3D Studio Max Software နှင့်ပတ်သက်၍ ကိုသူရသိန်းတင်နှင့် တွေ့ဆုံမေးမြန်းခြင်: Print E-mail
Tuesday, 30 September 2008

3D Studio Max Software နှင့်ပတ်သက်၍ Software အသုံးပြုရာတွင်တွေ့ကြုံရသော အခက်အခဲနှင့် လေ့လာဆည်းပူး ခဲ့ပုံများကိုအင်တာနက်ဂျာနယ်စာဖတ်ပရိသတ်များ သိရှိစေရန်အတွက် VERTEX 3DSmax training Centre and animation Studio မှတာဝန်ရှိသူ ကိုသူရသိန်းတင်နှင့်တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါတယ်။

အကိုရဲ့ လက်ရှိလုပ်ကိုင်နေတဲ့ လုပ်ငန်းစဉ်လေးတွေကို အရင် ရှင်းပြ မိတ်ဆက်ပေးစေချင်ပါတယ်။                             

အစ်ကိုက 3Danimationတွေကို အဓိက ရည်ရွယ်ပြီးလုပ်တာပါ။ လုပ်တာကနည်းနည်းလည်း ကြာပြီဆိုတော့ကိုယ်သိတာတွေ တခြားသူ တွေရအောင်ဆိုပြီး သင်တန်းတွေလည်း ဖွင့်ထားတာပါ။ အဓိက အားသာတာကတော့ Video ပိုင်းနဲ့ပတ်သတ်ပြီး animation လုပ်တာပေါ့။

3D Studio Max Software ကိုအသုံးပြုတဲ့အခါ ဘယ်လို အခက်အခဲတွေ ကြုံခဲ့ရပါသလဲ။

စလုပ်တာကလွန်ခဲ့တဲ့၁၀နှစ် လောက်ကလုပ်ဖြစ်ခဲ့တာပါ။ ပထမဆုံးစတွေ့ခဲ့ရတဲ့ အခက်အခဲက ကွန်ပျူတာ ကနေပြီး အခက်အခဲရှိခဲ.တာ ပေါ့။ 3D Software ကမြင့်တော့ မလုပ်တတ်ခင်တုန်းက ကွန်ပျူတာနိမ့်လို့ ဘဲလုပ်လို့ မရတာလားဆိုပြီး ထင်ခဲ့ပါတယ်။ နောက်ပိုင်းအတွေ့ အကြုံ ရင့်လာတော့ ကွန်ပျူတာနိမ့်လည်း လုပ်လို့ရတယ်ဆိုတာကို တွေ့လာတယ်။ အသုံးပြုတဲ့သူနဲ့လည်း ဆိုင်တယ်။ PIII လို ကွန်ပျူတာနဲ. လုပ်လည်း အဆင်ပြေပါတယ်။ ကျွန်တော်စလုပ်တုံးက သင်တန်းတွေလည်း မရှိဘူး မေးရမဲ့လူလည်း မရှိဘူး။ တစ်ခါတလေ အခက်အခဲက ၂လ၊ ၃လလောက် စဉ်းစားပြီးမှကိုယ်လိုချင်တဲ့ Result လေးကိုရတာပါ။

3D ဆော့ဖ်ဝဲကတစ်မျိုးဘဲရှိတာပါလား။တခြားဆော့ဖ်ဝဲတွေရောရှိပါသလား။  

3Dဆော့ဖ်ဝဲက ကျွန်တော်သိသလောက်ပြောရရင်ကြီးကြီးကျယ်ကျယ်လုပ်လို့ရတာ (ဥပမာဟောလီးဝုဒ်ကလိုပေါ့) 3D software က(၂) ခုရှိတယ်။ 3D studio Max ရယ် Mayar ရယ်ဆိုပြီးတော့ ကျန်တဲ့ software တွေက တော့ အများကြီးရှိတယ်။ ကျွန်တော့အထင်ကတော့ 3D Studio Max ရယ် Mayar ရယ်ကတော့ တော်တော်လေးပြည့်စုံတယ်။ ကျန်တဲ့ software တွေကတော့ ဒီဆော့ဖ်ဝဲတွေကိုမမှီဘူးထင်ပါ တယ်။ ကျွန်တော့အထင်ပြောတာပါ။                                           

3Dဆော့ဖ်ဝဲကိုလေ့လာမယ်ဆိုရင်အချိန်ဘယ်လောက်ပေးရပါမလဲ။     

ကျွန်တော်ပြောပြခဲ့တဲ့ အခက်အခဲတွေလိုပေါ့။ ကျွန်တော်Animation တွေဆွဲလာတာ ၁၀နှစ်လောက်ရှိပါပြီ။ အရုပ်ကောင်းကောင်းဆွဲ တတ်ဖို့ကို ငါးနှစ်လောက်နေတော့မှ လူတွေက လက်ခံနိုင်လောက်တဲ့ ရုပ်ပုံမျိုးကို ဆွဲခဲ့တာပါ။ ပထမဆွဲတဲ့ ရုပ်ပုံတွေက အရမ်းရုပ်ဆိုးတယ်။ နည်းစနစ်က သေချာမရှိတော့ လျှောက်စမ်းလိုက်၊ ဖတ်လိုက်နဲ့ လုပ်ခဲ့ရတော့ အခက်အခဲ တွေရှိပါတယ်။ အခုသင်တန်း ဖွင့်တဲ့အခါသင်တန်း တက်တဲ့ကောင်လေးတွေ ကတော့(၂)လ အတွင်းမှာလက်ခံနိုင်လောက်တဲ့ Result မျိုးဆွဲလို့ရသွားတယ်။ နည်းစနစ်ဟာ လည်းရသွားပြီး၊ နည်းစနစ်မှန်တဲ့ အတွက် ချက်ချင်းတက်သွားတာပေါ့။

