International News
Google ဘာသာပြန်ဆားဗစ်အတွင်း အသံထွက်စနစ်ထည့်သွင်း Print E-mail
Wednesday, 25 November 2009 21:22
Google မှ ၎င်း၏ဘာသာပြန်ပေးသည့်ဆားဗစ်အတွင်း အသံထွက်စနစ်များ ထည့်သွင်းပေါင်းစပ်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ထို့ပြင် လွန်ခဲ့သောရက်အနည်းငယ်အတွင်း ၎င်း၏ဘာသာပြန်ဆားဗစ်အတွင်း ပိုမိုကောင်းမွန် စေရန် မြှင့်တင်လုပ်ဆောင်ခဲ့ကြောင်း သိရှိရပါတယ်။
လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း Google မှ ၎င်း၏ဘာသာပြန်ဆားဗစ်အတွင်း ဘာသာစကားများထပ်မံထည့်သွင်းခဲ့ပေမယ့် အချို့ character စာလုံးများနှင့်ပတ်သက်၍အသုံးပြုရာတွင် အခက်အခဲများရှိကြောင်း ယခုအချိန်မှာတော့ unique character များ ရေးသားအသုံးပြုနိုင်ကြောင်း သိရှိရပါတယ်။ ထို့ကြောင့်ဘာသာပြန်ရာနှင့် အသံထွက်များဖော်ပြရာတွင် ဘာသာစကားအလိုက် အသံထွက်စနစ် Character များနှင့် ရေးသားဖော်ပြမည်ဖြစ်ပြီး အသံထွက်မှန်ကန်စေရန် အထောက်အကူပေးမှာပဲဖြစ်ပါတယ်။ ထို့ပြင် အခြားဘာသာစကားများမှ အင်္ဂလိပ်ဘာသာစကားကိုဘာသာပြန်ရာတွင် Audio Version အသံထွက်စနစ်ကိုအသုံးပြုနိုင်ကြောင်း Google မှရှင်းလင်း ပြေကြားခဲ့ပါတယ်။
 

LATEST NEWS

IJ CARTOON