|
Friday, 05 February 2010 |
|

အော်တိုတယ်လီဖုန်းများဖြစ်သော ကြိုးဖုန်းများကဲ့သို့ အသုံးပြုနိုင်သည့် Wireless Local Loop (CDMA 800 MHz) ဖုန်းများကို ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် အသုံးပြုခွင့်ပေးလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။
၎င်းဖုန်းများသည် Digital ကြိုးဖုန်းများနေရာတွင် အစားထိုးနိုင်ရန်အတွက် ကြိုးသွယ်တန်းရန်ခက်ခဲသည့်နေရာများအတွက် အဓိကဖြည့်ဆည်းနိုင်ရန် ၎င်းဖုန်းများကိုချထားပေးခြင်းဖြစ်ပြီး လူတိုင်းသုံးစွဲနိုင်ရန် ရည်ရွယ်ချက်ဖြင့် ချထားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ Wireless Local Loop ဖုန်းများသည် CDMA 2000 IX (800 MHz) ကွန်ယက်သုံးစွဲထားပြီး မြို့ပြတယ်လီဖုန်းစနစ်ကွန်ယက်အတွက် သင့်တော်သော ဖုန်းကွန်ယက်ဖြစ်သဖြင့် လိုင်းအားကောင်းမွန်ကြောင်း သိရသည်။ ရန်ကုန်မြို့၏ မြို့နယ် ၃၁ မြို့နယ်တို့တွင် အသုံးပြုနိုင်ပြီး မန္တလေးမြို့၏မြို့နယ်များတွင်လည်း အသုံးပြုနိုင်မည်ဖြစ်ကြောင်းသိရသည်။ CDMA (800 MHz) WLL တယ်လီဖုန်းများ၏ အားသာချက်များမှာ စာရွက်စာတမ်းအရှုပ်အရှင်းမရှိခြင်း၊ နှစ်စဉ်ကြေးပေးစရာမလိုခြင်း၊ တယ်လီဖုန်းခသွားဆောင်စရာမလိုခြင်း၊ SMS စနစ်ဖြင့် ငွေလက်ကျန်ကိုစစ်ဆေးနိုင်ခြင်း စသည့်အချက်များသည် အော်တိုတယ်လီ ဖုန်းကြိုးများထက် အားသာချက်များဖြစ်သည်။ ၎င်းဖုန်းများကို ကတ်စနစ်ဖြင့်အသုံးပြုရမည်ဖြစ်ပြီ ၎င်းကြိုတင်ငွေဖြည့်စနစ်ဖြစ်သော (Prepaid Top-up Card) စနစ်ဖြင့် အသုံးပြုထားခြင်းဖြစ်သည်။ ဖုန်းကတ်တစ်ကတ်၏ ဖုန်းနံပါတ်များသည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ချထားပေးလိုက်သည်နှင့် အပတ်စဉ်၎င်းဖုန်းနံပါတ်လစဉ်ထဲကိုသာ အသုံးပြုသွားရမည်ဖြစ်ပြီး တယ်လီဖုန်းခများကိုသာ Top-up စနစ်ဖြင့် ဖြည့်သွားနိုင်မည်ဖြစ်သည်။ ငွေဖြည့်တင်းရာတွင် ကြိုတင်ငွေဖြည့်ကတ်များကိုကျပ် ၁၀,၀၀၀ ကျပ် ၃၀,၀၀၀ ကျပ်တန်ဟူ၍ထုတ်ထားပြီး မြန်မာကျပ်ငွေနှင့်ရောင်းချသော Top-up Card သည် ပြည်တွင်းတွင်ခေါ်ဆိုခြင်းဖြစ်သည်။ FEC 20 တန်နှင့် FEC 50 တန်တို့သည် ပြည်ပခေါ်ဆိုမှုများအတွက် အသုံးပြုနိုင်မည်ဖြစ်သည်။ ငွေဖြည့်တင်းကတ်များသုံးစွဲရာတွင် ကတ်ဝယ်ယူပြီးပါက သုံးလသာလက်ထဲတွင် ကိုင်ထားခွင့်ရှိပြီး ခဲခြစ်၍ ဖုန်းတွင်းဖြည့်တင်းလိုက်သောအခါတွင် ဖြည့်ထားသော ဖုန်းခမကုန်မချင်း ရာသက်ပန် အသုံးပြုသွားနိုင်မည်ဖြစ်သည်။ ဖုန်းခကိုဘယ်၍ဘယ်မျှ CDMA 800 MHz WLL တယ်လီဖုန်းများကို လျှောက်ထားရာတွင် လျှောက်လွှာများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ လိပ်မူ၍ ၎င်းရုံးသို့တိုက်ရိုက်လာတင်ခြင်းဖြင့် လျှောက်ထားနိုင်ပြိး မည်သူမဆို အသုံးပြုခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယခုအခါတွင် ရန်ကုန်နှင့် မန္တလေးမြို့များ၌ တစ်လအတွင်း အလုံးငါးထောင်ကျော်ချထား ပေးပြီးဖြစ်၍ တိုင်းဒေသများမှ လျှောက်ထားသူများကို ဦးစားပေးချထားပေးလျက်ရှိပြီး စာတိုက်မှတဆင့် ရုံးသို့လိပ်မူလျှောက်ထားသူများကို ချထားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ “CDMA (800MHz) WLL“ ဖုန်းတွေကို Demand ပေါ်မူတည်ပြီး ချထားပေးဖို့ရှိပါတယ်။ အရင်က တစ်သိန်းကျော်လောက်ချမယ်လို့ သတင်းထွက်ခဲ့ပေမယ့် နောက်ပိုင်းမှာ သုံးသိန်း၊ ငါးသိန်းလောက်အထိ ချထားပေးနိုင်သလို လိုအပ်ရင်လိုအပ်သလို ချသွားပေးဖို့ အစီအစဉ်ရှိနေပါတယ်” ဟု ဦးဉာဏ်ဝင်း Debuty General Manager မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ရှင်းပြသည်။ CDMA (800 MHz) WLL ဖုန်းများသည် နံပါတ်ရှစ်လုံးရှိပြီး ရန်ကုန်မြို့တွင် ၀၁၇၃.....နှင့်စသော ဖုန်းနံပါတ်များကို ချပေးနေပြီး မန္တလေးမြို့များအတွက်မှာ ၀၂၉၁ ဖြင့်စသော ဖုန်းနံပါတ်များဖြင့် ချထားပေးနေကြောင်း သိရသည်။
|