International News
စက်ဘီးစီးရင်းအားပြန်သွင်းနိုင်မည့် Nokia ဖုန်းအားသွင်းကိရိယာ Print E-mail
Tuesday, 08 June 2010 15:56

နာမည်ကျော် ဟန်းဆက်ကုမ္ပဏီဖြစ်သည့် Nokia သည် စက်ဘီးစီးခြင်းဖြင့် အားပြန်လည်ဖြည့်တင်းပေးနိုင်မည့် ဖုန်းအားသွင်းကိရိယာတစ်မျိုးအား ထုတ်လုပ်လိုက်ကြောင်းသိရသည်။

အဆိုပါကိရိယာတွင် အားသွင်းစက်တစ်ခု၊ ဒိုင်နမိုတစ်ခုနှင့် စက်ဘီးပေါ်တွင် လုံခြုံစွာတပ်ဆင်ထားနိုင်မည့် အထိုင်တစ်ခုပါဝင်မည်ဖြစ်ပြီး ဘီး၏လည်ပတ်မှုမှတဆင့် ၂ မီလီမီတာအပေါက်မှတဆင့် အားပြန်လည် သွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ ၎င်းကိရိယာသည် စက်ဘီးအမြန်နှုန်း 6 km/h တွင်စတင်အလုပ်လုပ်မည်ဖြစ်ပြီး 50 km/h တွင် အလုပ်လုပ်ခြင်းမှရပ်ဆိုင်းမည်ဖြစ်သည်။ Nokia မှဒုဥက္ကဋ္ဌဖြစ်သူ Alex Lambeek က ကမ္ဘာ့နေရာအနှံ့အပြားရှိ ခရီးသွားလာမှုများတွင် စက်ဘီးကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုကြခြင်းကြောင့် ယခုကိရိယာသည် အကျိုးကျေးဇူးများစွာပေးအပ်နိုင်မည်ဖြစ်သည်ဟုဆိုသည်။ Nokia မှပြောကြားချက်အရ ၁၀ မိနစ်ကြာခရီးကို 6 km/h နှုန်းဖြင့်မောင်းနှင်ပါက ဖုန်းပြောချိန် ၂၈ မိနစ်ကြာအသုံးပြုနိုင်ပြီး အသင့်အနေအထားဖြင့် ၃၇ နာရီကြာ အသုံးပြုနိုင်မည်ဖြစ်ကြောင်းသိသည်။ အဆိုပါ ဖုန်းအားသွင်းကိရိယာအား ကမ္ဘာတစ်ဝန်းရှိစတိုးများတွင် ယခုနှစ်ကုန်ပိုင်း၌ စတင်ရောင်းချမည်ဖြစ်ပြီး တန်ဖိုးအနေဖြင့် ယူရို ၁၅ (အမေရိကန်ဒေါ်လာ ၁၈) ကျသင့်မည်ဖြစ်သည်။

 

 

LATEST NEWS

IJ CARTOON