International News
ကမ္ဘာ့အပါးလွှာဆုံး Wiretape Cable Print E-mail
Thursday, 24 June 2010 21:47

ပြီးခဲ့သည့်ရက်သတ္တပတ်က လော့စ်အင်ဂျလိစ်မြို့၌ကျင်းပခဲ့သည့် E3 Expo ပြပွဲတွင် Hitech Innovation မှကမ္ဘာ့အပါးလွှာဆုံး Wiretape အားမိတ်ဆက်ပြသခဲ့ကြောင်း သိရသည်။

အဆိုပါ Wiretape ၏အထူသည် ၀.၁၆ မီလီမီတာသာရှိပြီး တယ်လီဗေးရှင်းများတွင် ၀ါယာကြိုးများရှုပ်ပွခြင်းမရှိစေရန်အတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း ကုမ္ပဏီမှပြောကြားခဲ့သည်။ ၎င်း Wiretape သည် တိပ်ကြိုးခွေကဲ့သို့ဖြစ်ပြီး လိုအပ်သည့်အတိုင်းအတာကို ကတ်ကြေးနှင့်ဖြတ်ကာ ဖြတ်လိုက်သည့်အပိုင်းဖြင့် ချိတ်ဆက်လိုသည့် connection box အတွင်းထည့်ကာ အသုံးပြုနိုင်မည်ဖြစ်သည်။ HDMI ကဲ့သို့ A/V connection အပြင် USB, Ethernet တို့ဖြင့်ချိတ်ဆက်နိုင်ကြောင်းသိရသည်။ Wiretape cable ကို ၀ါယာကြိုးငါးကြိုးပါသည့်ဗားရှင်းနှင့် ၁၈ ကြိုးပါသည့်ဗားရှင်းတို့ဖြင့် ရရှိနိုင်ပြီး စက်တင်ဘာလတွင် တင်ပို့ရောင်းချမည်ဖြစ်ကာ တန်ဖိုးကိုတော့ ကုမ္ပဏီမှကြေညာခဲ့ခြင်းမရှိပေ။

 

 

LATEST NEWS

IJ CARTOON