အစ်ကို3Dဆော့ဖ်ဝဲသုံးပြီးနောက်ဆုံးဆောင်ရွက်ထားတဲ့ဇာတ်ကားလေးတွေပြောပြပေးပါလား။

နောက်ဆုံး ဆောင်ရွက်လုပ်ကိုင် ထားတာ ရေသူမဗွီဒီယို ဇာတ်ကားရယ်၊ နေရဲမာန်ရဲ့ အဆင်ပြေလား သီချင်းတစ်ပုဒ်ရယ်ပါ။ 

3Dဆော့ဖ်ဝဲကို သုံးပြီးဗီဒီယိုတွေကို တည်းဖြတ်ဆောင်ရွက် တဲ့အခါမှာ ဗီဒီယိုထဲက လှုပ်ရှားမှုနဲ့ Software ကို ပေါင်းပြီးလုပ်ဆောင်ရတာလား။

ပထမအကြမ်းမျဉ်းက စီစဉ်ထား တာတွေရှိပါတယ်။ လူကိုဘယ်နေရာမှာနေ၊ ဘယ်နေရာမှာထည့်မယ်ဆိုပြီး စီစဉ်ပြီး တော့မှလူကို ရိုက်တယ၊် ရိုက်ပြီးတော့မှ Camera Mission အတွက်ရိုက်ကွင်းမှ တိုင်းတာတွေလုပ်တယ်။ ပြီးသွားပြီဆိုတော့မှ ကွန်ပျူတာထဲမှာ 3D Software ပေါင်းပြီး ဆောင်ရွက်လုပ်ကိုင်ပါတယ်။ 

3D(Studio Max)နဲ့ပတ်သက်လို့ဘယ်လိုသင်တန်းတွေပေးနေပါသလဲ။

3D Studio Max နဲ့ပတ်သက်ပြီး အဓိက(၂)ပိုင်းခွဲပြီးသင်ပေးပါတယ်။ animation  နဲ့ပတ်သတ်တဲ့အပိုင်းမှာ Basic Level Intermediate Level Advanced Levelဆိုပြီး Level (3)ခုပြန်ခွဲလိုက်ပါတယ်။ Level (3) ခု ခွဲတယ်ဆိုတာကလည်း Software တစ်ခုတည်းကို Level (3) ခုခွဲသင်တာမဟုတ်ဘူး။ Basic Level မှာဆို 3D Studio Max Software  တစ်ခုလုံးပါတယ်။Intermediate Level  မှာဆိုရင် 3D Studio Max Software အသေးစားတွေ ဖြစ်တဲ့ Plugin software တွေကိုသင်တယ်။ Advanced level မှာတော့တခြာ3းD Studio Max  နဲ့မပတ်သက်     တော့တဲ့တခြား ဆော့ဖ်ဝဲတွေကိုသင်တယ်။ရေတွေဘာတွေ Animation လုပ်တဲ့ Real Flow  ဆော့ဖ်ဝဲမျိုးတွေပေါ့။အဲဒီဆော့ဖ်ဝဲတွေသီးသန့် Run  တဲ့ ဆော့ဖ်ဝဲတွေဖြစ်တယ်။သီးသန့် Run ပြီးတော့မှရလာတဲ့ Result တွေကို 3D Max ထဲကိုပြန်ထည့်ပြီး Runner လုပ်တယ် ၊ဒါ ကြောင့်တစ် ခုတည်းကိုသုံးခုခွဲသင်တာမဟုတ်ဘဲ လိုအပ်လို့အပိုင်း ၃ ပိုင်းခွဲသင်တာဖြစ်ပါတယ်။

3D ဆော့ဖ်ဝဲတွေနဲ့ ပတ်သက်လို့ သင်တန်းအခြေအနေနဲ့ စိတ်ဝင်စားမှု အခြေအနေကို ပြောပြပေးပါလား။

