CTP နည်းပညာနှင့်ပတ်သက်၍ STAR EMPIRE မှ မန်နေဂျင်းဒါရိုက်တာ ဦးသူရိန်ထွန်းနှင့် တွေ့ဆုံမေးမြန်းခြင်း Print E-mail
Thursday, 30 October 2008

ကွန်ပျူတာမှ ပုံနှိပ်ပလိတ်ပြားပေါ်သို့ တိုက်ရိုက်ပုံကူးသည့်စနစ် Computer to Plate(CTP) နည်းပညာနှင့်ပတ်သက်၍ STAR EMPIRE မှ မန်နေဂျင်းဒါရိုက်တာ ဦးသူရိန်ထွန်းနှင့် အခုလို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
CTP နည်းပညာဆိုတာ ဘာပါလဲ။ CTP ရဲ့ အဓိပ္ပာယ် အပြည့်အစုံကို သိပါရစေ။
CTP ဆိုတာက ကွန်ပျူတာပေါ်မှာ ရေးဆွဲထားတဲ့ဒီဇိုင်းတွေကို စက္ကူပေါ်အမြောက်အမြား ပုံနှိပ်မယ်ဆိုရင် ပုံနှိပ်ပလိတ်ပြားပေါ်ကို ကွန်ပျူတာကနေ တိုက်ရိုက်ပုံကူးတဲ့စနစ်ကို ခေါ်တာပါ။ Computer to Plate ကို ဆိုလိုတာပါ။ အဲဒီပလိတ်ပြားကိုမှ ပုံမှန်ရိုက်နေကျ ပုံနှိပ်စက်မှာတပ်ပြီးရိုက်ရပါတယ်။
CTP နည်းပညာ ဘယ်အချိန်က စတင်ပေါ်ပေါက်ခဲ့ပါသလဲ။
CTP နည်းပညာပေါ်နေတာကတော့ ဆယ်နှစ်လောက်ရှိပါပြီ။ ဒါပေမယ့် နည်းပညာ မတည်ငြိမ်သေးတာရယ်၊ စက်တန်ဖိုးနဲ့ ပလိတ်ပြား ဈေးနှုန်းကလည်း အလွန်ကြီးနေတာရယ်ကြောင့် ယခု CTP နည်းပညာမြင့်လာတဲ့အချိန်မှပဲ စတင်လုပ်ဖြစ်ခဲ့ပါတယ်။
CTP နည်းပညာအကြောင်း ရှင်းပြပေးပါ။
ယခင်က ပုံနှိပ်မယ်ဆိုရင် ကွန်ပျူတာမှာ ဒီဇိုင်းအရင်ဆွဲရပါတယ်။ ဒီဇိုင်းဆွဲပြီးရင် ကွန်ပျူတာကနေ ကာလာခွဲစက်နဲ့ ဖလင်ပေါ်ကို ပုံရိပ်ကို ကူးယူရပါတယ်။ အဲဒီဖလင်ပေါ်က ပုံရိပ်ကိုမှ ပလိတ်ပြားပေါ်မှာ သေသေချာချာနေရာချပြီး မီးထိုးပြီးတော့ ပလိတ်ပြားပေါ်ကို ပုံကူးယူရ ပါတယ်။ အဲဒီပလိတ်ပြားပေါ်က ပုံရိပ်ကို ပုံနှိပ်စက်ကတစ်ဆင့် စက္ကူပေါ်ကို ပုံနှိပ်လိုက်တဲ့အခါ လိုချင်တဲ့အရောင်အားလုံး စက္ကူပေါ်မှာ ပေါ်လာပါတယ်။ ယခု CTP စနစ်ကို အသုံးပြုမယ်ဆိုရင် ကွန်ပျူတာမှာ ရေးဆွဲထားတဲ့ဒီဇိုင်းကို ဖလင်တစ်ဆင့်ခံ ကာလာခွဲရန် မလိုတော့ဘဲ ကွန်ပျူတာမှ ပလိတ်ပြားပေါ်ကို တိုက်ရိုက်ပုံကူးပြီး ပုံနှိပ်နိုင်ပါတယ်။

