New Products
သင်ကြားရေး အထောက်အကူပြု Elite Panaboard ပြည်တွင်း၌၀ယ်ယူနိုင်ပြီ Print E-mail
Wednesday, 27 January 2010 12:36

စာသင်ကျောင်း၊ အစည်းအဝေးခန်းမနှင့် သင်တန်းခန်းမများတွင် လွယ်ကူအဆင်ပြေစွာအသုံးပြုနိုင်သော သင်ကြားရေးအထောက်အကူပြု Elite Panaboard ကို ပြည်တွင်း၌ ၀ယ်ယူရရှိနိုင်ပြီဖြစ်ကြောင်း သိရသည်။

၎င်း Elite Panaboard ကို Panasonic မှထုတ်လုပ်ခြင်းဖြစ်ပြီး Panasonic ၏ Telecomm & Imaging Proudcts  မြန်မာနိုင်ငံတစ်ဦးတည်းကိုယ်စားလှယ်ဖြစ်သော Kyaw Zeyar Trading Co., Ltd. မှ တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် အီလက်ထရောနစ်ဈေးကွက်အတွင်း တရားဝင်တင်သွင်းဖြန့်ချိခြင်းဖြစ်ကြောင်း သိရသည်။
“Panasonic“ ကထုတ်တဲ့ Elite Panaboard ဟာရိုးရိုးသာမန် White board သုံးသလို လွယ်ကူအဆင်ပြေစွာသုံးနိုင်ပါတယ်။ သုံးတဲ့နေရာမှာ Electronic Pen တစ်ချောင်းပါသလို ဒီ Board မှာ Install လုပ်ဖို့ Software  တစ်မျိုးလည်း တပါတည်းပါရှိပါတယ်။ Electronic Pen ကိုအသုံးပြုဖို့ AA ဓာတ်ခဲနှစ်လုံး အသုံးပြုရပါမယ်။ Software မှာ သင်ကြားရေးနဲ့ပတ်သက်တဲ့ Tools တွေ၊ Functions တွေလည်း ပြည့်ပြည့်စုံစုံပါဝင်ပါတယ်။အဓိက ကတော့ စာသင်ခန်းတွေ၊ အစည်းအဝေးခန်းတွေနဲ့ သင်တန်းခန်းမတွေမှာ သုံးဖို့ဖြစ်ပါတယ်” ဟု Kyaw Zayer Telecommunications Services Co., Ltd. မှ Managing Director ဖြစ်သူ ဦးအေးလွင်က အင်တာနက်ဂျာနယ် သို့ပြောသည်။ Elite Panaboard ၏ထူးခြားချက်မှာ သင်ခန်းစာများကို သာမန် Whiteboard ပေါ်တွင်သင်ကြားသကဲ့သို့ လွယ်ကူအဆင်ပြေစွာရေးသားနိုင်ပြီး USB 2.0 Interface ဖြစ်သောကြောင့် ကွန်ပျူတာနှင့် အလွယ်တကူ ချိတ်ဆက်နိုင်သည့်အပြင် သင်ကြားထားသည်များကို မှတ်သားထားနိုင်မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် သင်ကြားထားသော သင်ခန်းစာများအပေါ် ထပ်မံဖြည့်စွက်ချက်များပြုလုပ်လိုပါကလည်း Modify ပြုလုပ်နိုင်မည်ဖြစ် ကြောင်း သိရသည်။ Elite Panaboard ၌ပါဝင်သည့် Software တွင် စာသင်ကြားရာ၌အသုံးဝင်မည့် စာရေးသားခြင်း၊ ပုံဆွဲခြင်း၊ ဗီဒီယိုဖိုင်များ၊ ရုပ်ပုံများကို လိုအပ်သလိုချုံ့ချဲ့ကြည့်နိုင်ခြင်း၊ မိမိသင်ကြားပြသလိုသည့် အပိုင်းတစ်ခုထဲကို အာရုံစူးစိုက်စေရန် Spotlight ကဲ့သို့ပြုလုပ်ပေးခြင်း စသည့် Tools များပါဝင်ပြီး မိမိသင်ကြားထားသည်များကို ကွန်ပျူတာတွင် မှတ်သားထားနိုင်သည့်အပြင် Microphone ရှိပါက အသံကိုပါမှတ်သားထားနိုင်ကြောင်း သိရသည်။ ထို့ပြင်ကလေးငယ်များအတွက်  ရုပ်ပုံများဖြင့် သင်ကြားနိုင်စေရန် Gallery ပါရှိပြီး Sound Effects များကိုပါလုပ်ပေးနိုင်ကြောင်း သိရသည်။ Multi-Functional Electronic Pen ကိုအသုံးပြုရာတွင် သာမန် ဘောပင်တစ်ချောင်းအဖြစ် အသုံးပြုနိုင်သကဲ့သို့ Mouse တစ်ခုအနေဖြင့်လည်း အသုံးပြုနိုင်ပြီး AA ဓာတ်ခဲနှစ်လုံး ထည့်သွင်းအသုံးပြုရကြောင်းသိရသည်။
“ဒီ Panaboard မှာက သင်ကြားထားတာတွေကို မှတ်ထားနိုင်တော့ ဥပမာ Class တစ်ခုမှာ သင်ခန်းစာတွေကို ရှင်းလင်းသင်ကြားသွားမယ်။ ဒါကိုမှတ်ထားမယ်။ နောက် Class တစ်ခုကိုပဲ ဒီသင်ခန်းစာသင်တဲ့အခါ Play Back  ပြန်သင်ရုံပါပဲ။ နောက် အဲဒီသင်ခန်းစာအပေါ် ကျောင်းသားက မရှင်းလင်းလို့ထပ်ပြီးရှင်းတဲ့အခါ ဖြေရှင်းချက်အသစ်တွေရရင် Modify ထပ်လုပ်လို့ရတဲ့အပြင် ထူးခြားချက်တစ်ခုက အွန်လိုင်းချိတ်ဆက်မှုရှိမယ်ဆိုရင် အိမ် (ဒါမှမဟုတ်) တခြား Class တစ်ခုမှာလည်း တစ်ချိန်တည်းမှာပဲ သင်ကြားနိုင်မှာဖြစ်ပါတယ်။ ဒီ့အတွက် သင်ကြားတဲ့နေရာမှာ အချိန်ကုန်သက်သာမယ်၊ Modify လုပ်ထားတဲ့ အချက်အသစ်တွေ ထပ်တိုးသွားတာကို သိရမယ်ဆိုရင် ကျောင်းသားတွေ အကျိုးပိုများစေပါတယ်” ဟု ၎င်းကထပ်မံရှင်းပြသည်။ Elite Panaboard ၏အရွယ်အစားမှာ ၇၇ လက်မရှိပြီး ၂၇ ကီလိုဂရမ် အလေးချိန်ရှိကြောင်း သိရသည်။ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၀၀၀ သတ်မှတ်ထားပြီး Warranty 1 year ပေးကြောင်းသိရသည်။

 

 

LATEST NEWS

IJ CARTOON