မြန်မာ့ပထမဆုံး e-Medication ၀န်ဆောင်မှု စတင်တော့မည် Print E-mail
Monday, 05 April 2010

Medical Help Line မှာ Call Center ၀န်ဆောင်မှုတွင် Medical ပေါင်းထားသော Medical Call Center ၀န်ဆောင်မှုဖြစ်ကြောင်း သိရသည်။

“ဒီဝန်ဆောင်မှုက မြန်မာနိုင်ငံမှာ ပထမဆုံးလို့ ပြောလို့ရပါတယ်။ မြန်မာနိုင်ငံအတွင်းမှာရှိနေတဲ့ လူတွေအနေနဲ့ ပြည်တွင်းပြည်ပက ဆေးပညာနဲ့ ပတ်သက်တဲ့အချက်အလက်တွေကို အမြို့မြို့အနယ်နယ်ကနေ ၂၄ နာရီမေးနိုင်အောင် လုပ် တာဖြစ်ပါတယ်။ အဓိကက မြို့ပေါ်ကလူတွေလို နယ်ကလူတွေပါ Quality Service ပေးနိုင်အောင် လုပ်တာဖြစ်ပါတယ်။ Quality Service ကိုပေးနိုင်သလို မြို့ကြီးတွေကိုသွားလာရတဲ့ စရိတ်တွေနဲ့ အ ချိန်ကုန်မှုတွေကို သက်သာစေပါတယ်” ဟု Medical Help Line ၀န်ဆောင်မှုမိတ်ဆက်သည့် အခမ်း
အနားတွင် ပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်သော Blue Ocean Operating Management Co.,Ltd မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ Medical Help Line ၀န်ဆောင်မှုကို အသုံးပြုသူများအနေဖြင့် Prepaid Card စနစ်ဖြင့် အသုံးပြုရမည်ဖြစ်သည်။ အသုံးပြုသူအနေဖြင့် မိမိကိုယ်ပိုင်ဖုန်းမှတဆင့်ဖြစ်စေ၊ P.C.O ဖုန်းများမှတဆင့်ဖြစ်စေ Medical Help Line ကို ခေါ်ဆိုရ မည်ဖြစ်သည်။ ထိုသို့ခေါ်ဆိုရာတွင် ပြည်တွင်းသို့ဖြစ်စေ၊ ပြည်ပသို့ဖြစ်စေ ဖုန်းခေါ်ဆိုမှုများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှချမှတ်ထားသော ဖုန်းခအတိုင်း အသုံးပြုသူမှ ပေးဆောင်ရမည်ဖြစ်သည်။ Medical Help Line ၀န်ဆောင်မှုကို စတင်အသုံးပြုမှသာလျှင် ၀န်ဆောင်မှုအသုံးပြုခနှင့် ဆေးပညာနှင့်ပတ်သက်သော တွေ့ဆုံမေးမြန်းမှုများကို Prepaid Card မှ ဖြတ်တောက်သွားမည် ဖြစ်သည်။ Medical Help Line ၀န်ဆောင်မှု အသုံးပြုသည့်အခါတွင် ပထမဆုံးအနေဖြင့် ၀န်ဆောင်မှုဖုန်းနံပါတ်ကို စတင်နှိပ်ရမည်ဖြစ်သည်။ ထို့နောက် ၀န်ဆောင်မှုမှ အသုံးပြုပုံအဆင့်ဆင့်ကို အသံဖြင့် တစ်ဆင့်ခြင်းညွှန်ကြားသည့်အတိုင်း အသုံးပြုသူမှ အဆင့်လိုက် လိုက်လံလုပ်ဆောင်ရမည်ဖြစ်သည်။ အဆိုပါ Prepaid Card များကို တစ်သောင်းငါးထောင်ကျပ်၊ သုံးသောင်းကျပ်ကတ် စသည်ဖြင့် ရောင်းချရန်စီစဉ်ထားပြီး ကတ်အသုံးပြုရင်း Expired ဖြစ်သွားခြင်းမျိုးမရှိကြောင်း သိရသည်။ Medical Help Line ၀န်ဆောင်မှုကို သုံးခြင်းအားဖြင့် ဥပမာ အိမ်တွင် တစ်ယောက်တည်းနေထိုင်သည့် အချိန်အခါမျိုးတွင် ရောဂါဖြစ်လာသောအခါ ဆရာဝန်ထံသို့ အဆိုပါဆားဗစ်မှတဆင့်မေး၍ ဆရာဝန်ညွှန်ကြားချက်များကိုလိုက်နာ၍ လူနာရှင်ကိုယ်တိုင် ဖုန်းမှတဆင့် ဆေးကုသမှုကို ရယူနိုင်မည်ဖြစ်သည်။ အဆိုပါဆားဗစ်မှာ ကျန်းမာရေးအတွက်သာမကပဲ အခြားသော ဆေးပညာရပ်ဆိုင်ရာ ကဏ္ဍအသီးသီးကိုပါ မေးမြန်းနိုင်မည်ဖြစ်သည်။  လက်ရှိအချိန်တွင် လုပ်ကိုင်ဆောင်ရွက်မည့် Medical Help Line ၀န်ဆောင်မှုအတွက် အကျိုးတူ ပူးပေါင်းဆောင်ရွက်မည့် ဆရာဝန်များနှင့် ဆေးရုံကြီးများကိုလည်း ကုမ္ပဏီမှဖိတ်ခေါ်ထားသလို နောက်ပိုင်းကာလများတွင်ပြုလုပ်မည့် ၀န်ဆောင်မှုများအတွက်ကိုပါ ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း သိရသည်။ BlueOcean Operating Management Co.,Ltd နှင့် iTopia တို့ပေါင်း၍ Medical Help Line ဆေးပညာနှင့်ပတ်သက်၍ ၀န်ဆောင်မှုများအပြင် Legal (ဥပဒေ၊ အခွန်နှင့်ပတ်သက်သည့်အကြောင်း)၊ Astrology (ဗေဒင်အကြောင်း)၊ Agricultural (စိုက်ပျိုးရေး)၊ Public Transport နှင့် အခြားသောဆားဗစ်များကိုပါ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ Medical Help Line ဆားဗစ်ကို ပြည်ပနိုင်ငံအချို့တွင်အသုံးပြုရာ၌ သိသာသောအကျိုးကျေးဇူးများကို ရရှိကြောင်းထပ်မံသိရှိရသည်။
-အောင်သူ

 

Comments

Search
Only registered users can write comments!

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
 

Website Guide

Website Guide
adobe cs4 buy cheap adobe, buy autodesk softwarecheap software