|
Friday, 18 June 2010 |
|

ကိုးလအကြာ Technical Preview အဖြစ် user အချို့ကို စမ်းသပ်သုံးစွဲခွင့်ပေးထားသည့် Office Web Apps အား Microsoft မှအခမဲ့ဗားရှင်းအဖြစ် ပြီးခဲ့သည့်ရက်အနည်းငယ်ခန့်က လွှင့်တင်ခဲ့ကြောင်း သိရသည်။
အဆိုပါဝန်ဆောင်မှုကို အစပိုင်းတွင် အမေရိကန်၊ ကနေဒါ၊ ဗြိတန်၊ အိုင်ယာလန်နိုင်ငံရှိ user များက အင်္ဂလိပ်၊ စပိန်၊ ပြင်သစ်ဘာသာစကားများဖြင့် office.live.com ရှိ Windows Live SkyDrive မှတဆင့် အသုံးပြုနိုင်မည်ဖြစ်သည်။ အခြားဒေသများတွင် နေထိုင်သူများအနေဖြင့်လည်း အဆိုပါဝန်ဆောင်မှုကို အသုံးပြုနိုင်မည်ဖြစ်သော်လည်း ၎င်းတို့၏ဘာသာစကားဖြင့် ရွေးချယ်အသုံးပြုနိုင်ခြင်းမရှိကြောင်း Microsoft မှပြောကြားခဲ့သည်။ Office Web Apps(OWAs) ကိုအသုံးပြုသူများသည် Word, PowerPoint, Excel နှင့် One-Note document များကို ၎င်းတို့၏ browser မှ တိုက်ရိုက်ကြည့်ရှု၊ ပြင်ဆင်၊ ဝေမျှနိုင်မည်ဖြစ်သည်။ ၎င်း OWAs အား Windows, Mac နှင့် Linux ပေါ်ရှိ Internet Explorer 7 အထက်၊ Firefox 3.5 နှင့်အထက်၊ Safari 4 နှင့်အထက်တို့မှတဆင့် အသုံးပြုနိုင်မည်ဖြစ်ကြောင်းသိရသည်။
|