|
Friday, 25 December 2009 |
Research In Motion ကုမ္ပဏီ ဟာမကြာမီကပဲ BlackBerry စမတ်ဖုန်းတွေအတွက် third-party application တွေနဲ့ပင်မ BlackBerry application တွေပေါင်းစပ်တဲ့ feature အသစ်တွေကို ဖွင့်လှစ်ပြသလိုက်ပါတယ်။
ဒါ ကြောင့်ပဲ zDNet UK ဟာ Research In Motion (RIM) ရဲ့ BlackBerry Platform အတွက် တာဝန်ယူထားရသူ အထွေထွေမန်နေဂျာအလန်ဘရင်နာနဲ့ တွေ့ဆုံဆွေးနွေးဖြစ်ခဲ့ပါတယ်။
တခြားစမတ်ဖုန်းတွေနဲ့ယှဉ်ရင် ပေါင်းစပ်ထားတဲ့အသစ်တွေ ကို BlackBerry မှာထည့်သွင်းဖို့စဉ်းစားမိတာ ဘာကြောင့်ပါလဲ။ အရေးကြီးတဲ့အချက်ကတော့၊ ကျွန်တော်တို့ဟာသူများနဲ့မတူကွဲ ပြားတယ်ဆိုတာပါ။ ဈေးကွက်ထဲ ကျွန်တော်တို့ ရှုမြင်ထားတာက နေ ရလာတဲ့အများနဲ့ မတူတဲ့ချဉ်းကပ် နည်းကျွန်တော်တို့မှာ ရှိပါတယ်။ အခုလိုမျိုး Third-party application တွေကိုသုံးတာကတော့ ထူးခြားတယ်။ ပြီးတော့ဒါကပဲ BlackBerry အဖြစ်ရပ်တည်နေ တဲ့ကျွန်တော်တို့ရဲ့အစဉ်အလာကို ပြောပြနေတယ်။ ကျွန်တော်တို့လုပ်သမျှကတော့ user တွေရဲ့လိုအပ် ချက်တွေနဲ့ကိုက်ညီအောင်၊ application တွေကိုအတူတကွအလုပ် လုပ်နိုင်အောင်ပဲဦးတည်ပါတယ်။ ကျွန်တော့် platform ရဲ့ဗိသုကာပုံစံကိုတော့ developer အများစုကစိတ်ဝင်စားကြပါတယ်။ ယနေ့အထိကိုပဲအများစုကတော့ mobile computing ကိုအထင်မှားနေကြတုန်းပဲ။ ဒါဟာ desktop ကွန်ပျူတာတွေရဲ့ programming အမြင်တွေ၊ စံပုံစံ model တွေနဲ့ computing ပိုင်းဗိသုကာ ကိုချဲ့ထွင်ထားရုံသက်သက်မဟုတ် ပါဘူး။ ဈေးကွက်ထဲရှိနေတဲ့ platform အများစုကိုကြည့်လိုက်ပါ လေ။ ဘယ်အပိုင်းမှာမဆိုအဲဒါ တွေဟာ အစဉ်အလာ desktop computing model တွေကိုပါး နပ်စွာမှီငြမ်းပြင်ယူပြီး mobile device တွေအဖြစ်လုပ်ထားတာ တွေ့ရမှာပါ။ လူကြီးမင်းက BlackBerry ' flow ' အကြောင်းပြောတော့၊ ဒါဟာ 'flow state' ဆိုတဲ့ အိုင်ဒီယာကိုပဲရည်ညွှန်းတာမဟုတ်လား။ အဲဒီမှာက user တစ်ဦးဟာ အချိန်ကုန်လွန်သွားတာကို သတိမထားမိဘူး။ ဒါပေမဲ့ အလုပ်တွေ အများကြီးတော့ လုပ်ပြီးဖြစ်သွားမယ်မလား။ BlacBerry ဘယ်လိုစွမ်းဆောင်နိုင်သလဲဆိုတာကပဲ သူဟာ ဘာအမျိုးအစားလဲဆိုတာ ပြနေတာပေါ့။ ' flow ' အကြောင်းကို ကျွန်တော်တို့ ဆင်ခြေတွေရှိပါတယ်။ အဲဒီခင်ဗျားရဲ့ (user) ရဲ့အာရုံစိုက်မှုဟာလည်း application တွေကြားမှာ နစ်မြှုပ်စီးဆင်းနေမှာပဲလေ။ ဒါကိုသတိထားမိမှာ မဟုတ်ပါဘူး။ နောက်ပြီး ဒီ flow ဆိုတာက API တွေက application တွေ၊ data တွေကိုလွှဲပြောင်း ရာ၊ ထိန်းချုပ်ရာနည်းလမ်းလို့ လည်းအဓိပ္ပာယ်ပေါက်စေပါတယ်။
