TOSHIBA Notebook များနှင့်ပတ်သက်၍ LUCKY BIRD Trading Co.,LTD. မှ ဒါရိုက်တာ ဒေါ်မေဖြူသွယ်နှင့် တွေ့ဆုံမေးမြန်းခြင်း Print E-mail
Tuesday, 23 September 2008

မြန်မာနိုင်ငံအတွင်းသို့ TOSHIBA Notebook  များကို တရားဝင် Authorized Sales & Service Provider အဖြစ် တင်သွင်းရောင်းချပေးလျက်ရှိသော LUCKY BIRD Co.,LTD. မှ ဒါရိုက်တာ ဒေါ်မေဖြူသွယ်ကို TOSHIBA Notebook များနှင့် ပတ်သက်၍ အခုလို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
TOSHIBA Notebook တွေ ကို မြန်မာနိုင်ငံမှာ ဘယ်နှစ်ခုနှစ် လောက်ကစပြီး တင်သွင်းရောင်းချပေးခဲ့ပါသလဲ။ အခုလက်ရှိ မြန်မာနိုင်ငံမှာ ရောင်းချပေးနေတဲ့ TOSHIBA Notebook အမျိုးအစားတွေကို သိပါရစေ။
TOSHIBA Notebook တွေ ကို မြန်မာနိုင်ငံမှာ ၂၀၀၇ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့မှာ Authorized Sales & Service Provider အဖြစ် LUCKY BIRD Trading Co.,LTD. ကို ပေးအပ်ခဲ့ပါတယ်။ အခုလက်ရှိ မြန်မာနိုင်ငံမှာ တရားဝင် တင်သွင်းရောင်းချနေတဲ့ TOSHIBA Notebook  အမျိုးအစားတွေကတော့ Satellite Series မှာဆိုရင် TOSHIBA Satellite L310, Satellite M300 တွေနဲ့ Portege Series မှာဆိုရင် TOSHIBA Portege M800 အမျိုးအစားတွေဖြစ်ပါတယ်။ New Model တွေဖြစ်တဲ့ Candy Pink ဆိုတဲ့ ပန်းရောင်၊ Crimson Red ဆိုတဲ့ ကြက်သွေးရောင်၊ Mercury Silver ဆိုတဲ့ ပြဒါးရောင်သန်းတဲ့ ခဲရောင်၊ Pearl White ဆိုတဲ့ ပုလဲဖြူရောင်အဆင်းရှိတဲ့ Style ကျလှပတဲ့ TOSHIBA Portege M800 Series အသစ်တွေ မြန်မာနိုင်ငံဈေးကွက်ထဲမှာ ရရှိနိုင်ပါပြီ။ ဒါ့အပြင် Executive သုံး TOSHIBA Tecra M9 အမျိုးအစားနဲ့ Entertainment နဲ့ Video Editing Professional သုံးဖို့အတွက် TOSHIBA Qosmio F50 အမျိုးအစားတွေကိုလည်း မြန်မာနိုင်ငံဈေးကွက်ထဲမှာ ၀ယ်ယူရရှိနိုင်ပါပြီ။

