|
Tuesday, 09 March 2010 13:35
|
|

Directory Site တစ်ခုကဲ့သို့ ပြုလုပ်ဆောင်ရွက်သွားမည့် www.myanmaradv.com အမည်ရှိ Website တစ်ခုကို မကြာမီအချိန်အတွင်းက လွှင့်တင်လိုက်ကြောင်းသိရသည်။
“myanmaradv.com အနေနဲ့ Directory Site တစ်ခုကဲ့သို့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အခုလောလောဆယ်အနေနဲ့ သင်္ကြန်ပွဲအတွက် ကြော်ငြာတွေကိုလက်ခံရင်း myanmaradv.com website ကို လွှင့်တင်လိုက်တာဖြစ်ပါတယ်။ ဒီ website မှာ သင်္ကြန်နဲ့ပတ်သတ်ပြီး ကဏ္ဍများစွာ ဖော်ပြထားပါတယ်။ အဲဒီကဏ္ဍတွေက ရေကစားမဏ္ဍပ်ကဏ္ဍ၊ sponser companies ကဏ္ဍ၊ ရေပက်ခံကားများကဏ္ဍ၊ သင်္ကြန်ဖက်ရှင်များကဏ္ဍ၊ သင်္ကြန်သီချင်းခွေများကဏ္ဍ၊ စတုဒီသာ မုန့်မျိုးစုံကဏ္ဍ၊ တရားစခန်း ရိပ်သာများကဏ္ဍ စသည်တို့ပါဝင်ပါတယ်။ သင်္ကြန်အတွက် ကဗျာ၊ ၀တ္ထုတိုများ၊ ဟာသများကို ရေးသားလိုသူများအတွက်လည်း registration ပြုလုပ်ပြီး ကိုယ်ပိုင် account တစ်ခုဖြင့် ရေးသားနိုင်ရန် ဆောင်ရွက်ပေးထားပါတယ်။ ကွန်မန့်ရေးသားခြင်းကို ခွင့်ပြုထားသည့်အတွက် မိမိတို့ရေးသားထားသော ကဗျာ၊ ၀တ္ထုတို၊ ဟာသများအတွက် မှတ်ချက်ပေးခြင်းကိုလည်း လက်ခံရရှိမှာဖြစ်ပါတယ်” ဟု အဆိုပါဝက်ဆိုက်မှ တာဝန်ရှိသူတစ်ဦးမှ အင်တာနက်ဂျာနယ်သို့ပြောသည်။ အထက်ပါကဏ္ဍများအတွက် ကြော်ငြာများကိုလက်ခံနေပြီး ကြော်ငြာထည့်သွင်းလိုသူများအနေဖြင့် ဖုန်း ၀၉၆၈၁၀၀၂၈ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။
|