ကွန်ပျူတာသုံးဘာသာပြန်စနစ် ဗားရှင်းအဆင့်မြှင့် Print E-mail
Monday, 28 September 2009
အင်္ဂလိပ်စာဝါကျအသုံးများကို မြန်မာဘာသာသို့ပြန်ဆိုပေးနိုင်သော ဆော့ဖ်ဝဲတစ်ခုဖြစ်သည့် Windows Myanmar Translate  ကို အီလက်ထရောနစ် အမျိုးသားအဆင့်လုပ်ငန်းအဖွဲ့အောက်ရှိ ကွန်ပျူတာသုံးမြန်မာဘာသာပြန်စနစ် အကောင်အထည်ဖော်ရေးအဖွဲ့မှ ထပ်မံဖြန့်ဝေမည်ဖြစ်ကြောင်းသိရ သည်။ ဆော့ဖ်ဝဲကို free  ပေးသွား မည်ဖြစ်ပြီး ယခင်က beta version  ကိုပြန်လည်မွမ်းမံပြီး version 1.0  ကိုထုတ်လုပ်ဖြန့်ချိခြင်းဖြစ်သည်။ ယခင် beta version  တွင်ဘာသာ ပြန်စနစ်၏ အချို့သော ချို့ယွင်းချက်များကို ပြန်လည်ပြင်ဆင်ပြီး အကောင်းဆုံး အသုံးပြုနိုင်ရန် ထုတ်လုပ်ပေးလိုက် ခြင်းဖြစ်သည်။ Windows Myanmar Translate 1.0  ကို internet website  ပေါ်မှတဆင့် အခမဲ့ဒေါင်းလုပ် လုပ်ရယူသွားနိုင်မည်ဖြစ်ကြောင်းသိရသည်။ ဆော့ဖ် ၀ဲလ်ကိုစက်တင်ဘာလ ၂၈ရက်နေ့ သို့မဟုတ် ၂၉ရက်နေ့များတွင်စတင် ဖြန့်ချိနိုင်မည်ဖြစ်ကြောင်းသိရသည်။
Windows Myanmar Translate 1.0 သည် Windows Version များဖြစ်သည့် XP, Vista တို့တွင်အသုံးပြုနိုင်ပြီး အနိမ့်ဆုံး .net 2.0 ကိုအထောက်အပံ့ပေးနိုင်သော Windows OS များ၌အသုံးပြုနိုင်မည်ဖြစ်သည်။ ကွန်ပျူတာအ တွင်းတွင် fort စနစ်လိုအပ်ချက်များအပြင် unicode 5.1, myanmar 3, my myanmar ကဲ့သို့သော unicode အဆင့်ရှိသည့် မြန်မာဖောင့်များကို ရွေးချယ်ပြောင်းလဲအသုံးပြုနိုင်မည်ဖြစ်သည်။ ဆော့ဖ်ဝဲလ်၏ database အတွင်းတွင် စာလုံးအရေပေါင်း တစ်သိန်းနီးပါးထည့်သွင်းပေးထားပြီး စာကြောင်းတစ်ခုကိုဘာသာပြန်ခိုင်းပါက ဘာသာပြန်ချိန်မှာလည်း လျှင်မြန်စေနိုင်မည်ဖြစ်သည်။ ဆော့ဖ်ဝဲလ်အတွင်းတွင် အဘိဓါန်အဖြစ်အသုံးပြုနိုင်သောစနစ်များ၊ စာလုံးပေါင်းစစ်ပေးနိုင်သော spelling check စနစ်ကိုလည်း ထည့်သွင်းပေးထားသည်။ ယခင်ကဘာသာပြန်ရာတွင် အစီအစဉ်မကျဖြစ်ခဲ့သည်ကိုလည်းအကောင်း ဆုံးဖြစ်အောင်ပြန်လည်ပြုပြင်ပေး ထားခဲ့သည်။ မြန်မာစာပြန်ဆိုမှုစနစ် ကိုသတ်မှတ်ရာတွင်ပညာရှင်များ နှင့်ဆွေးနွေးပြီးအကောင်းဆုံးအဖြစ် နိုင်ဆုံးစာလုံးများကိုရွေးချယ်အသုံး ပြုရခြင်းဖြစ်ကြောင်းသိရသည်။ Windows Myanmar Translate 1.0 ကို download  လုပ်၍ ထည့်သွင်းလိုပါက www.myanmarnlp.com.mm တွင် အလွယ်တကူဝင်ရောက်ရယူ နိုင်ကြောင်းသိရသည်။

Comments

Search
Only registered users can write comments!

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
 
adobe cs4 buy cheap adobe, buy autodesk softwarecheap software