BlackBerry ကို လုံခြုံရေးအပိုင်းအရစိတ်ချရအောင် လုပ်ရသလို၊ developer တွေအတွက်လည်း ပိုပြီးပူးပေါင်းလုပ်ဆောင်နိုင်အောင် ရွေးချယ်စရာတွေလည်းပေးရတော့၊ ဟိုဘက်ဒီဘက်ချိန်ခွင် လျှာညီအောင်၊ balance ဖြစ် အောင်ဘယ်လိုထိန်းညှိပါသလဲ။ ကျွန်တော်တို့ဟာဒီ ချိန်ခွင် ကိုထိန်းဖို့လိုအပ်တယ်လို့ ထင်ပါ တယ်။ ဘာကြောင့်လဲဆို တော့ ကျွန်တော်တို့ အဓိကတန်ဖိုးထား တာဟာ platform ပိုင်းမှာရော၊ device ရဲ့ security ပိုင်းမှာ ဖြစ် လို့ပါ။ ကျွန်တော်တို့ ကုန်ပစ္စည်းရဲ့ security ပိုင်းနဲ့ပတ် သက်လို့ ဘယ်လိုယိုပေါက်မှမရှိအောင် ဆောင်ရွက်ထားပါတယ်။
iPhone ကလွဲရင်၊ ကျန်တဲ့ စမတ်ဖုန်း platform တွေ တိုင်း မှာ devices အမျိုးမျိုးနဲ့စွမ်း ဆောင်ရည်အမျိုးမျိုးကွဲပြားခြားနား ကြတယ်။ ဒီလိုမျိုးအနေအထားမှာ လူကြီးမင်းတို့ရဲ့ features အသစ် တွေကိုမိတ်ဆက်လိုက်တော့ ဘယ်လိုနေသလဲ။ ကျွန်တော်တို့ဟာ အသစ်ထုတ်လိုက်တဲ့ပစ္စည်းတစ်ခုကို မိတ် ဆက်လိုက်တိုင်း၊ လက်ရှိဈေးကွက် ထဲရှိနေတဲ့ ထုတ်ကုန်ပစ္စည်းတွေ အတွက်လည်း update တွေ ပံ့ပိုး ပေးထားပါတယ်။ ဈေးကွက်ထဲ ယှဉ်ပြိုင်နိုင်စွမ်းရှိဖို့ဒါဟာလိုအပ် ချက်ဆိုတာကျွန်တော်တို့ကောင်း ကောင်းသိပါတယ်။ နှစ်စဉ်နှစ်တိုင်း၊ ၁၅ လကာလ ကြာတိုင်းမှာ ကျွန်တော်တို့ရဲ့စား သုံးသူတွေနှစ်ဆပိုတိုးတက်လာနေ ပါတယ်။ လူတွေဟာသူတို့ရဲ့စမတ် ဖုန်းတွေ၊ မိုဘိုင်း device တွေကို ကာလရှည်သုံးကြတာပါပဲ။ ဒါပေ မဲ့အတော်များများဟာလည်း ယခု အခါ ပစ္စည်းသစ်တွေသုံးနေကြ တာပါ။
RIM ကုမ္ပဏီအတွက်ရော အကြီးမားဆုံးအခက်အခဲ (challenge) က ဘာဖြစ်မလဲ။ developer တွေနဲ့အလုပ်လုပ်ရာမှာ ရောအခက်အခဲကဘာများဖြစ်မလဲ။ ရင်ဆိုင်နေရတဲ့ challenge တွေထဲကတစ်ခုကတော့ ကျွန် တော်တို့ အရွယ်အစားကြီးမားလာ လို့ အဆင်ပြေပြေလည်ပတ်နိုင် အောင်လုပ်နေရတာပါပဲ။ ပြီးခဲ့တဲ့ သုံးလေးနှစ်လောက်ကတော့ application ကုမ္ပဏီတစ်ခုမျှသာပဲ။ ဒီနေ့တော့ ဈေးကွက်တွေအားလုံး မှာ ပါလုပ်နေရတယ်။ စီးပွားရေး လုပ်ငန်းပိုင်း၊ SMB ပိုင်း၊ စား သုံးသူအပိုင်းတွေမှာပေါ့။ အရင် တုန်းက ကျွန်တော်တို့မြောက် အ မေရိကမှာပဲရှိခဲ့တယ်။ အခုတော့ ဂလိုဘယ်ဆန်လာပြီ။ နိုင်ငံပေါင်း ၁၇၀ မှာ ကျွန်တော်တို့အလုပ်လုပ် နေပါတယ်။ ၀န်ထမ်း ၅၀၀ ကျော် ရှိပါတယ်။
|