International News
YouTube က cloud အခြေခံ video editor ထည့်သွင်း Print E-mail
Friday, 02 July 2010 17:15

Google ကုမ္ပဏီသည် ၎င်း၏နာမည်ကျော်ဗီဒီယို streaming ဆိုက်ဖြစ်သည့် YouTube တွင် cloud အခြေခံ video editing စနစ်ကိုထည့်သွင်းလိုက်ကြောင်း သိရသည်။

အဆိုပါ YouTube video editor သည် အလွန်အသုံးတည့်စေမည့် tool တစ်ခုဖြစ်ပြီး video များအားဖြတ်တောက်ကာ အခြား video အများအပြားနှင့် ပေါင်းစပ်ထားနိုင်မည်ဖြစ်သည်။ YouTube video editor ကို ပြင်ဆင်လိုသည့် video thumbnail အား drag လုပ်ကာ အောက်ဘက်ရှိဖလင်ကွက်ပေါ်တွင်တင်ခြင်းဖြင့် ပြုလုပ်နိုင်ပြီး၊ ဖလင်ကွက်ပေါ်သို့ရောက်ရှိသည့်အခါ ကတ်ကြေး icon ကိုတွေ့မြင်ရမည်ဖြစ်ကာ ၎င်း icon ဖြင့် edit ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။ ပြင်ဆင်ထားသည့် video များသည် upload လုပ်ပြီးသားဖြစ်သောကြောင့် save လုပ်သည့်အခါတွင်လည်း အလွန်လျင်မြန်စွာဖြင့် ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

 

LATEST NEWS

IJ CARTOON