Local News
အွန်လိုင်းမှကြော်ငြာလုပ်ငန်းများ ထိရောက်မှုမရှိသေး Print E-mail
Tuesday, 09 March 2010 11:32

အင်တာနက်ဝက်ဆိုက်များပေါ်မှ ကြော်ငြာလုပ်ငန်းများသည် ထင်သလောက် ထိရောက်မှုမရှိသေးကြောင်း သိရသည်။

အွန်လိုင်းအသုံးပြုသူများသည် ၎င်းတို့အများဆုံးအသုံးပြုခြင်းမှာ Chat နှင့် E-mail များသာ အများဆုံးဖြစ်နေခြင်းကြောင့် အချို့ entertainment website များကို ၀င်ရောက်ကြည့်ရှုနေခြင်းမှာ ပြည်တွင်းမှထက် ပြည်ပနိုင်ငံများမှ များပြားလျက်ရှိပြီး ပြည်တွင်းပစ္စည်းများကို ရောင်းချလိုသူများအနေဖြင့် အွန်လိုင်းမှကြော်ငြာခြင်းမှာ ထင်သလောက်အလုပ်မဖြစ်ကြောင်း
သိရသည်။ အွန်လိုင်းမှကြော်ငြာများကို အဓိကဖော်ပြနေသော website များမှာ ဘောလုံးနှင့်ပတ်သက်သော website များဖြစ်ပြီး entertainment website များမှာ ဒုတိယအနေအထားတွင်ရှိသေးကြောင်း သုံးသပ်သူများ၏ပြောပြချက်အရ သိရသည်။ “အွန်လိုင်းကကြော်ငြာတာ အများဆုံးအောင်မြင်နေတာတော့ ဘောလုံးနဲ့ပတ်သတ်တဲ့ website တွေပါ။ အခြားဆိုဒ်တွေမှာက လူကြည့်နည်းတဲ့အတွက် အွန်လိုင်းကြော်ငြာက အသုံးမ၀င်တာကိုတွေ့ရပါတယ်။ တကယ့်တကယ် ကြော်ငြာရှင်တွေကလည်း သူတို့ရဲ့ကုန်ပစ္စည်းကို လူသိများအောင်ကြော်ငြာချင်ပါတယ်။ အွန်လိုင်းကို လူတိုင်းနီးပါးလောက်သုံးလာပေမယ့် တကယ့်တကယ်မှာ အွန်လိုင်းကသိပြီး ရောင်းချရတယ်။ လူရတယ်ဆိုတာနည်းပြီး press နဲ့ radio, TV တွေကပဲဖြစ်နေပါသေးတယ်” ဟု developer တစ်ဦးမှ ရှင်းပြသည်။ အွန်လိုင်းကြော်ငြာလုပ်ငန်းတွင် အဓိကရင်ဆိုင်နေရသည့် ပြဿနာမှာ ကုန်ပစ္စည်းကြော်ငြာသူတို့၏ online information အတွက် ပြည့်စုံမှုမရှိသေးခြင်းပင်ဖြစ်ကြောင်း သိရသည်။ “အွန်လိုင်းပေါ်မှာ ကြော်ငြာတစ်ခုကိုတွေ့လို့ အကြောင်းစုံသိချင်ရင် (သို့မဟုတ်) ကုန်ပစ္စည်းရဲ့ သတင်းအချက်အလက်ကိုသိချင်ရင်တောင် ကြော်ငြာတဲ့လုပ်ငန်းရဲ့ အကြောင်းကိုတောင် သေချာမသိရပါဘူး။ ကိုယ်ပိုင်ဝက်ဘ်ဆိုက်လည်း မရှိကြပါဘူး။ နိုင်ငံတကာမှာ အွန်လိုင်းကြော်ငြာတွေဟာ ကြော်ငြာတဲ့လင့်ကိုဝင်လိုက်တာနဲ့ ပြီးပြည့်စုံတဲ့ သတင်းအချက်အလက်ကို ရရှိပါတယ်။ ဒါကြောင့် အွန်လိုင်းကြော်ငြာအတွက်လုပ်ဖို့ အများကြီးလိုအပ်ပါသေးတယ်” ဟု အွန်လိုင်းအမြဲသုံးသူ လူငယ်တစ်ဦးမှ ရှင်းပြသည်။

 

 

LATEST NEWS

IJ CARTOON