International News
WD မှ portable hard drive အသစ်များကိုမိတ်ဆက်ပြသ Print E-mail
Tuesday, 09 March 2010 13:24

Hard drive တွေကိုထုတ်လုပ်တဲ့ Western Digital ကုမ္ပဏီဟာ My Passport Studio လို့ခေါ်တဲ့ portable hard drive အသစ်များကို မိတ်ဆက်ပြသခဲ့ကြောင်း သိရပါတယ်။

၎င်း hard driveအသစ်တွင် Fire Wire 800, USB 2.0, e-label display စတဲ့ feature တွေပါဝင်လာပြီး အဆိုပါ e-label display ဟာ hard drive ရဲ့ဝင်ဆံ့မှုပမာဏကို ဖော်ပြပေးနိုင်ပြီး power ပိတ်ထားတဲ့အခါမှာလည်း တွေ့မြင်ရမှာဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် Photo, Music, Backup စတာတွေကိုလည်း e-label display မှာ ထည့်သွင်းဖော်ပြနိုင်ပါတယ်။ My Passport Studio drive ကို Mac နဲ့ Apple ရဲ့ Time Machine backup application ဖြင့် အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။ WD Smart Ware ဆော့ဖ်ဝဲပါဝင်တာကြောင့် data တွေကို အလိုအလျောက် backup ပြုလုပ်ပေးနိုင်သလို password ဖြင့်လည်းကာကွယ်ထားနိုင်ပါတယ်။ My Passport Studio ကို 640GB, 500GB, 320GB တို့ဖြင့်ရရှိနိုင်ပါတယ်။ တန်ဖိုးကတော့ 640GB အတွက် $200, 500GB အတွက် $180 နဲ့ 320GB အတွက် $150 ဖြစ်ပါတယ်။

 

 

LATEST NEWS

IJ CARTOON