|
Thursday, 23 April 2009 |
Verbatim အမှတ်တံဆိပ် Media တွေနဲ့ ကွန်ပျူတာဆက်စပ်ပစ္စည်းတွေရဲ့ Authorized Distributor ကို ဘယ်အချိန်လောက်ကစပြီး ရရှိခဲ့ပါသလဲ။ ဘာပစ္စည်းအမျိုးအစားတွေ ပါဝင်ပါသလဲ။ ကျွန်တော်တို့ KMD အနေနဲ့ ၂၀၀၈ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့က Verbatim Product တွေအတွက် မြန်မာနိုင်ငံတစ်ဦးတည်းကိုယ်စားလှယ်အဖြစ် ရရှိခဲ့ပါတယ်။ အရည်အသွေးမြင့် Blank CD/DVD, Flash Card, External HDD, Pen-Drive, Gaming Mouse စတာတွေကို တင်သွင်းဖြန့်ဖြူးရောင်းချပေးနေပါတယ်။
Verbatim Product ကို တင်သွင်းရောင်းချဖြစ်တဲ့ ရည်ရွယ်ချက်လေးကို သိပါရစေ။ ကျွန်တော်တို့ရဲ့ အရေးကြီးအချက်အလက်တွေသိမ်းတဲ့အခါပဲဖြစ်ဖြစ်၊ အမှတ်တရ Photo တွေ Movie တွေသိမ်းတဲ့အခါမှာပဲဖြစ်ဖြစ် စိတ်ချတဲ့ Media တွေနဲ့ သိမ်းဖို့လိုပါတယ်။ Media ရဲ့ Quality ကြောင့် ဒီအမှတ်တရ တွေပျက်စီးသွားရင် ဘာနဲ့မှအစားထိုးလို့မရနိုင်ပါဘူး။ ကျွန်တော်တို့အနေနဲ့ Brand ကောင်းကောင်း၊ Quality စိတ်ချရတဲ့ Media တစ်ခုကို ဈေးချိုချိုနဲ့ မိတ်ဆက်ပေးချင်တဲ့ရည်ရွယ်ချက်နဲ့ တင်သွင်းရောင်းချပေးခဲ့တာပါ။
Verbatim Product တွေက ဘယ်ကထုတ်လုပ်တဲ့ အမျိုးအစားဖြစ်ပါသလဲ။ Verbatim Product က ဂျပန်နိုင်ငံ Mitsubishi Corporation ရဲ့ Subsidiary တစ်ခုဖြစ်ပါတယ်။ Verbatim Product စက်ရုံတွေကတော့ ကမ္ဘာအနှံ့အများအကြီးပဲ။ Product ရဲ့ Model ပေါ်မူတည်ပြီး ထုတ်လုပ်တဲ့နိုင်ငံနဲ့ စက်ရုံတွေကွာသွားပါတယ်။ Japan, Taiwan, S'pore နဲ့ China တွေမှာရှိပါတယ်။
Verbatim Product တွေက ကမ္ဘာ့အဆင့်မှာ နံပါတ်ဘယ်လောက်ရှိပါသလဲ။ Santa Clara Consultants ရဲ့ survey အရ Verbatim Media တွေဟာ ကမ္ဘာ့နံပါတ် (၁) အရောင်းရဆုံး Brand ဖြစ်ပါတယ်။
Verbatim Product တွေမှာ Quality အနေနဲ့ ဘယ်လိုထူးခြားတာတွေ ပါဝင်ပါသလဲ။ Quality ပိုင်းကိုတော့ Verbatim ကအရမ်းအလေးထားပါတယ်။ နည်းပညာပိုင်းမှာလည်း သူများတွေထက်ဦးဆောင်နိုင်အောင် အမြဲကြိုးစားပါတယ်။ ကျွန်တော်တို့အသုံးပြုနေတဲ့ ရိုးရိုး CD/DVD တွေကို အပြင်သွားလို့သယ်သွားတဲ့ အခါ နေပူထဲမှာ သယ်သွားမိတဲ့အခါပဲဖြစ်ဖြစ်၊ အခန်းထဲမှာထားရင်လည်း အခန်းတွင်းအပူချိန်အရမ်းများရင်ပဲဖြစ်ဖြစ် အဲဒီထဲမှာ Write ထားတဲ့ Data တွေက