TOSHIBA Notebook တွေ ရဲ့ အဓိကထူးခြားတဲ့ အရည်အသွေးတွေကို သိပါရစေ။
TOSHIBA Notebook တွေ ရဲ့ အဓိကထူးခြားတဲ့ အရည်အသွေးတွေကတော့ ၂၀၀၈ ခုနှစ် သြဂုတ်လက ထုတ်တဲ့ Series အသစ်တွေမှာ ဆိုရင် ဥပမာ- TOSHIBA Satellite M300- N400 တွေမှာ Intel Seam Merom Core 2 Duo T5750 2.0 GHz processor ကို သုံးထားပြီး အခြား Notebook များထက်သာလွန်တဲ့ "Smart Face Technology" ဆိုတဲ့ ပိုင်ရှင်ရဲ့မျက်နှာအရေးအကြောင်း၊ ကောက်ကြောင်းတွေကို Digital  နည်းပညာနဲ့ Web Camera က ရိုက်ကူးထားပြီး ပိုင်ရှင်ကပဲ မိမိရဲ့ Notebook  ကို Log on  ၀င်ရောက်နိုင်မှာဖြစ်တဲ့အတွက် Security ပိုင်းဆိုင်ရာ အထူးသာလွန်ကောင်းမွန်တဲ့ နည်းပညာပါရှိတဲ့ TOSHIBA အမျိုးအစား Notebook  ပဲဖြစ်ပါတယ်။ ဒါ့အပြင် မိမိရဲ့ Digital Lifestyle Device တွေဖြစ်တဲ့ Digital Camera, MP3, MP4, Handphone တွေကို လျှပ်စစ်မီး မရှိတဲ့အခါ Notebook Battery ကနေ ပြန်လည်အားသွင်းပေးနိုင် တဲ့ USB Sleep & Charge စွမ်းဆောင်ရည်အသစ်လည်း ပါဝင်ပါ တယ်။ TOSHIBA Portege M800 အမျိုးအစားတွေဆိုရင် Smart Face Technology ရယ် USB Sleep & Charge စွမ်းရည်အပြင် 3D HDD Accelerometer ဆိုတဲ့ "Easy Guard Technology" ထပ်ဆောင်းပါဝင်တဲ့အတွက် တုန်ခါမှုနှင့်အတူ ၃၆၀ ဒီဂရီ အနေအထား ဘယ်လိုပဲလှည့် လှည့် HDD ကို ခံနိုင်ရည်ရှိဖို့ Shock Absorber တွေ ပါရှိပါ တယ်။ အမြင့်ပေါ်ကနေ ပြုတ်ကျတဲ့ဒဏ်ကို ခံနိုင်ရည်ရှိတဲ့ (Drop Test)၊ အရည်ဖိတ်စင်မှုကို ခံနိုင် ရည်ရှိတဲ့ (Spill Resistance Test)၊ Shock ဖြစ်မှု ခံနိုင်ရည်ရှိတဲ့ (Shock Test) တွေနဲ့ စနစ်တကျ စမ်းသပ်ထုတ်လုပ်ထားတဲ့ TOSHIBA Notebook တွေပဲ ဖြစ်ပါတယ်။TOSHIBA Qosmio F50 အမျိုးအစားကဆိုရင်လည်း အထက်က Notebook  တွေရဲ့ စွမ်းဆောင်ရည်တွေအပြင်ကို "Gesture Control"  လို့ခေါ်တဲ့ Mouse နဲ့ Remote Control မပါဘဲ မိမိရဲ့ကိုယ်လက်လှုပ်ရှားရုံနဲ့ အသုံးပြုနိုင်တဲ့ နည်းပညာသစ် ပါဝင်ပါတယ်။
TOSHIBA Notebook တွေ ရဲ့ Warranty နဲ့ပတ်သက်ပြီး ဘယ်လို သတ်မှတ်ပေးထားပါသလဲ။ International Warranty ရော Local Warranty အတွက်ပါပေါ့။
TOSHIBA Notebook တွေ မှာ Satellite Qosmio Series ဆိုရင် International Warranty 1 year ပေးပြီး TOSHIBA Portege Series၊ Tecra Series ဆိုရင် International Warranty 3 years ပေးပါတယ်။
TOSHIBA Notebook ကို ၀ယ်ယူအသုံးပြုတဲ့ Customer တွေအတွက် ဘယ်လိုဝန်ဆောင်မှုမျိုးတွေဖြည့်ဆည်းဆောင်ရွက် ပေးထားပါသေးလဲ။

