|
Thursday, 22 October 2009 00:01
|
မီးအားနည်းသောနေရာများ နှင့်မီးအားမမှန်သောနေရာများအ တွက် အလိုအလျောက်မီးအားချိန်ညှိပေးသော မီးအားမြင့်တင်ပေး သော 2 in 1 AVR တစ်မျိုးဈေးကွက်အတွင်းသို့ဝင်ရောက်လာကြောင်း သိရသည်။
2 in 1 ဆိုရာ တွင် Stabillzer + Suger Protector တို့ကိုပေါင်းစပ်ထားခြင်း ဖြစ်၍ ဗို့အားတည်မြဲခြင်းနှင့် ဗို့ အားဆောင့်တတ်ခြင်းတို့ကိုအကာ အကွယ်ပေးနိုင်လိမ့်မည်ဖြစ် ကြောင်းသိရသည်။ Voltage Regular တွင်ပါဝင်သော ခံနိုင်ရည် အားမှာ 800VA မှ 500 KVA အထိအသုံးပြုနိုင်မည်ဖြစ်ကြောင်း လည်းသိရသည်။ auto voltage regulator ကိုဒီဇိုင်းဆင်ထားခြင်း မှာ အသုံးပြုရအဆင်ပြေစေရန်နှင့် ဒီဇိုင်းလှပခြင်းတို့ကို အသားပေး ထုတ်လုပ်ထားပေးကြောင်းလည်း သိရသည်။ “ 2 in 1 auto voltage Regulator ကိုအသုံးနိုင်ခြင်းမှာ ကွန်ပျူ တာတစ်လုံးစီအတွက်အသုံးပြုနိုင် သလို တီဗွီများ၊ printer များကို အသုံးပြုရာတွင် မီးအားတည်ငြိမ် အောင်ထိန်းညှိပေးနိုင်မှာဖြစ်ပါ တယ်။ မီးအားမြင့်စက်နဲ့ အလိုအ လျောက်ပြန်လည်ပြီး မီးအားချိန် ညှိပေးတဲ့စက်ပစ္စည်းတွေကို ထည့် သွင်းပေးထားပါတယ်။ ဒါအပြင်ချိန် ညှိပေးခြင်းနှင့် ပါဝါစောင့်တတ်ခြင်း တို့ကိုကာကွယ်ပေးနိုင်ပါတယ်။ Network ပစ္စည်းများနှင့် internet server များကိုတွဲဆက်ပြီး ပါဝါကိုထိန်းထားပေးနိုင်မှာဖြစ်ပါ တယ်။ အကယ်၍များမီးမှာတစ်ခု ခုလျှော့ဖြစ်ခဲ့မယ်ဆိုရင်လည်း Neuro Power ရဲ့ autovoltage regulator မှလည်းထိန်းချုပ်ပေး နိုင်ပါတယ်။ ဒီစက်ပစ္စည်းမှာ လျှပ် စစ်အထွက်ဘယ်လောက်ရှိတယ် ဆိုတာကိုလည်း Display တစ်ခုနဲ ပြသပေးထားမှာဖြစ်ပါတယ်””ဟု neuro power မှ အရောင်းဝန် ထမ်းတစ်ဦးမှရှင်းပြသည်။ Neuro Power ၏ auto voltage regulator သည် နှစ်မျိုးနှစ်စားဖြင့်ထုတ်လုပ်ထားပြီး ဈေးနှုန်း နှင့် ဒီဇိုင်းအနည်းငယ်ကွာခြားခြင်း များသာရှိကြောင်းသိရသည်။
|