ကျပ်ငါးသိန်းတန်ဖုန်း တစ်နေ့လျှင် လိုင်း ၁,၀၀၀ ချထားပေးနေ Print E-mail
Thursday, 01 July 2010
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကျပ်ငါးသိန်းတန် စီဒီအမ်အေ ၈၀၀ မဂ္ဂါဟတ်ဇ်ဖုန်းများကို ရန်ကုန်မြို့တွင် ၂၄ နာရီအတွင်း ငှားရမ်းသုံးစွဲနိုင်ရန် စီစဉ်ပေးခဲ့ရာ တစ်နေ့လျှင် လိုင်းပေါင်း ၁,၀၀၀ ခန့်ချထားပေးလျက်ရှိကြောင်း ထိုဖုန်း RUIM ကတ်များကို ထုတ်ပေးလျက်ရှိသည့် အီလိုက်တက်ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အဆိုပါဖုန်းများကို ရန်ကုန်မြို့ရှိ သတ်မှတ်ထားသည့် နေရာရှစ်ခုဖြစ်သည့် အလုံ၊ ရွှေဂုံတိုင်၊ ပန်းဆိုးတန်းနှင့် လမ်း ၄၀ အိတ်စ်ချိန်းရုံးများ၊ မင်္ဂလာဒုံ၊ မြောက်ဒဂုံ၊ ဗဟိုစာတိုက်ကြီးနှင့် တက္ကသိုလ်စာတိုက်များတို့တွင် လျှောက်လွှာများကိုလက်ခံပြီး ၂၄ နာရီအတွင်း ဖုန်းငှားရမ်းသုံးစွဲခွင့်ပြုလျက်ရှိသည်။ ဖုန်း RUIM ကတ်များကို မင်္ဂလာဒုံ၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊ ကျောက်တံတား၊ ဗဟန်းမြို့နယ်များရှိ အီလိုက်တက်အရောင်းစင်တာများတွင် ထုတ်ယူနိုင်သည်။ “လက်ရှိမှာတော့ ပန်းဆိုးတန်းနဲ့ ကြည့်မြင်တိုင်က ကတ်ထုတ်ပေးရတာအများဆုံးပဲ။ တစ်ရက်ကို ကတ် ၃၀၀-၄၀၀ လောက်စီထုတ်ပေးနေရတယ်” ဟု ၎င်းကပြောသည်။ ထိုအစီအစဉ်ကို စတင်ဆောင်ရွက်ပေးသည့် ယခုလ ၂၁ ရက် မှ ၂၃ ရက်အထိ ဖုန်းကတ်ပေါင်း ၂,၅၀၀ ကျော်ကိုထုတ်ပေးပြီးဖြစ်ကြောင်း ၎င်းကဆိုသည်။ ထိုဖုန်းလိုင်းများကို ရန်ကုန်မြို့တွင် ၈၀,၀၀၀၊ မန္တလေးမြို့တွင် ၂၀,၀၀၀၊ စုစုပေါင်းတစ်သိန်း ထပ်မံချထားပေးမည်ဖြစ်သည်။

Comments

Search
Only registered users can write comments!

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
 
adobe cs4 buy cheap adobe, buy autodesk softwarecheap software