CTP နည်းပညာရဲ့ အကျိုးကျေးဇူးတွေကို သိပါရစေ။
ယခင် သမားရိုးကျလုပ်ခဲ့တဲ့ စနစ်မှာတုန်းက ဒီဇိုင်းကို ဖလင်ပေါ်ကူးယူတဲ့အချိန်မှာ ဖလင်စက်မှာ တစ်ဆင့် အရည်အသွေး လျော့ကျသွား ပါတယ်။ အဲဒီ ဖလင်ရလာတော့လည်း ပလိတ်ကူးဖို့ ဖလင်ကို ပလိတ်ပြားပေါ် နေရာချတဲ့အချိန်မှာ လုပ်ကိုင်တဲ့လူရဲ့ ကျွမ်းကျင်မှု၊ စိတ် ရှည်မှုနဲ့ စနစ်ကျမှုအပေါ်မှာ အရမ်းကို မှီခိုရပါတယ်။ ပြီးတော့ ဖလင်ပေါ်ကနေ ပလိတ်ပြားပေါ်ကို မီးထိုးပြီး ပုံကူးတဲ့အခါမှာလည်း အသုံးပြုတဲ့မီးလုံးရဲ့ အရည်အသွေးနဲ့ မီးပြင်းအား၊ ကူးယူရမယ့်အချိန်တွေ တိကျမှသာ ဖလင်ပေါ်ကပုံရိပ်အတိုင်း အနီးစပ်ဆုံး ပလိတ်ပြား ပေါ်ကို ပုံကူးနိုင်မှာပါ။ ဒီအဆင့်မှာလည်း အရည်အသွေးကတစ်ဆင့် ထပ်ကျနိုင်ပါတယ်။ ယခု CTP စနစ်မှာတော့ ကွန်ပျူတာကနေ ပလိတ်ပြားပေါ်ကို တိုက်ရိုက်ပုံကူးတာဖြစ်တဲ့အတွက် Film Media တစ်ဆင့်ခံလို့ အရည်အသွေး လျော့ကျသွားခြင်းမရှိတော့တဲ့အတွက် ပုံနှိပ်အရည်အသွေး အလွန်ကောင်းမွန်လာပါတယ်။ အဆင့်တွေအများကြီး မလိုတော့တဲ့အတွက် အချိန်လုရတဲ့လုပ်ငန်းတွေအတွက် အလွန် အဆင်ပြေပါတယ်။ ပုံနှိပ်တဲ့အခါမှာလည်း ပြာနီဝါနက်လေးရောင်ချိန်တဲ့အခါ ပြင်ဆင်ပြင်ရတာ မြန်ဆန်ပြီး အရောင်ချိန်ဖို့လိုအပ်တဲ့ စက္ကူ အလေအလွင့်လည်း နည်းပါးသွားပါတယ်။
အစ်ကိုတို့အနေနဲ့ CTP နည်းပညာနဲ့ ဘယ်လို ၀န်ဆောင်မှုမျိုးတွေ ပေးနေပါသလဲ။
ကျွန်တော်တို့အနေနဲ့ ပုံနှိပ် တိုက်တွေအားလုံးကို သူတို့ အသုံးပြုတဲ့ပုံနှိပ်စက်အမျိုးအစားအလိုက် ပလိတ်ပြားထုတ်ပေးတဲ့ ၀န်ဆောင်မှုကို ပိတ်ရက်မရှိ (၂၄) နာရီ လုပ်ကိုင်ပေးနေပါတယ်။
CTP နည်းပညာကို မြန်မာနိုင်ငံအတွင်း လက်ခံယုံကြည် အသုံးပြုမှုဘယ်လောက် မျှော်မှန်းထားပါသလဲ။
ဒီနည်းပညာက အမှန်တ ကယ် အဆင့်မြင့်ကောင်းမွန်ပြီး နိုင်ငံတကာမှာ အားလုံးပြောင်းလဲ သုံးစွဲနေပြီဖြစ်တဲ့အတွက် ကျွန်တော်တို့နိုင်ငံ မှာလည်း အချိန်တိုအတွင်း ပြောင်းလဲလာမှာ သေချာပါတယ်။ ပလိတ်ကိုပဲ အဓိကထား သုံးစွဲလာကြတဲ့အတွက် ဖလင်ထုတ်လုပ်တဲ့ကုမ္ပဏီ တွေကလည်း ဖလင်ကို ထပ်မံပြီး အများကြီး မထုတ်လုပ်တော့အတွက် Digital Camera က ဖလင်နေရာမှာ အစားထိုးဝင်လာသလိုပဲ ဖလင်စနစ် လျော့နည်းပျောက်ကွယ်သွားပြီး CTP က အစားထိုးသွားမှာ ကျိန်းသေပါတယ်။ ပုံနှိပ်အလုပ် အပ်နှံသူတွေကလည်း CTP စနစ်နဲ့ ပုံနှိပ်ပေးဖို့ ပုံနှိပ်တိုက်တွေကို တောင်းဆိုလာကြမှာ အမှန်ပါပဲ။ ဒါမှလည်း သူတို့ရဲ့ ကြော်ငြာတွေ၊ တံဆိပ်တွေ၊ ထုပ်ပိုးပစ္စည်းတွေရဲ့ အရည်အသွေးတွေဟာ အကောင်းဆုံးကို ရရှိလာနိုင်မှာပါ။
CTP နည်းပညာအသုံးပြုသူ တွေကို အစ်ကို့အနေနဲ့ ဘာများ ပြောကြားချင်ပါသေးလဲ။
အခုအချိန်က လုပ်နေကျစနစ်တစ်ခုကို ပြောင်းလဲသုံးစွဲရမှာဖြစ်တဲ့အတွက် အချို့ကလည်း အဆင် မပြေမှာ စိုးရိမ်နေကြတာရော၊ အရည် အသွေးပိုကောင်းလာတယ်ဆိုတာကို မယုံကြည်နိုင်သေးတာတွေရော ရှိနေဦးမှာပါ။ ဒါပေမယ့် အလုပ်တစ်ခုလောက်ကို စမ်းသပ်ပြီး သုံးကြည့်လိုက်ပါ။ တကယ့် အားသာချက်တွေ အများကြီးရှိတယ်ဆိုတာ လက်တွေ့သိလာပြီး CTP ပဲ သုံးတော့မယ်ဆိုတာ ဖြစ်လာပါ လိမ့်မယ်။

