MP5 Player များ သတိထားဝယ်ယူသင့် Print E-mail
Friday, 25 September 2009
မြန်မာနိုင်ငံဈေးကွက်ထဲတွင် MP5 ဟူ၍ အမည်တပ်ထားသော Playr များကို များစွာတွေ့နေရပြီး အမှန်တကယ် MP5 function  များဖြင့် အသုံးပြုနိုင်သော MP5 player များမှာ မြန်မာနိုင်ငံဈေးကွက်ထဲတွင် လုံးဝမရှိသေးကြောင်း ရန်ကုန်ဈေးကွက်ထဲရှိအရောင်းဆိုင်များမှ သိရှိရသည်။
အမှန်တကယ် MP5 player များသည် ရုပ်သံလိုင်းများကို ဖမ်းယူကြည့်ရှုနိုင်သည့်အပြင် MP3/ MP4 player တို့ထက် နည်းပညာနှင့်စွမ်းဆောင်ရည်မှာ ပို၍မြင့်မားနေရမည်ဖြစ်သည်။ သို့သော်လည်း ယခုဈေးကွက်ထဲတွင် ရောင်းချပေးနေသော MP5 အမည်နှင့် player များသည် ၎င်းပစ္စည်းအား ထုတ်လုပ်ထားသောနိုင်ငံများ၌သာ အသုံးပြုရအဆင်ပြေနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် အသုံးပြုရအဆင် ပြေနိုင်မည်မဟုတ်ကြောင်း၊ MP4 player  ကဲ့သို့သော function  များ ဖြင့်သာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ ထို့ကြောင့်အရောင်း အ၀ယ်မှာလည်း ပါးလျှက်ရှိပြီးအ သုံးပြုသူဦးရေမှာလည်း နည်းပါး လျက်ရှိသည်။ ထို MP5 player  များသည် တရုတ် (တိုင်ပေ) မှပြည် တွင်းဈေးကွက်ထဲသို့ အများဆုံးဝင် ရောက်လာခြင်းဖြစ်ကြောင်း ရွှေ လွန်းပျံမှတာဝန်ရှိသူတစ်ဦးက အင်တာနက်ဂျာနယ်သို့ရှင်းပြခဲ့ သည်။
“ဒီ MP5 player တွေက ရုပ်သံလိုင်းတွေကို ဖမ်းယူကြည့်ရှုနိုင်တယ်လို့ဆိုပေမဲ့ ဒီမှာကတော့ကြည့်လို့ရမှာမဟုတ်ပါဘူး။ ရိုးရိုး MP4 တွေလိုပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါတွေကို လူကြိုက်လည်းအရမ်းနည်းပါတယ်။ MP5 player  ဆိုပေမဲ့ ကျွန်တော်တို့က MP4 function တွေပဲ အသုံးပြုနိုင်မှာဖြစ်တဲ့အကြောင်းကို လာဝယ်တဲ့သူတွေသိအောင် သေချာရှင်းပြပေးပါတယ်” ဟု ပြောခဲ့သည်။
အဆိုပါ MP5 player  များ ၏ဈေးနှုန်းမှာ MP3,MP4 Player  များ၏ဈေးနှုန်းနှင့်အနည်းငယ်ကွာ ခြားမှုရှိကြောင်း ထပ်မံသိရှိရသည်။

Comments

Search
Only registered users can write comments!

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
 
adobe cs4 buy cheap adobe, buy autodesk softwarecheap software