International News
Intel ကလူ၏အမူအရာ၊ အတွေးအခေါ်ကိုတုံ့ပြန်နိုင်သောကွန်ပျူတာများ၊ ကားလုံခြုံရေး နည်းပညာသစ်များတီထွင်နေ Print E-mail
Friday, 02 July 2010 11:53
Intel သည် နှစ်စဉ်ကျင်းပမြဲဖြစ်သော ကုမ္ပဏီ၏ နှစ်ပတ်လည်သုတေသနနေ့တွင် user များ၏အမူအရာနှင့် အတွေးများကိုတုံ့ပြန်နိုင်သော ကွန်ပျူတာများ၊ မတော်တဆမှုရှောင်ရှားနိုင်သော cloud computing နည်းပညာသုံး smart car များ စသည့်နည်းပညာသစ်များအား ထုတ်ဖော်ပြသရန်ပြင်ဆင်နေကြောင်း သိရသည်။ သို့သော် အဆိုပါ device များနှင့်စိတ်ကူးသစ်များသည် Intel ၏ ပင်မလုပ်ငန်းနှင့်မူ ပတ်သက်မှု မရှိကြောင်းဆိုသည်။ Intel ၏ လုပ်လက်စသုသေတနများထဲတွင် လူ၏အမူအရာ၊ စကားသံနှင့်အတွေးတို့ကို တုံ့ပြန်နိုင်သောကွန်ပျူတာများပါဝင်ပြီး၊ ယင်းတွင် လူစကားသံကိုနားလည်သော စက်ရုပ်နှင့် အမူအရာများကို မှတ်မိတုံ့ပြန်နိုင်သော ကင်မရာတို့ပါဝင်မည်ဖြစ်သည်။ ထို့ပြင် Intel သည် လူ၏ဦးနှောက်လှိုင်းများကို သိနားလည်တုံ့ပြန်နိုင်သော ကွန်ပျူတာများကိုလည်း တီထွင်နေသည်။ Intel Labs မှ နည်းပညာဒါရိုက်တာမန်နီဗာရာက ကုမ္ပဏီသည် ကားများလုံခြုံရေးအတွက်လည်း ဒရိုင်ဘာအိပ်ပျော်နေခြင်းရှိမရှိသိနိုင်မည့် ကင်မရာများတီထွင်နေကာ၊ ဒရိုင်ဘာအိပ်ပျော်နေပါက ကားအရှိန်လျှော့ခြင်း၊ တံခါးများပွင့်စေကာ လေတိုက်ခံစေ၍ နှိုးထစေခြင်းတို့ကိုပြုလုပ်မည့်စနစ်များလည်း တီထွင်နေသည်။ Intel သည် ပြီးခဲ့သည့်ဒီဇင်ဘာကလည်း 48-core processor ကိုစမ်းသပ်နေကြောင်း ကြေညာခဲ့သည်။ ၎င်းတို့ကယခုအခါ 32 Core chip များကိုမူ ယခုနှစ်ကုန်တွင် ဈေးကွက်ထဲ၌ ရရှိနိုင်မည်ဟုကြေညာထားသည်။
 

LATEST NEWS

IJ CARTOON