|
Friday, 20 November 2009 01:24
|
အမေရိကန်နိုင်ငံရှိတက္ကသိုလ်များမှ သုတေသီအဖွဲ့ကိုးဖွဲ့ဟာ Wii ကဲ့သို့ဗီဒီယိုဂိမ်းကစားခြင်းကြောင့် ငယ်ရွယ်စဉ်အ၀လွန်ကဲခြင်းနှင့် မိုဘိုင်းဖုန်းဂိမ်းများကြောင့် ဆေးလိပ်ဖြတ်ခြင်း
ဒါမှမဟုတ် ဆေးရွက်ကြီးသုံးစွဲမှုလျှော့ချစေခြင်း စတဲ့အကျိုးသက်ရောက်မှုများကိုရှာဖွေတွေ့ရှိခဲ့ကြကြောင်းသိရပါတယ်။ အဆိုပါ သုတေသီများဟာဗီဒီယိုဂိမ်းကစားခြင်းကြောင့် လူတွေရဲ့အပြုအမူများပြောင်းလဲလာခြင်း၊ လူနာများ အထီးကျန်မှုခံစားနေရခြင်းမှ တိုးတက်ကောင်းမွန်လာစေခြင်းတို့အတွက် အဓိကပစ်မှတ်ထားလေ့လာခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ California တက္ကသိုလ်မှသုတေသီဖြစ်သူ Debra Lieberman ကတော့ ဒီဂျစ်တယ်ဂိမ်းတွေဟာ လူတွေရဲ့ကျန်းမာရေးနဲ့ဆက်နွယ်တဲ့အပြုအမူများကို ပြောင်းလဲစေနိုင်ကြောင်းပြောကြားခဲ့ပါတယ်။ အ ဆိုပါလေ့လာမှုဟာလူမျိုး၊ ကျန်း မာရေးအခြေအနေ၊ ၀င်ငွေအခြေအနေစသည်ဖြင့် ကွဲပြားခြားနားတဲ့ လူအဖွဲ့အစည်းများတွင် အဓိကထားလေ့လာခဲ့ပြီး မူလတန်းကျောင်းသားအရွယ်ကနေ အသက် ၈၀ အရွယ်အထိ လေ့လာမှုများပြုလုပ်ခဲ့ကြခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဗီဒီယိုဂိမ်းစက်များ၊ ကွန်ပျူတာများ၊ မိုဘိုင်းဖုန်းများစတဲ့ platform အမျိုးမျိုးမှကစားခြင်းကြောင့် ကျန်းမာရေးအတွက်တုံ့ပြန်မှုများကိုလည်း လေ့လာခဲ့ကြကြောင်းသိရပါတယ်။
|