|
Tuesday, 09 March 2010 10:45
|
|

Desktop များအတွက် ပထမဦးဆုံး six-core processor ကို ယခုနှစ် ဒုတိယလေးလပတ်တွင် Advanced micro Devices (AMD) မှ တင်ပို့ရောင်းချမှာဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ processor ကို PhenomII X6 ဟုခေါ်တွင်ပြီး ၎င်းချစ်ပ်ရဲ့ လုပ်ဆောင်ချက်များကို ဂျာမနီနိုင်ငံ ဟန်နိုဗာမြို့မှာကျင်းပတဲ့ Cebit ကုန်စည်ပြပွဲတွင် ပြသသွားမှာဖြစ်ကြောင်း AMD မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုပါတယ်။ ၎င်း six-core ချစ်ပ်ကို ဂိမ်မာများ၊ ဗီဒီယို ထုတ်လုပ်သူများနဲ့ ကော်ပိုရေးရှင်းအလုပ်သမားများအတွက် အဓိကထားထုတ်လုပ်ထားခြင်းဖြစ်ပြီး 3D Gaming နဲ့ engineering application တွေလို processing power အများအပြားလိုအပ်တဲ့ application တွေအတွက်လည်း ရည်ရွယ်ကာထုတ်လုပ်ထားခြင်းဖြစ်ကြောင်း သိရပါတယ်။ AMD ကထုတ်လုပ်မယ့် six-core ချစ်ပ်ရဲ့ code နာမည်ဟာ Thuban ဖြစ်ပြီး 45-nanometer process ကိုအသုံးပြုထားပါတယ်။ Intel ကထုတ်လုပ်မယ့် six-core ချစ်ပ်ရဲ့ code နာမည်ကတော့ Gulftown ဖြစ်ပြီး 32-nanometerprocess ကို အသုံးပြုထားတယ်လို့ဆိုပါတယ်။ AMD ဟာလက်ရှိမှာ dual-core နဲ့ quad-core Phenom II ချစ်ပ်များကို desktop များအတွက် ထုတ်လုပ်လျက်ရှိပြီး six-core processor များဟာ ပိုမိုဈေးကြီးဖွယ်ရှိကြောင်း In-Stat မှ နည်းပညာအရာရှိချုပ်ဖြစ်သူ McGregor မှသုံးသပ်ပြောကြားခဲ့ပါတယ်။
|