Comments

Search
သူက ထောက်ပြရာတွင် ၁၉၈၈
ပြည်လုံးကျွတ်
အရေးတော်ပုံကာလက
ဆန္ဒပြသူပေါင်း ၃,၀၀၀ ကျော်
သတ်ဖြတ်ခံခဲ့ရ သော်လည်း ၂၀၀၇
ခုနှစ်၊ ချေမှုန်းမှုတွင်
သေဆုံးသူ အရေအတွက်က လွန်စွာ
လျှော့နည်းခဲ့ပါသ်။ တရားဝင်
ကိန်းဂဏန်း ဖော်ပြချက်များအရ
၃၁ ဦးသာ ရှိသည်ဟု
ဖော်ပြခဲ့ကြသည်။
"
;အင်တာနက်ကြောင့်
စစ်အစိုးရအနေနဲ့ သူတို့ကို
စောင့်ကြည့်မှုတွေ
ပိုရှိနေပြီလို့
ခံစာ...
"အင်တာနက်ကြောင့်
စစ်အစိုးရအနေနဲ့ သူတို့ကို
စောင့်ကြည့်မှုတွေ
ပိုရှိနေပြီလို့
ခံစားလာရစေတာကတော
ဝမ်းမြောက် စရာပါ။
ဒါကြောင့်လည်း သူတို့
အင်အားသုံးဖို့က္စိတွေမှာ
ပိုလို့ ထိန်းသိမ်းရတာတွေ
ဖြစ်လာစေပါလိမ့်မ်"
ချောင်ဒရီက ပြောပါသည်။
What is CTP Stands for?
CTP = Country Towards Prostitution
ဒါထက်မက ရေးသားဖေါ်ပြနိုင် င်
ပိုကောင်းမှာပါ
မျော်လင်.လျှက်
ကျေးဇှူးတင်ပါတယ်။
ဒါထက်မက ရေးသားဖေါ်ပြနိုင် င်
ပိုကောင်းမှာပါ
မျော်လင်.လျှက်
ကျေးဇှူးတင်ပါတယ်။
ဒါထက်မက ရေးသားဖေါ်ပြနိုင် င်
ပိုကောင်းမှာပါ
မျော်လင်.လျှက်
ကျေးဇှူးတင်ပါတယ်။
Very Good
Only registered users can write comments!

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
 
adobe cs4 buy cheap adobe, buy autodesk softwarecheap software