Microsoft Certificate Master စာမေးပွဲများ ဖြေဆိုနိုင် Print E-mail
Tuesday, 13 October 2009
မိုက္ကရိုဆော့ဖ်ကော်ပိုရေးရှင်းမှ တိုက်ရိုက်စစ်ဆေးချီးမြှင့်သော Microsoft Certified Master Program (MCM) စာမေးပွဲများကို ပြည်တွင်း၌ဖြေဆိုနိုင်ပြီဖြစ်ကြောင်းသိရသည်။
ယခင်ကမိုက္ကရိုဆော့ဖ်အသိအမှတ်ပြု Professional Certification Exam များသာဖြေဆိုခွင့်ရခဲ့ရာမှာ ၂၀၀၉ ခုနှစ်အောက်တိုဘာလမှစ၍ မိုက္ကရိုဆော့ဖ်၏ Expert Level စာမေးပွဲဖြစ်သော MCM ကိုပါ ဖြေဆိုခွင့်ရရှိလာပြီဖြစ်သည့် အတွက် ပြည်ပနိုင်ငံများသို့ အိုင်တီပညာရှင်များအဖြစ် သွားရောက်အလုပ်လုပ်ကိုင်လိုသူများအတွက် များစွာအထောက်အကူဖြစ်စေသည်ဟုသိရှိရသည်။
“ MCM စာမေးပွဲကိုဖြေဆိုနိုင်ဖို့အတွက် အနည်းဆုံး MCSE Windows Server 2003 သို့မဟုတ် သတ်မှတ်စာမေးပွဲ (၄) မျိုး အောင်မြင်ပြီးသူများသာ လျှောက်ထားရမှာဖြစ်ပါတယ်။ မိုက္ကရိုဆော့ဖ်ရုံး ခွဲ (သို့) မိုက္ကရိုဆော့ဖ်အသိအမှတ် ပြုသင်တန်းများမှာတက်ရောက်ရ မှာဖြစ်ပါတယ်။ Clossroom Training Lab  နှင့် E-learning  အပါအ၀င်သင်တန်းကာလ (၃)ပတ် ကြာမြင့်မည်ဖြစ်ပြီးသင်တန်း ၁ ပတ်ပြီးဆုံးတိုင်း စာမေးပွဲတစ်ဘာသာစီ ဖြေဆိုနိုင်ရမှာဖြစ်ပါတယ်” ဟု Myanmar Inspirations မှတာဝန်ရှိသူတစ်ဦးက အင်တာနက်ဂျာနယ်သို့ပြောသည်။
MCM Program တွင် Server နည်းပညာ (၅)မျိုးရှိပြီး (Exchange 2007, Communication Server 2007, Shorepoint 2007  လျှောက်ထားတက်ရောက်နိုင်ကြောင်း သိရသည်။ MCM လက်မှတ်ရရှိရန် server  နည်းပညာတစ်ခုတွင် စာမေးပွဲ ၃ မျိုးအစီအစဉ်အလိုက်ဖြေဆိုရမည်ဖြစ်ပြီး စာမေးပွဲဈေးနှုန်းမှာတစ်ဘာသာလျှင် USD 50 သာကျမည်ဖြစ်ကြောင်း ထပ်မံသိရှိရသည်။
Myanmar Inspirations အနေဖြင့် Exam စင်တာ ၃ မျိုးရှိပြီးရန်ကုန်မြို့တွင် Myanmar Info-Tech  နှင့်သိမ်ကြီးဈေးစီရုံ MCC Computers တွင် ၁ ခုစီနှင့် မန္တလေးမြို့တွင် ၂၆ လမ်း၊ ဈေးချိုပလာဇာတွင် ၁ ခုစီရှိကြောင်း သိရှိရသည်။

Comments

Search
Only registered users can write comments!

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
 
adobe cs4 buy cheap adobe, buy autodesk softwarecheap software