GCE A Level စာမေးပွဲပုံစံပြောင်းမည် Print E-mail
Friday, 18 June 2010
ဗြိတိသျှကောင်စီမှ တာဝန်ယူစစ်ဆေးလျက်ရှိသည့် General Certificate of Education A Level စာမေးပွဲဘာသာရပ်အားလုံးကို လာမည့်နှစ်၊ မေလမှစတင်ခါ Paper Based စာမေးပွဲအဖြစ် ပြောင်းလဲစစ်ဆေးမည်ဖြစ်ကြောင်း ထိုကောင်စီ၊ စာမေးပွဲဌာနမှတာဝန်ရှိသူ ဒေါ်ညိုညိုအေးကပြောကြားသည်။ ထို့ပြင် GCE စာမေးပွဲများကို International General Certificate of Secondary Education သင်ရိုးစာမေးပွဲအဖြစ် ပြောင်းလဲစစ်ဆေးမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ စာမေးပွဲစစ်ဆေးရာတွင် Paper Based ဖြစ်သော်လည်း လက်တွေ့ပိုင်းစစ်ဆေးမှုအတွက် လက်တွေ့လုပ်ရသည့် အတွေ့အကြုံများကို ရေးဖြေစေသောနည်းဖြင့် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။ “GCE O Level နဲ့ A Level နှစ်ခုစလုံးအတွက်က ၂၀၀၈ ခုနှစ်လောက်ကတည်းက ဘီစီမှာဖြေလို့ရနေပါပြီ။ ဒါပေမယ့် A Level အတွက် လက်တွေ့ဖြေဆိုမှုတွေလိုတဲ့ဘာသာရပ်တွေကို ဖြေလို့မရနိုင်သေးတော့ A Level ကို နိုင်ငံခြားမှာ သွားဖြေကြတာများတယ်။ အခုက A Level အတွက် လက်တွေ့ပါတဲ့ဘာသာရပ်တွေကို Laboratory အစား Laboratory အတွေ့အကြုံတွေကို ချရေးခိုင်းတဲ့ပုံစံမျိုးနဲ့ စစ်ဆေးပါ့မယ်” ဟု ၎င်းကပြောသည်။ ထိုကဲ့သို့ စာမေးပွဲပုံစံပြောင်းလဲစစ်ဆေးခြင်းနှင့်ပတ်သက်၍ Smart Resources ပညာရေးအတိုင်ပင်ခံလုပ်ငန်းအုပ်ချုပ်မှုဒါရိုက်တာ ဦးနေလင်းဖြိုးက “အရင်စာမေးပွဲတွေထက်စာရင် Concept ပိုင်းကို ဦးစားပေးကျက်မှတ်သွားရပါမယ်။ စာမေးပွဲနာမည်ပြောင်းလဲသွားတာအပြင် သင်ရိုးပိုင်းမှာ ထွေထွေထူးထူးပြောင်းလဲသွားတာမျိုးတော့ မရှိပါဘူး” ဟုပြောသည်။ သို့ရာတွင် သင်တန်းကျောင်းများအနေဖြင့် Assignment နှင့် Course Work များအား ဖြည့်စွက်သင်ကြားရမည်ဖြစ်ပြီး လက်တွေ့သင်ခန်းစာများအတွက် ဓာတ်ခွဲခန်းများစီစဉ်ပေးရန်လိုအပ်ကြောင်း ၎င်းကဆိုသည်။ GCE စာမေးပွဲများကို ပြည်ပတက္ကသိုလ်ပညာရေးဝင်ခွင့်အတွက် ဖြေဆိုကြပြီး၊ ယခင်က ထိုင်းနှင့် စင်ကာပူနိုင်ငံများတွင် အများဆုံးသွားရောက်ဖြေဆိုလေ့ရှိကြသည်။

Comments

Search
Only registered users can write comments!

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
 
adobe cs4 buy cheap adobe, buy autodesk softwarecheap software