3D Software တွေနဲ့ ပတ်သက်လို့ကတော့သင်တန်း တော်တော်များများရှိပါတယ်။ အခုနောက်ပိုင်း လူငယ်တွေတော်တော် လေးစိတ်ဝင် စားကြတယ်။ Auto CADမှာ သင်တန်းတော်တော်များ များ ရှိပေမဲ့ ဗွီဒီယို Film effect ပိုင်းမှာတော့ သင်တန်းတွေနည်းမယ်လို့ ထင်ပါတယ်။ သင်တန်းတက်ရောက်ချင်တဲ့ သူတွေအနေနဲ့ ဘယ်လို အရည်အချင်းတွေ သတ်မှတ်ချက်တွေရှိပါသလဲ။ Auto CAD User တွေအ တွက်ဘာမှမ  တတ်ထားလဲတတ်လို့ ရပါတယ်။Basic Level အတွက်ဆိုရင်လည်းဘာမှတတ်မထားလည်း ရပါတယ်။ Inter mediate Level  နဲ့ Advanced Level  ပိုင်းမှ တော့ 3D Studio Max Software  နဲ့ Photoshop  တတ်ထားဖို့လိုအပ်ပါတယ်။

3D Studio Max Softwareနဲ့ပတ်သတ်လို့ စိတ်ဝင်စားလာတဲ့ လူငယ်တွေအနေနဲ့ ဘဘယ်လို အကျိုးကျေးဇူးတွေ ရလာနိုင်လဲဆိုတာ ပြောပြပေးပါလား။

Software တွေကအရမ်းကောင်းတယ်။ တခြားနိုင်ငံတွေမှာ ဒီလို Software တွေကို ကျွမ်းကျင်တတ်မြောက်ထားရင် ငွေကြေး အမြောက်အများရတဲ့ အလုပ်တွေရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း တဖြည်းဖြည်းထူးခြား လာအောင်ဆောင် ရွက်နေပါတယ်။ ကျွန်တော်သင်တန်းဖွင့်တဲ့ရည်ရွယ်ချက်ကလည်း ကိုယ်ကအခက်အခဲတွေကို ကြုံတွေ့ခဲ့ရတယ်။ ငါးနှစ်ခြောက်နှစ်လေ့လာစရာ မလိုဘဲ၂လသုံးလ လောက်နဲ့ Result  ကောင်း ကောင်းရလာတဲ့ အတွက်တတ်မြောက် ထားတာတွေကို ဆက်ကြိုးစားသွားလို့ရတယ်။ ဒီလိုဆက်ကြိုး စားသွားမယ်ဆိုနိုင်ငံတကာကအဆင့်မှီ အောင်ထုတ်လုပ်နိုင်တဲ့အ ထိလုပ်ဆောင်သွားနိုင်မှာဖြစ်ပါတယ်။

Comments

Search
3d software ၂မျိုးက 3d max နှင့် mayaပါ။ mayar
မဟုတ်ပါ။ maya ဖြစ်ပါတယ်။ r
တစ်လုံးပိုနေလို့ါ။
3d software ၂မျိုးက 3d max နှင့် mayaပါ။ mayar
မဟုတ်ပါ။ maya ဖြစ်ပါတယ်။ r
တစ်လုံးပိုနေလို့ါ။
အဲဒါတော့အမှန်အကန ပဲ
ဟုတ်ပ့ါဗျာ
အဲလိုမျိုးအဖတ်တေ ကိုတော့
စိတ်ဝင်စားတယ်ဗျာ

င်တန်းလည်းတတ်ချင


ကျွန်တော့် သင်တန်းကြေး၊
အချိန်ရယ်၊ သင်တန်းကာလ
လိုအပ်မှုတွေ
အရည်အ
ျင်းလိုအပ်မှုတွေ

ပြာပြပေးစေချင်ပါ ယ်
ဟုတ်ပါတယ် ...
သင်တန်းကြေးနဲ့
အချိန်လေး
မေးပေးစေချင်ပါတယ

ကျေးဇူးတင်ပါတယ်

auto cad 3D Max
အတွက်ပါ မေးပေးပါခင်ဗျာ
i want to know address and fees deail
ဆရာ ကျွန်တော့်ကိုမှတ
မိပါတယ်နော်
ကျွန်တော်ဒို့မတေ
့တာကြာပြီနော်။
နေကောင်းကြရဲ့လား?
အခုလိုတွေ့ဖြစ်မယ လို့
လုံးဝမထင်ထားဘူး။
အခုလိုအောင်မြင်တ
ဝမ်းသာပါတယ်။
ဆရာတကယ်ကြိုးစားတ်နော်။
ကျွန်တော်လဲ
မသိတာလေးတွေမေးမယ နော်။
ဆရာလိပ်စာပေးပါအံး။
ဆရာ သင်တန်းအကြောင်းန့ 
သင်တန်းတည်နေရာ
ပြောပြပေးစေချင်ပ တယ်။
ကျွန်တော်က ဂရပ်ဖစ်
ဒီဇိုင်းကို
အရမ်း
စိတ်ဝင်စားနေတဲ့သ ပါ။
ဖြစ်နိုင်ရင်
ကျွန်တော်မျိုးကု
လမ်းညွန်ပေးပါ။
ကျေးဇူးတင်ပါတယ် ။.။
u are so express at 3d-max. why do u work at myanmar. if i were u i don't work
at myanmar.
don't express at 3d-max.. hal hal
အကိုလုပ်ထားတဲ့ပံ လေး
တစ်ပုံ လောက်ပြပါလား။
Only registered users can write comments!

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
 
adobe cs4 buy cheap adobe, buy autodesk softwarecheap software