မော်ဒယ်လ်မြင့်စမတ်ဖုန်းများ ဘက်ထရီစွမ်းဆောင်းရည်ကုန်ဆုံးမှု မြန်ဆန်နိုင် Print E-mail
Thursday, 02 July 2009
မိုဘိုင်းဖုန်းအမြင့်ပိုင်းဖုန်းများတွင် ဘက်ထရီစွမ်းရည်ကုန်ဆုံးမှု လျင်မြန်လျက်ရှိကြောင်း သုံးစွဲသူများ၏ပြောပြချက်များအရ သိရှိရသည်။ ထိုသို့ဖြစ်ခြင်းမှာဘက်ထရီ မကောင်းမွန်မှုကြောင့်မဟုတ်ဘဲ ဖုန်းထဲတွင်ရှိသောစနစ်များမှ စွမ်းအင်သုံးစွဲမှုများခြင်းကြောင့်ဖြစ်ကြောင်း သိရှိရသည်။ ဖုန်းတွင် ဘက်ထရီသက်တမ်းများကို တကယ့်တကယ်အသုံးပြုမည်ဆိုပါက ဆယ့်ငါးနာရီခန့်အသုံးပြုနိုင်မှာဖြစ်ကြောင်း သိရသည်။ ထိုထက်ပိုမိုပြီး အသုံးပြုလိုသူများသည် ဖုန်းအတွင်း မလိုအပ်သောစနစ်များကို ပိတ်ထားမည်ဆိုပါက နာရီပေါင်းများစွာ ပိုမိုအသုံးပြုနိုင်မှာဖြစ်ကြောင်းသိရသည်။
“ မိုဘိုင်းဖုန်းအမြင့်ပိုင်းဖုန်းတွေမှာ အဖြစ်များပါတယ်။ GPS စနစ်တွေပါတဲ့ဖုန်းတွေ၊ wifi စနစ်ပါဝင်တဲ့ဖုန်းတွေ၊ bluetooth စနစ်များအသုံးပြုနေစဉ်တွင်၊ GPRS စနစ်များအသုံးပြုနေသောအချိန်တွင် ဘက်ထရီစွမ်းအားကိုယူပြီး ပို မိုအလုပ်လုပ်နေသောကြောင့် ထိုစနစ်များသုံးထားချိန်တွင် ဘက်ထရီသက်တမ်းခံနိုင်ရည်မှာ ကျသွားမှာဖြစ်ပါတယ်။ နောက်ပြီး လိုင်းအားမမိနိုင်သောနေရာများ လိုင်းအားကိုမကြာခဏတက်လိုက်ကျလိုက် ဖြစ်နေစဉ်အခါတွေမှာသုံးရင် နောက် display light time ကို အကြာကြီးပေးထားခြင်း display light ကိုအလင်းဆုံးမြင့်ထားမယ်ဆိုရင် ဘက်ထရီမြန်မြန်ကုန်သွားနိုင်ပါတယ် ” ဟု မိုဘိုင်းဆားဗစ်ပညာရှင်တစ်ဦးမှရှင်းပြသည်။
ယခင် smart phone များတွင် စနစ်များပါဝင်မှုမှာ နည်းပါးသောကြောင့် အသုံးပြုသည့်စနစ်များမှာ လိုအပ်သောစနစ်များဖြစ်ခြင်းကြောင့် ဘက်ထရီအသုံးမှာမျှတမှုရှိသော်လည်း နောက်ပိုင်းထွက်လာသောဖုန်းများတွင် စနစ်များမှာ ပိုမိုပါဝင်လာခြင်းကြောင့် ဘက်ထရီသုံးစွဲမှုပိုမိုများပြားလာခြင်းဖြစ်ကြောင်း သိရသည်။ သုံးစွဲသူများအနေဖြင့် အသုံးမလိုသည့်စနစ်များအားလုံးကို လိုအပ်သည့်အခါမှသာဖွင့်၍ အခြားအသုံးမလိုသည့်အချိန်တွင် စနစ်များကို ပိတ်ထားခြင်းဖြင့် ဘက်ထရီသက်တမ်းကြာကြာခံအောင် ပြုလုပ်နိုင်မည်ဖြစ်ကြောင်းသိရှိရသည်။

Comments

Search
Only registered users can write comments!

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
 
adobe cs4 buy cheap adobe, buy autodesk softwarecheap software