Local News
နက်ဝပ်ခ်စနစ်မကျခြင်းကြောင့် လုံခြုံရေးကျိုးပေါက်နိုင် Print E-mail
Thursday, 19 August 2010 10:47

လုပ်ငန်းခွင်အချို့တွင် ရုံးတွင်းနက်ဝပ်ခ်စနစ်ထားရှိမှု စနစ်မကျသောကြောင့် လုံခြုံရေးကျိုးပေါက်နိုင်သည့် အနေအထားတွင်ရှိနေပြီး နက်ဝပ်ခ်ချိတ်ဆက်ထားရှိခြင်း အကျိုးကျေးဇူးကိုလည်း အပြည့်အ၀အသုံးချနိုင်ခြင်းမရှိကြောင်း နက်ဝပ်ခ်အင်ဂျင်နီယာအချို့က ပြောကြားသည်။

နက်ဝပ်ခ်အင်ဂျင်နီယာတစ်ဦး ဖြစ်သူကိုမင်းမင်းက “ရုံးတွေမှာက ကွန်ပျူတာတွေကို  ရိုးရိုး Star Topology နဲ့ချိတ်လိုက်ပြီး အင်တာနက်ချိတ်လိုတဲ့အခါကြရင် အဲဒီလိုင်းကို Switch မှာတပ်လိုက်တယ်။ နက်ဝပ်ခ်ကို သေချာ Configure မချထားတဲ့အပြင် နက်ဝပ်ခ်ကိုစောင့်ကြည့်မယ် Administration Policy ကို သေချာမချမှတ်ထားတာ တွေ့ရတယ်” ဟုပြောသည်။ ထို့ပြင် နက်ဝပ်ခ်အတွင်းရှိ ကွန်ပျူတာ IP များနှင့် MAC Address များကို သေချာစွာမှတ်တမ်းမတင်ထားခြင်း၊ User Privelege များ မခွဲခြားထားခြင်းတို့ကြောင့် နက်ဝပ်ခ်အတွင်းရှိ ဒေတာများကို မည်သူက မည်သည့်အချိန်တွင် Access လုပ်မှန်းမသိနိုင်ကြောင်း၊ ထိုကဲ့သို့သောအခြေအနေမျိုးကြောင့် နက်ဝပ်ခ်လုံခြုံရေးပိုင်းကို ထိခိုက်လာနိုင်ကြောင်း ၎င်းကဆိုသည်။ ရုံးတွင်းနက်ဝပ်ခ် Configuration များသည် သတင်းအချက်အလက်ထားရှိမည့် Individual Server များ သီးသန့်စီမရှိခြင်း၊ နက်ဝပ်ခ်အတွင်းသို့ အလွယ်တကူ ၀ယ်ရောက်နိုင်ခြင်း၊ နက်ဝပ်ခ်နှင့် ဒေတာ Access များကို User Level Privelege မခွဲခြားထားခြင်း၊ ထိုကဲ့သို့ Access လုပ်နေသည့် Log များမထားရှိခြင်းတို့ကြောင့် လုံခြုံရေးဆိုင်ရာ အားနည်းနေသည့် အပြင် ကွန်ပျူတာနက်ဝက်ခ်ထားရှိခြင်းအကျိုးကိုလည်း ထိရောက်စွာအသုံးမပြုနိုင်ကြကြောင်း သိရသည်။ ရန်ကုန်မြို့ရှိ အိုင်တီကုမ္ပဏီတစ်ခု၏ ၀န်ထမ်းဖြစ်သူ ကိုရဲက တခါဆို ရန်ကုန်ဟိုတယ်ကြီးတစ်ခုက Wi-Fi Network Access ကို Access Point Password မထားပဲ လွှတ်ပေးထားတယ်။ အင်တာနက်သုံးမယ့်အခါကျတော့မှ Browser ကနေ ပါ့စ်ဝါဒ် နဲ့ထိန်းထားတာပဲရှိတယ်။ ဖြစ်ချင်တော့ အဲဒီ Public နက်ဝပ်ခ်က ရုံးတွင်းနက်ဝပ်ခ်နဲ့ တစ်ပေါင်းတည်းဖြစ်နေတယ်။ အင်တာနက် Access အတွက်သာ ပါ့စ်ဝါဒ်ခံထားပြီး Access Point မှာ ပါ့စ်ဝါဒ်မထား ထားတဲ့အခါ ရုံးတွင်း LAN ထဲက IP တွေကို လှမ်းထောက်လို့ရနေတာ တွေ့ရတယ်။ Access Point အော်တိုရှာလိုက်တိုင်း အဲဒီဟိုတယ်နက်ဝပ်ခ်ထဲကို ရောက်သွားတတ်တယ်” ဟု ပြောသည်။

 

 

LATEST NEWS

IJ CARTOON