International News
HP နှင့် Lenovo တို့မှ ဘက်ထရီသက်တမ်းကြာရှည်သည့် laptop များထုတ်လုပ် Print E-mail
Tuesday, 09 March 2010 15:41

မကြာသေးမီရက်ပိုင်းအတွင်း Lenovo မှထုတ်လုပ်ခဲ့သည့် ThinkPad Laptop ၏ ဘက်ထရီသက်တမ်းဟာ ၁၂.၂ နာရီအထိအသုံးပြုနိုင်ပြီး HP ၏ Elite Book 2540P Laptop ကတော့ ဘက်ထရီသက်တမ်း ၁၂.၅ နာရီ အသုံးပြုနိုင်ကြောင်း သိရှိရပါတယ်။

ထို Laptop နှစ်မျိုးစလုံးဟာ နောက်ဆုံးပေါ်စွမ်းဆောင်ရည်မြင့် Laptop များဖြစ်ကြပြီး HP Laptop ကတော့ Lenovo Laptop ထက် ဘက်ထရီသက်တမ်း မိနစ်၂၀ ပိုမိုတာရှည်ခံပါတယ်။ ထို့ပြင်ကုမ္ပဏီနှစ်ခု စလုံးဟာ Laptop များအတွင်းရှိ ဘက်ထရီအား အာမခံတစ်နှစ်ပေးထားပြီး ထိုဘက်ထရီအား လဲလှယ်ကာ အဆင့်မြှင့်တင်၍ အသုံးပြုနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ HP ၏ Elite Book 2540P Laptop အတွင်းမှာကတော့ ပါဝါအသုံးပြုနှုန်းနည်းပါးတဲ့ Corei7-640 LM Processor ကိုအသုံးပြုထားပြီး 9-cell lithium ion ဘက်ထရီကို အသုံးပြုထားပါတယ်။ ThinkPad ဟာလည်း 9-cell ဘက်ထရီအမျိုးအစားဖြစ်ပြီး ဘက်ထရီသက်တမ်းဟာလည်း HP laptop နှင့် ကွာခြားမှုသိပ်မရှိကြောင်း သိရှိရပါတယ်။

 

 

LATEST NEWS

IJ CARTOON