International News
အီးမေးလ်သုံးစွဲမှု ဆယ်စုနှစ်အတွင်းပျောက်ကွယ်နိုင် Print E-mail
Wednesday, 25 November 2009 21:01
သန်းပေါင်းများစွာသောဆယ်ကျော်သက်လူငယ်များဟာ အီးမေးလ်အစား social networking site နဲ့ instant messaging တို့ကို ပိုမိုအသုံးပြုလာခြင်းကြောင့် ဆယ်စုနှစ်တစ်စုအတွင်း အီးမေးလ်သုံးစွဲမှုပျောက်ကွယ်သွားနိုင်ကြောင်း မကြာခင်ရက်ပိုင်းအတွင်းကပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုမှာ ဖော်ပြချက်အရသိရပါတယ်။
လက်ရှိကမ္ဘာတစ်ဝှမ်းတွင် အီးမေးလ်ကိုနေ့စဉ်သုံးစွဲနေကြပေမယ့် အီးမေးလ်ဟာ အသုံးပြုတဲ့အခါမှာနှေးကွေးခြင်း၊ အဆင်မပြေဖြစ်ခြင်းနှင့်ဖက်ရှင်မကျခြင်း စတဲ့အချက်များကြောင့်အီးမေးလ်သုံးစွဲမှုပျောက်ကွယ်သွားနိုင်ကြောင်း ပညာရှင်များကယုံကြည်လျက်ရှိပါတယ်။
ပရော်ဖက်ဆာ David Zeitlyn ဆိုသူကတော့ အီးမေးလ်သုံးစွဲမှုဖွံ့ဖြိုးတိုးတက်လာသည်မှာ နှစ် ၂၀ ခန့်ကြာမြင့်လာပြီဖြစ်ပေမယ့် Facebook တို့လို social network တွေက မည်သည့်နေရာမှမဆို instant messaging, texting  စတာတွေကို လွယ်ကူလျင်မြန်စွာအသုံးပြုနိုင်ရန်အတွက် ခေတ်သစ်နည်းပညာဖြင့်ပြုလုပ်ထားခြင်းကြောင့် လာမယ့်ဆယ်စုနှစ်အတွင်း ပျောက်ကွယ်သွားတော့မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အဆိုပါစစ်တမ်းကို Kent တက္ကသိုလ်မှမနုဿဗေဒပညာရှင်များက ကောက်ယူခဲ့တာဖြစ်ပြီး အသက်နှစ်ဆယ်အောက်ဗြိတိန်လူမျိုး ၅၁ ရာခိုင်နှုန်းကိုလေ့လာရာမှာ ၎င်းတို့အနေဖြင့် ဆက်သွယ်မှုပြုလုပ်ရာတွင် အီးမေးလ်ဖြင့်သာဆက်သွယ်ကြောင်း သိရပါတယ်။ ဒါပေမဲ့ အသက် ၁၅ မှ ၂၄ နှစ်အရွယ် ဗြိတိန်လူမျိုး ၈၆ ရာခိုင်နှုန်းကတော့ မက်ဆေ့ခ်ျပို့ရာမှာ အီးမေးလ်ဖြင့်ပို့ခြင်းမပြုဘဲ Facebook, Twitter တို့ဖြင့်သာပို့ခြင်းဖြစ်ပြီး ၎င်းတို့ကိုအသုံးပြုခြင်းကြောင့် အချိန်ကုန်သက်သာစေကြောင်းဆိုပါတယ်။ အသက် ၄၅ မှ ၆၄ နှစ်အရွယ် ၉၈ ရာခိုင်နှုန်းကတော့ အီးမေးလ်ကိုသာအသုံးပြုလျက်ရှိပြီး ၂၅ နှစ်မှ ၃၄ နှစ်အရွယ်ရှိ သုံးစွဲသူများကြားမှတော့ အီးမေးလ်ဟာ သိပ်ပြီးလူကြိုက်များတဲ့အရာမဟုတ်တော့ကြောင်း သိရပါတယ်။
 

LATEST NEWS

IJ CARTOON