အချိန်မရွေးပျက်သွားနိုင်ပါတယ်။ Verbatim ကတော့ ဒီလိုနေရောင်ဒဏ်တွေ အပူဒဏ်တွေကိုကာကွယ်နိုင်အောင် AZO Dye ဆိုတဲ့နည်းပညာကိုသုံးထားတဲ့ အပေါ်ယံ Coating တစ်လွှာထည့်ထားပါတယ်။ ဒါက ကျွန်တော် နမူနာတစ်ခုပြောပြတာပါ။ ကျန်တဲ့နည်းပညာပိုင်းဆိုင်ရာ တွေလည်း အများကြီးရှိပါတယ်။ ပြီးတော့ အခုတွေ့နေရတဲ့ပြဿနာက Notebook Hard disk တွေကို External Case တွေနဲ့တွဲသုံးတဲ့အခါ Detect သိလိုက် မသိလိုက်ဖြစ်တာတွေ၊ External Case ကြောင့် Notebook Hard disk ပျက်စီးရတာတွေ ကြုံရပါတယ်။ Verbatim External Hard disk ကတော့ ဒီပြဿနာတွေမဖြစ်တော့ အသုံးပြုတဲ့သူများလာပါတယ်။ ပြီးတော့ Lincense နဲ့ Backup Software လည်းထည့်ပေးထားပါတယ်။
Verbatim Product တွေကို Warranty အနေနဲ့ကော ဘယ်လောက်ပေးထားပါသလဲ။ External HDD, Pen Drive Flash Card စတာတွေကိုတော့ (၁၈) လပေးထားပြီး Blank CD/ DVD တွေကိုတော့ (၁) လပေးထားပါတယ်။
CD/DVD အလွတ်တွေကို Warranty ပေးတယ်ဆိုတော့ ဘယ်လိုပုံစံမျိုးပေးတာလဲ။ Burn နေရင်းနဲ့ပျက်သွားတဲ့ဟာမျိုးပါ။ Warranty (1) လအတွင်း ချို့ယွင်းချက်ရှိရင် အသစ်တစ်ချပ်နဲ့ ချက်ချင်းလဲလှယ်ပေးနေပါတယ်။ နောက်ပိုင်းမှာကော Verbatim အမှတ်တံဆိပ် အခြားပစ္စည်းတွေကို ထပ်မံတင်သွင်းရောင်းချပေးသွားဖို့ကော အစီအစဉ်ရှိပါသေးလား။ ဟုတ်ကဲ့။ ကျွန်တော်တို့အနေနဲ့ Verbatim နဲ့ Product အကုန်နီးပါးကို တင်သွင်းရောင်းချပေးနေပါတယ်။ အသစ်ထပ်ထွက်လာရင်လည်း ကျွန်တော်တို့အနေနဲ့ တင်သွင်းရောင်းချပေးဦးမှာပါ။
အသုံးပြုသူတွေကို ဘာများပြောချင်ပါသေးလဲ။ ဟုတ်ကဲ့။ ကျွန်တော်တို့ KMD အနေနဲ့ သုံးစွဲသူတွေနဲ့ကိုက်ညီမယ့် အရည်အသွေးမြင့်ပစ္စည်းတွေကို တင်သွင်းရောင်းချပေးနေပြီး အကောင်းဆုံးဝန်ဆောင်မှုတွေပေးနေပါတယ်လို့ ပြောချင်ပါတယ်။ တကယ်လို့ကျွန်တော်တို့ Verbatim Product တွေကို လေ့လာချင်တယ်ဆိုရင် Broucher တွေကို Email နဲ့လည်းပို့ပေးပါ တယ်။ ကျွန်တော်တို့ဘက်မှာလိုအပ်ချက်ရှိရင်လည်း အကြံဉာဏ်လေးတွေပေးပေးပါလို့ Request လုပ်ချင်ပါတယ်။ ဆက်သွယ်ရမယ့် လိပ်စာကတော့ အမှတ် 550-552၊ ကုန်သည်လမ်းနဲ့ 36 လမ်းထိပ်၊ ကျောက်တံတားမြို့နယ်၊ ဖုန်း-245180? 204071
This e-mail address is being protected from spambots. You need JavaScript enabled to view it
တို့ဖြစ်ပါတယ်။
|