TOSHIBA ကနေ မြန်မာနိုင် ငံမှာ After Sales ပြီးရင် ပံ့ပိုးကူညီပေးမယ့် Service Centre ၃ ခုရှိပါတယ်။ ရန်ကုန်မှာ ၁ ခု၊ မန္တလေးမှာ ၁ ခုနဲ့ နေပြည်တော် မှာ ၁ ခုဖြစ်ပါတယ်။ TOSHIBA iserv လို့ ခေါ်ပါတယ်။ South East Asia မှာဆိုရင် TOSHIBA iserv ပေါင်း ၄၅၀ ရှိပါတယ်။ ဒါ့အပြင် International World Wide User တွေအတွက် TOSHIBA ကနေ ၂၄ နာရီ/ ၇ ရက် ပိတ်ရက်မရှိ Service ပေးနေတဲ့ Talk-2-TOSHIBA အစီအစဉ် ရှိပါတယ်။ ဒါ့အပြင် TOSHIBA Notebook တစ်မျိုးထဲမှာသာရှိတဲ့ "Select Serv Program" လည်း ရှိပါသေးတယ်။
TOSHIBA Notebook တွေအနေနဲ့ လက်ရှိ မြန်မာနိုင်ငံ Notebook ဈေးကွက်မှာ နံပါတ် ဘယ်လောက်ရှိပါသလဲ။
သုံးစွဲသူ User တွေဘက်က International Brand  ဖြစ်တဲ့အတွက် TOSHIBA Notebook  တွေကို မြန်မာနိုင်ငံမှာ တရားဝင် Sales & Service Provider အဖြစ် ပထမဦးဆုံး အခြေချရောက်ရှိလာပြီး International Warranty အပြည့်အ၀ရရှိတဲ့အတွက်" No.1 Notebook in Myanmar" ရယ်လို့ စစ်တမ်းအရ သိရပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ Notebook အသုံးပြုတဲ့သူတွေအတွက် သင့်တော်တဲ့ဈေးနှုန်းရှိပြီး နည်းပညာမြင့်တဲ့ TOSHIBA Notebook တွေ တင်သွင်းရောင်းချသွားဖို့ကော အစီအစဉ်ရှိပါသေးလား။

TOSHIBA Notebook  တွေဟာ မြင့်မားတဲ့နည်းပညာနဲ့အတူ စွမ်းရည်ပြည့်တဲ့ Service Support တွေပေါင်းစပ်ပြီး၊ ဈေးနှုန်းအရ ကျပ် ၆ သိန်းကျော်ကနေ ကျပ် သိန်း ၂၀ ကျော်အထိ Range အမျိုးမျိုးရှိပါတယ်။
TOSHIBA Notebook ၀ယ်ယူသုံးစွဲကြတဲ့ Notebook သုံးတဲ့သူတွေအတွက်ကော ဘယ်လိုအကြံဉာဏ်ပေးချင်ပါသလဲ။
ယနေ့ကမ္ဘာမှာ ROHS ဆိုတဲ့ (Restriction of Hazardous Substances) ဟာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး အရေးကိစ္စမှာ အထူးပဲ အရေးပါနေပါပြီ။ ဒါ့ကြောင့် ယနေ့လူသားတွေဟာ ပစ္စည်းတစ်ခု ၀ယ်မယ်ဆိုရင် ROHS Compliant ဖြစ်ရဲ့လားဆိုတာ မဖြစ်မနေကြည့်ရမယ့် အနေအထားကို ရောက်နေပါပြီ။ မြန်မာနိုင်ငံက Notebook  သုံးစွဲသူတွေကို အကြံပြုချင်တာကတော့ Notebook  တစ်လုံး ၀ယ်ယူသုံးစွဲမယ် ဆိုရင် နည်းပညာမြင့်မားမှုနဲ့အတူ ပေးဆပ်ရတဲ့ ငွေကြေးတန်ဖိုးနဲ့ ကိုက်ညီပြီး မိမိတို့နေထိုင်ရာ ကမ္ဘာကြီး သဘာဝဘေးအန္တရာယ်တွေ ကျရောက်မှုကနေ လျော့ကျနိုင်အောင် ROHS Compliant ဖြစ်တဲ့ ပစ္စည်းတွေကို ရွေးချယ်သင့်တဲ့အကြောင်းအကြံပြု ပြောကြားလိုပါတယ်။

Comments

Search
used less thing
မြန်မာနိုင်ငံလို
စစ်အာဏာရှင်အောကှ်ာနေကြတဲ့
ပြည်သူတွေအားလုံး ည်း
အပြောင်းအလဲကို
အရမ်းလိုချင်နေကြ ယ်။
please don't purchase from lucky bird
die lite pop kwar.change tar ko lo chin yin
I already have TOshiba satellite model A200. but without fan you will find lots
of difficult to use TOSHIBA laptop. cause it hotter than others brands laptops.
Other qualities is good .
Only registered users can write comments!

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
 
adobe cs4 buy cheap adobe, buy autodesk softwarecheap software