|
Tuesday, 09 March 2010 11:03
|
|

ကယ်လီဖိုးနီးယားပြည်နယ် Irvine အခြေစိုက် Digital Video Enterprises (DVE) ကုမ္ပဏီတွင် ဖောက်ထွင်းမြင်နိုင်သော စကရင်တစ်မျိုးကိုအသုံးပြုထားပြီး ၎င်းဟာ 3D မျက်မှန်မလိုအပ်ဘဲ အခန်းတစ်ခန်းအတွင်းစုစည်းကာ အစည်းအဝေးပြုလုပ်သကဲ့သို့ ကြည့်ရှုခံစားရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
DVE ကုမ္ပဏီ၏အစည်းအဝေးခန်းတွင် 3D ကင်မရာနှင့် သုံးဘက်မြင်ဓာတ်ပုံရိုက်စက်များ အသုံးပြုထားခြင်းမရှိဘဲ ဖောက်ထွင်းမြင်နိုင်သော ပိုလီမာစကရင်များကိုသာ အသုံးပြုထားပါတယ်။ ထိုစကရင်များအား ကွန်ဖရင့်စားပွဲအနီးတွင် တွေ့ရှိရမှာဖြစ်ပြီး ၎င်းမှတဆင့် 3D ပုံရိပ်များ ပြသပေးနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ ထို့ကြောင့် အခန်းတစ်ခန်းအတွင်း အစည်းအဝေးပြုလုပ်သကဲ့သို့ မြင်ရမှာဖြစ်ပြီး DVE မှ ထိုနည်းပညာနှင့်ပတ်သက်၍ ၎င်း၏၀က်ဘ်ဆိုက်တွင် သရုပ်ပြရှင်းလင်းထားကြောင်း သိရှိရပါတယ်။ DVE ကုမ္ပဏီဟာ display စနစ်မျိုးစုံကို တည်ဆောက်လျက်ရှိပြီး ထို display များကို ပြဇာတ်ရုံများ၊ ပန်းခြံများတွင် အသုံးပြုလျက်ရှိပါတယ်။ ယခုနည်းပညာသစ်ကတော့ လူကိုးဦးစာအစည်အဝေးပွဲများ အလွယ်တကူပြုလုပ်နိုင်ရန်ဖြစ်ပြီး broadband ကွန်ရက်ကို အသုံးပြုထားပါတယ်။ အသံပိုင်းမှာတော့ ဘေးပတ်လည်ကြားရသော Surround အသံစနစ်နှင့် ဗီဒီယိုအရုပ်ပိုင်းကတော့ 720p (60 frames per second) မှ 1080p (60 frame per second) အထိ ပုံထွက်အရည်အသွေးရှိကြောင်း ပြောကြားခဲ့ပါတယ်။
|