၈၆ စသည့်နံပါတ်များနှင့် စတင်သည့် CDMA 450 MHz ဖုန်းများဖြစ်ပြီး တရားဝင်ငှားရမ်းသုံးစွဲခမှာ ကျပ် ၁၅ သိန်းဖြစ်ကာ ဖုန်းခေါ်ဆိုခ ကြိုတင်ပေးသွင်းငွေကျပ် ၅၀,၀၀၀ ကိုလည်း ပေးဆောင်ရသည်။

 

 

LATEST NEWS

IJ CARTOON