International News
Google က ၎င်း၏၀န်ဆောင်မှုအချို့တွင်အသုံးပြုနိုင်မည့် Command-Line tool ကိုမိတ်ဆက် Print E-mail
Friday, 02 July 2010 16:56
နာမည်ကျော် Google ကုမ္ပဏီသည် ၎င်း၏၀န်ဆောင်မှုအချို့တွင် အမှန်တကယ်အသုံးပြုနိုင်မည့် command-line tool ကို အကောင်အထည်ဖော်ပြုလုပ်လိုက်ကြောင်း သိရသည်။ အဆိုပါ GoogleCL သည် open-source ဆော့ဖ်ဝဲဖြစ်ပြီး Linux, Mac နှင့် Windows ပေါ်တွင်အသုံးပြုနိုင်ကာ user များအနေဖြင့် Google ဆိုက်များအား ခေတ်မီဆန်းပြားသော task များဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်ဟုဆိုသည်။ Google အင်ဂျင်နီယာဖြစ်သူ Jason Holt ၏အဆိုအရ Google CL ဖြင့် Blogger blog တွင်ပို့စ်တင်ခြင်း၊ Calendar တွင် event များထည့်သွင်းခြင်း၊ GoogleDocs တွင် document များအားပြင်ဆင်ခြင်း စသည့်လုပ်ဆောင်ချက်များကို ပြုလုပ်နိုင်မည်ဖြစ်ကြောင်းသိရသည်။ လက်ရှိတွင် GoogleCL ကို Picasa, Docs, YouTube, Blogger, Calendar နှင့် Contacts စသည့်ဝန်ဆောင်မှုများတွင် အသုံးပြုနိုင် မည်ဖြစ်သည်။
 

LATEST NEWS

IJ CARTOON