|
Thursday, 19 August 2010 11:19
|
|
မြန်မာစာ Unicode စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော Myanmar NLP အနေဖြင့် ကွန်ပျူတာသုံး မြန်မာစာစနစ်နှင့်ပတ်သက်၍ Developer များအကြား အပြန်အလှန် အကူအညီပေးနိုင်သော ၀က်ဘ်ဆိုက်တစ်ခုကို လွှင့်တင်မည်ဖြစ်သည်။
ထိုဝက်ဘ်ဆိုက်လွှင့်တင်မည့် အစီအစဉ်နှင့်ပတ်သက်၍ Myanmar NLP အဖွဲ့တာဝန်ရှိသူ ဒေါက်တာဒေါ်မြင့်မြင့်သန်းက “နည်း ပညာဖြန့်ဝေတာဖြစ်တော့ ပါဝင်သူတွေဟာ ကျွန်မတို့နဲ့ အပြန်အလှန်အရင်းအမြစ်ပေးနိုင်သူတွေပဲ ဖြစ်ရပါမယ်။ ၀က်ဘ်ဆိုက်ကတော့ ရေးလို့ပြီးစီးပါပြီ။ ပါဝင်ခွင့်ရမယ့်လူတွေကိုပဲ သတ်မှတ်ဖို့ကျန်တော့တယ်” ဟု ပြောသည်။ အဆိုပါဝက်ဘ်ဆိုက်သည် Developer များအကြား ကွန်ပျူတာသုံးမြန်မာစာစနစ်နှင့် ပတ်သက်၍ အပြန်အလှန်ဝေမျှနိုင်ရန် ရည်ရွယ်လွှင့်တင်သည့် ၀က်ဘ်ဆိုက်ဖြစ်သည့်အတွက် လူတိုင်းဝင်ရောက် ခွင့်ရမည်မဟုတ်ဘဲ အကန့်အသတ်ဖြင့်သာ ၀င်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း ဆိုသည်။ ထိုဝက်ဘ်ဆိုက်တွင် မြန်မာစာနှင့်ပတ်သက်သော အရင်းအမြစ်မှန်သမျှကို မျှဝေဆောင်ရွက်နိုင်စေရန် ၀က်ဘ်ဆိုက်လွှင့်တင်ခြင်းဖြစ်ပြီး Machine Translation ဆိုင်ရာများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
|