Local News
သုံးစွဲသူနည်းသော အင်တာနက်ဆိုင်များ လိုင်းခွဲရောင်းချခြင်းဖြင့် ရပ်တည်လာ Print E-mail
Friday, 28 May 2010 13:41
မန္တလေးမြို့ရှိ သုံးစွဲသူနည်းသောအင်တာနက်ဆိုင်များမှာ အခြားအိမ်များသို့ လိုင်းခွဲရောင်း ချပေးခြင်းဖြင့် ရပ်တည်လာကြကြောင်းသိရသည်။ မန္တလေးမြို့တွင် အင်တာနက်သုံးစွဲသူများမှာ အင်တာနက်သုံးစွဲရာတွင်ဈေးနှုန်းအပြင် Webcam, Earphone တို့ပြည့်စုံမှုရှိမရှိ၊ အဲယားကွန်းအေးမအေး၊ သုံးစွဲရာတွင် Privacy ရှိမရှိတို့ကိုပါစဉ်းစား၍ ၎င်းတို့၏ လိုအပ်ချက်များပြည့်စုံမှု ရှိသည့်ဆိုင်များကိုသာ ရွေးချယ်လာကြရာ အချို့ဆိုင်များတွင် လိုင်းခွဲရောင်းပေးမှသာ စီးပွားရေးအရ အဆင်ပြေနိုင်ကြောင်း အင်တာနက်ဆိုင်ဖွင့်လှစ်ထားသူတစ်ဦးမှ ရှင်းပြသည်။ “အင်တာနက်သုံးတဲ့သူတွေအနေနဲ့ အဲကွန်းအေးတဲ့ဆိုင်ကိုရွေးပြီး အများဆုံးသုံးဖြစ်ကြတယ်။ ဒီ ဘက်ပိုင်းမှာက မီးမလာတာများတော့ အဲကွန်းအတွက် ဂျင်နရေတာသုံးရင်မကိုက်တော့ ပန်ကာလောက်ပဲ ဖွင့်ပေးဖြစ်တယ်။ အဲ့ဒါကြောင့် နေ့ခင်းပိုင်းတွေမှာ လူသိပ်မလာတော့ ဆိုင်စရိတ်ကာမိအောင် ဘေးအိမ်တွေကို Router သုံးပြီး လိုင်းခွဲပြီးရောင်းပေးထားတယ်။ လောလော ဆယ်တော့ ဆယ်အိမ်လောက်လိုင်းခွဲပေးထားပြီး တစ်လိုင်းကို တစ်လနှစ်သောင်းနှုန်းယူပါတယ်” ဟု မြို့ သစ်ပိုင်းမှ အင်တာနက်ဆိုင်ဖွင့်ထားသူတစ်ဦးကပြောကြားသည်။ “အိမ်မှာက Laptop ရှိတော့ အားတဲ့အချိန်မှာ အင်တာနက်သုံးလို့ရအောင်ဆိုပြီး ဘေးကအင်တာနက်ဆိုင်ကနေ လိုင်းခွဲပြီးယူထား တာပါ။ ကော်နက်ရှင်ကတော့ ဆိုင်မှာသုံးသလိုပါပဲ။ ကောင်းတဲ့အခါလည်းရှိသလို မကောင်းတဲ့အခါ လည်းရှိတာပေါ့။ ဒါပေမဲ့ တစ်လနှစ်သောင်းနဲ့ အိမ်မှာ အင်တာနက်လိုင်းရှိနေတော့ ကြိုက်တဲ့အချိန်မှာ အင်တာနက်သုံးလို့ရတယ်။ လွတ်လွတ်လပ်လပ်လည်း သုံးလို့ရတယ်ဆိုတော့ အဆင်ပြေပါတယ်” ဟု အင်တာနက်လိုင်းခွဲအသုံးပြုသူတစ်ဦးမှ ဆိုသည်။
 

LATEST NEWS

IJ CARTOON