|
Thursday, 01 July 2010 15:33
|
|
Myanmar Computer Emergency Response Team (mmCERT) သည် အာရှပစိဖိတ်ဒေသအတွင်းရှိနိုင်ငံများအတွက် ဖွဲ့စည်းထားသည့် Asia Pacific Computer Emergency Response Team (APCERT) သို့ အဖွဲ့ဝင်အဖြစ်ဝင်ရောက်ရန် ပြင်ဆင်လျက်ရှိကြောင်း mmCERT Country Coordinator ဦးသောင်းတင်က ဇွန်လ၊ တတိယပတ်တွင်ပြောကြားသည်။
လက်ရှိတွင် မြန်မာနိုင်ငံသည် APCERT တွင် လေ့လာသူအဖြစ် ပါဝင်လျက်ရှိသကဲ့သို့ အာဆီယံနိုင်ငံများရှိ သက်ဆိုင်ရာ CERT အဖွဲ့များနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ “APCERT ကိုအဖွဲ့ဝင်အဖြစ် ၀င်ရောက်ဖို့စီစဉ်နေပါတယ်။ သဘောတူညီမှုလက်မှတ်ထိုးဖို့လည်း လုပ်နေပါတယ်။ APCERT ဟာ ကွန်ရက်လုံခြုံရေးအတွက် သင်တန်းပေးတာတွေရှိသလို အဖွဲ့ဝင်ဖြစ်တဲ့ အချို့သော CERT တွေက ကွန်ရက်တွေကို Monitor ပြုလုပ် နေတာတွေလည်း ရှိပါတယ်။ ဒီ့အတွက် အပြန်အလှန်အကူအညီရရှိမှာပါ” ဟု ဦးသောင်းတင်ကပြောသည်။ APCERT သည် အာရှပစိဖိတ်ဒေသအတွင်း အင်တာနက်ကွန်ရက်လုံခြုံရေးကို ကူညီထောက်ပံ့ ပေးနေသောအဖွဲ့အစည်းဖြစ်ပြီး တရုတ်၊ အိန္ဒိယ၊ သြစတြေးလျ၊ ထိုင်း၊ ဗီယက်နမ်၊ ဂျပန်၊ ကိုရီး ယား၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် အခြားသောအာရှနိုင်ငံများအတွင်းရှိ CERT အသီးသီးတို့က အဖွဲ့ဝင်အဖြစ်ပါဝင်ကြသည်။ အာဆီယံနိုင်ငံများသည် ဆိုင်ဘာလုံခြုံရေးနှင့် ဆိုင်ဘာရာဇ၀တ်မှုများကို ကာကွယ်တားဆီးနိုင်ရန်အတွက် ၂၀၀၅ ခုနှစ်ဝန်းကျင်တွင် CERT များကိုဖွဲ့စည်းခဲ့ကြပြီး ထိုအ ဖွဲ့များသည် နယ်နမိတ်ဖြတ်ကျော်သည့် ဆိုင်ဘာရာဇ၀တ်မှုခင်းများကို ဖြေရှင်းပေးခြင်း၊ အရေးယူခြင်းများပြုလုပ်နိုင်ရန် နိုင်ငံတကာအာဏာပိုင်များကို ကူညီပေးခြင်းများကို လုပ်ဆောင်နေကြသည်။ APCERT အဖွဲ့သို့ အဖွဲ့ဝင်နိုင်ငံအဖြစ်ဝင်ရောက်ခြင်းအားဖြင့် အချို့သော ဆိုက်ဘာတိုက်ခိုက်မှုကိစ္စရပ်များ ပြည်တွင်းရှိ အင်တာနက်ဝန်ဆောင်မှုပေးသူများ (ISP) သို့မရောက်ရှိမီ ကြိုတင်ကာကွယ် တားဆီးနိုင်မည်ဖြစ်သည်။ “ဒါပေမယ့် CERT ဆိုတာမျိုးက ISP ကအကူအညီတောင်းမှ Trace လိုက်လို့ရမှာပါ။” ဟု ဦးသောင်းတင်က ရှင်းလင်းပြောကြားသည်။
|