Local News
People's Utility & Electronic Show 2010 တွင် IT Zone ပါဝင်မည် Print E-mail
Thursday, 19 August 2010 20:52
၂၀၁၀ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်မှ ၆ ရက်နေ့အထိ တပ်မတော်ခန်းမတွင် ကျင်းပမည့် People's Utility & Electronic Show 2010 တွင် IT Zone ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ IT Zone တွင် ပြည်တွင်းရှိ ကွန်ပျူတာတင်သွင်းရောင်းချသည့် အိုင်တီကုမ္ပဏီအချို့နှင့် အရောင်းဆိုင်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ “ဒီ IT Zone ဟာ ပြည်တွင်းမှာရှိတဲ့ အိုင်တီကုမ္ပဏီတွေနဲ့ အရောင်းဆိုင်တွေပူးပေါင်းပြီး သီးသန့်အနေနဲ့ လုပ်ဖြစ်သွားတာပါ။ စစချင်းတုန်းကတော့ အခန်း ၁၂ ခန်းလောက်ပဲရှိပါတယ်။ အခုနောက်ပိုင်းမှာ ၄၆ ခန်းလောက်အထိ ဖြစ်လာတယ်” ဟု ပွဲဖြစ်မြောက်ရေးစီစဉ်သူ Logic Myanmar မှ ကိုထင်အောင်ထွန်းကပြောသည်။ အဆိုပါ IT Zone တွင်ပါဝင်သည့် ကုမ္ပဏီနှင့်အရောင်းဆိုင်များမှ ပြပွဲကာလအတွင်း အိမ်သုံး၊ ရုံးသုံးဆိုင်ရာ ပြည်တွင်းရောက်ပစ္စည်းအသစ်များ၊ ကွန်ပျူတာ၊ လက်ပ်တော့၊ ပရင်တာ၊ ပရိုဂျက်တာနှင့် အခြားကွန်ပျူတာဆက်စပ်ပစ္စည်းများအပြင် Kaspersky Anti-Virus ဆော့ဖ်ဝဲ အစရှိသည်တို့ကို အထူးဈေးနှုန်းများ၊ လက်ဆောင်ပစ္စည်းများဖြင့် ရောင်းချပေး မည်ဖြစ်ကြောင်း သိရသည်။
 

LATEST NEWS

IJ CARTOON