EC-Council စာမေးပွဲ ပြည်တွင်း၌ဖြေဆိုနိုင်တော့မည် Print E-mail
Thursday, 02 July 2009
EC-Council မှစစ်ဆေးသည့် အိုင်တီနည်းပညာဆိုင်ရာစာမေးပွဲများ မကြာမီတွင် ပြည်တွင်း၌ဖြေဆိုနိုင်တော့မည်ဖြစ်ကြောင်း အွန်လိုင်းစာဖြေဌာနတစ်ခုမှသိရှိရသည်။
“အိုင်တီပညာရှင်များအကြား ဖြေဆိုခွင့်ရရှိရန် အားခဲထားတဲ့ နာမည်ကြီး Certified Ethical Hacker (CEH) အပါအ၀င် EC-Council မှစစ်ဆေးပေးတဲ့ စာမေးပွဲ (၄) မျိုးကို ဇူလိုင်လမှ စတင်ဖြေဆိုနိုင်တော့မှာဖြစ်ပါတယ်။ EC0-232 : E-commerce Architect, EC0-349:Computer Hacking Forensic Investigator, EC0-350 Ethicial Hacking and Counter measures V6 တို့ကိုဖြေဆိုနိုင်တော့မှာဖြစ်ပါတယ်။ CEH စာမေးပွဲ ၃၅၀ ဖြေဆိုနိုင်ရန်အတွက် စာမေးပွဲဖြေဆိုမည့် ကွန်ပျူတာပညာရှင်ကိုယ်တိုင် လျှောက်လွှာဖြည့်ပြီး EC-Council သို့ Fax ဖြင့် တိုက်ရိုက်ပေးပို့လျှောက်ထားရမှာဖြစ်ပါတယ်။ လျှောက်ထားပြီးလို့ EC-Council ကနေဖြေဆိုခွင့်ပြုကြောင်း Voucher  နံပါတ်နှင့်တကွ ပြန်လည်ပေးပို့တာကိုလက်ခံရရှိမှသာ စာမေးပွဲကိုဝင်ရောက်ဖြေဆိုနိုင်မှာဖြစ်ပါတယ်” ဟု အွန်လိုင်းစာမေးပွဲများကို စစ်ဆေးပေးလျက်ရှိသော Myanmar Inspirations မှတာဝန်ရှိသူတစ်ဦးက အင်တာနက်ဂျာ နယ်သို့ပြောသည်။
လျှောက်လွှာကို http://www. eccouncil.org/CEH%20 Exam%20ECO-350%20 Application%20form.pdf တွင် အခမဲ့ရယူနိုင်ကြောင်းသိရသည်။ CHE နှင့် Computer Hacking Forensic Investigator အတွက် စာမေးပွဲကြေး USD 250 ကုန်ကျမည်ဖြစ်ပြီး E-commerce Architect အတွက်စာမေးပွဲကြေး USD 125 ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။ EC-Council စာမေးပွဲများတွင် မေးခွန်းပေါင်း (၁၅၀) ပါဝင်ပြီး ၇၀% နှင့်အထက် မှန်ကန် အောင်ဖြေဆိုနိုင်မှသာ အောင်မြင်ပြီး EC-Council မှထုတ်ပေးသော နိုင်ငံတကာအောင်လက်မှတ်ကို ရရှိမည်ဖြစ်ကြောင်းသိရှိရသည်။ စာမေးပွဲဖြေဆိုလိုသူများအနေဖြင့် ရန်ကုန်နှင့် မန္တလေးရှိ Myanmar Inspirations  အွန်လိုင်းစာမေးပွဲစင်တာများတွင် ဖြေဆိုနိုင်ကြောင်းသိရသည်။

Comments

Search
Only registered users can write comments!

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
 

Website Guide

Website Guide
adobe cs4 buy cheap adobe, buy autodesk softwarecheap software