Mobile News
Sony Ericsson ဖုန်းများတွင် မီးနီလင်းမှုပြဿနာဖြစ်ပါက ပြုပြင်ရန်ခက်ခဲနိုင် Print E-mail
Wednesday, 10 March 2010 10:15

Sony Ericsson ဖုန်းများတွင်ရှိသော မီးနီတစ်ခုသာလင်းလျက်ရှိပြီး ပါဝါဖွင့်၍မရတော့သော ပြဿနာမှာ အများဆုံးဖြစ်ပြီး ယင်းကဲ့သို့ဖြစ်ပါက ပြုပြင်ရာတွင် ခက်ခဲမှုများရှိနိုင်ကြောင်း သိရသည်။

“Sony Ericsson ဖုန်းတွေမှာ အများဆုံးဖြစ်တက်တာကတော့ ဖုန်းမှာရှိနေတဲ့ မီးနီတစ်ခုပဲလင်းနေ ပြီး ပါဝါဖွင့်လို့မရတော့ပဲ ဖုန်းက ဒီတိုင်းပဲဖြစ်နေတဲ့ပြဿနာက အများဆုံးဖြစ်တတ်ပါတယ်။ အဲလိုဖြစ် တယ်ဆိုရင် ဖုန်းမှာရှိနေတဲ့ Flash ကို ပြန်ပြီးပြုပြင်ရပါတယ်။ Sony Ericsson ဖုန်းတွေမှာ ဖုန်းရဲ့ဆော့ဖ်ဝဲနဲ့ Flash ပျက်တက်တာက များပါတယ်။ Flash ပျက်တယ်ဆိုရင်တော့ Flash ကို ပြန်ပြီးတော့ ဆော့ဖ်ဝဲပြန်ရေးရပါတယ်။ အဲလိုပြန်ရေးတဲ့နေရာမှာတော့ တကယ်တမ်းဆိုရင်တော့ အခြားနိုင်ငံတွေမှာဆိုရင် အရမ်းမခက်ခဲပါဘူး။ လွယ်ပါတယ်။ ဒါပေမယ့် ဒီမှာတော့ အခက်အခဲရှိနိုင်ပါတယ်။ Sony Ericsson ဖုန်းတွေအတွက် သီးသန့်ဆော့ဖ်ဝဲရေးတဲ့ Software Box တွေရှိပါတယ်။ အဲဒီ Box တွေက အသုံးပြုရတာ အရမ်းအဆင်ပြေပါတယ်။ သူက Server ကို တိုက်ရိုက်ချိတ်ဆက်ပြီးတော့လည်း အသုံးပြုနိုင်တဲ့အတွက် ဖုန်းအတွက်လိုအပ်တဲ့ ဆော့ဖ်ဝဲတွေကို ရှာဖွေအသုံးပြုနိုင်ပါတယ်။ အခြားနိုင်ငံတွေမှာဆိုရင်တော့ အဲဒီလို မီးနီလင်းနေတဲ့ပြဿနာကိုပဲ သီးသန့်ဖြေရှင်းပေးတဲ့ Service တွေရှိပါတယ်။ ဒါပေမယ့် ဒီမှာတော့ သိပ်အဆင်မပြေပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖုန်းရဲ့ Software Box ကို အွန်လိုင်းကနေ Server နဲ့ တိုက်ရိုက်ချိတ်ဆက်နိုင်ဖို့
အခက်အခဲရှိတဲ့အတွက် ဒီမှာပြုပြင်ဖို့ဆိုရင် အခက်အခဲရှိနေရတာပါ။  မီးနီလင်းတဲ့ Error မျိုး ဖြစ်လာတယ်ဆိုရင်တော့ ကျွန်တော်တို့ကဖုန်းမှာရှိနေတဲ့ Flash ကိုဖြုတ်ရပါတယ်။ ပြီးတော့မှ အဲဒီ Flash ကို Flash သီးသန့်ရေးတဲ့ Software Box နဲ့ရေးရပါတယ်။ ပြီးတော့မှ ဖုန်းအတွက်ဆော့ဖ်ဝဲကို ထပ်ရေးရပါတယ်။ အဲဒီလိုပြန်လုပ်နေရတဲ့အတွက် အလုပ်ရှုပ်သလို ဖုန်းရဲ့ Flash ကိုဖြုတ်တဲ့နေရာမှာလည်း အခက်အခဲတွေရှိပါတယ်။ တစ်ချို့ဖုန်းတွေမှာက Flash Chipset ကို ကော်နဲ့လောင်းထား
တက်ပါတယ်။ အဲဒီလို ကော်နဲ့လောင်းထားတယ်ဆိုရင်တော့ ဖြုတ်ရတာအရမ်းခက်ပါတယ်။ ဖုန်းပျက်သွားဖို့ ပိုများပါတယ်။ အဲဒါကြောင့် Sony Ericsson ဖုန်းတွေမှာ မီးနီလင်းတဲ့ပြဿနာ ဖြစ်လာတယ်ဆိုရင်တော့ ပြုပြင်နိုင်ဖို့ အခက်အခဲတွေရှိပါတယ်” ဟု မိုဘိုင်းဖုန်း Service ပြုလုပ်ပေးသူ ကိုအားကွေ့မှပြောသည်။

 

 

LATEST NEWS

IJ CARTOON