|
Friday, 20 November 2009 |
ပြီးခဲ့တဲ့ ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်းဝဲဂယက်ထဲမှာ အမေရိကန်ကားကုမ္ပဏီကြီးဖြစ်တဲ့ နာမည်ကျော် GM ဟာရုန်းကန်ခဲ့ရပါတယ်။
ဒါပေမဲ့ GM ရဲ့ အသစ်ထုတ်လုပ်ဖို့ပြင်ဆင်ထားတဲ့ Chevy Vlot ကားကတော့ ဈေးကွက်ထဲ ကိုမရောက်သေးခင်မှာပဲ ၀ယ်ယူဖို့စာရင်းပေးထားသူ ငါးသောင်းရှိနေတာမို့ အံ့သြစရာဖြစ်ပါတယ်။ ဒီစာရင်းအချက်အလက်တွေကိုလည်း GM ကုမ္ပဏီပိုင်မဟုတ်တဲ့ အခြားဝက်ဘ်ဆိုက်တစ်ခုက ဖော်ပြပေးခဲ့တာပါ။ ဒီကားဟာ အီလက်ထရစ်မော်တာနဲ့ ရွေ့လျားမှာဖြစ်ပြီး၊ ခရီးဝေးတွေသွားမယ်ဆိုရင်တော့ ဓါတ်ငွေ့နဲ့ဂျင်နရေတာကို လည်ပတ်စေပြီးသွားမှာပါ။ ဒါပေမဲ့ Chevy Volt ရဲ့ဈေးနှုန်းဟာ ဒေါ်လာ ၄၀,၀၀၀ လောက်ဖြစ်မှာမို့ အနည်းငယ်ဈေးကြီးတယ်လို့ ဝေဖန်ကြတာတွေရှိနေပါတယ်။ ဒီအတွက် GM ဘက်ကတော့ Volt ကားတွေဟာ နည်းပညာသစ်နဲ့ထုတ်လုပ်တဲ့ ပထမဆုံးမျိုးဆက်ကားတွေဖြစ်တာမို့ ဈေးအနည်းငယ်မြင့်မားရတာသာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ သတင်းထောက်တစ်ဦးဖြစ်သူ မာတင်လာမော်နီတာဟာ မကြာမီကပဲ GM ရဲ့ Chevy Volt ထုတ်လုပ်ရေးဒါရိုက်တာ တနီပေါ့ဆ၀ပ်ဇ်နဲ့တွေ့ဆုံကာ မေးမြန်းဖြစ်ခဲ့ပါတယ်။ မေး။ ။ ကျွန်တော်အခုဆိုရင် Volt ကားအကြောင်းရေးနေတာ နှစ်နှစ်လောက်ရှိနေပါပြီ။ ဒါဟာ သိပ်ကောင်းတဲ့နည်းပညာပါပဲ။ ဒါ ပေမဲ့ စီးပွားရေးအရအောင်မြင်မယ် လို့ ထင်ထားပါသလား။ ဖြေ။ ။ အားလုံးဟာ ဓါတ်ငွေ့ ဈေးနှုန်းတွေအပေါ်ပဲ မူတည်နေပါ တယ်။ ဒါဟာခက်ခဲတဲ့အခြေအနေ တစ်ခုဆိုတာ မေးခွန်းထုတ်ဖို့မလို ပါဘူး။ ဒါပေမဲ့ကျွန်တော်တို့ အ ဆင်ပြေမယ်လို့ထင်ပါတယ်။ မေး။ ။ ဒါဆိုဆရာတို့အတွက် ပရိသတ်ကျယ်ကျယ်ပြန့်ပြန်ရနိုင် တယ်လို့ ထင်ထားတယ်ပေါ့။ ဖြေ။ ။ ရနိုင်တယ်ပဲထင်ပါ တယ်။ ဒုတိယမြောက်နှစ်လောက် ဆိုရင်တော့ ကျွန်တော်တို့ ကားစီး ရေသောင်းဂဏန်းလောက် ထုတ် လုပ်သွားနိုင်မှာပါ။ အဲဒီကားစီးရေ အတိအကျကတော့ စီးပွားရေးအ ခြေအနေပေါ်ပဲ မူတည်ပါတယ်။ ကျွန်တော်တို့မှာ ဒီထုတ်ကုန်ရဲ့ ထူး ခြားမှုကို ခံစားနေမိပါတယ်။ ကျွန် တော်ဟာ မကြာမီကပဲဒီလို Plug-in ကားအမျိုးအစားတွေကြားထဲ မှာ ယှဉ်ပြိုင်ဖက်တွေဖြစ်လာနိုင်တဲ့ ကားအချို့ကို စမ်းသပ်မောင်းနှင် ပြီးပါပြီ။ ဒါပေမဲ့ ဒီကားကိုမောင်းရ တဲ့ အတွေ့အကြုံနဲ့တော့မတူပါဘူး။ ဒါကပဲ ဒီကားကိုမမောင်းမိမချင်း လူတွေမြင်နိုင်၊ခံစားနိုင်မှာ မဟုတ် တဲ့လျှို့ဝှက်ချစ်တစ်ခုပါပဲ။ မေး။ ။ ဒီကားဟာ ကြယ်ဝ ချမ်းသာတဲ့ စားသုံးသူတွေကိုပဲ ရည်ရွယ်ထုတ်လုပ်ထားတာလား။ ဖြေ။ ။ ပထမဆုံးဝယ်မယ့်သူ တွေကတော့ စမ်းသပ်စီးနင်းချင်သူ၊ ၀ါသနာရှင်တွေပါပဲ။ သူတို့ကို ကျွန်တော်တို့က ရှာဖွေထားရပါ မယ့်။ ဘာကြောင့်လဲဆိုတော့ ဒီလို လူတွေက ကားအကြောင်းအလုံးစုံ ကို ထိထိရောက်ရောက် ပြန်ပြော နိုင်တဲ့သူတွေမို့ပါ။ ခင်ဗျားလည်း သိပါတယ်။ လူတစ်ယောက်ဟာ နည်းပညာအသစ်အဆန်းတွေကို အမြဲစမ်းသုံးပြီး၊ ခင်ဗျားကို အဲဒါ အိုကေတယ်ဗျလို့ ပြောပြီဆို၊ ဒီလူ ဟာအဲဒီ နည်းပညာသစ်ပစ္စည်း ကောင်းကြောင်းကို သက်သေလိုက် ပေးတာပဲမဟုတ်လား။ ကျွန်တော် တို့ အဲဒီလိုလူမျိုးတွေကိုရှာနေပါ တယ်။ အဲဒီနောက်ပိုင်းမှာ ဘာဖြစ်လာ မလဲဆိုတာလည်း ခင်ဗျားသိချင် နေမယ်ထင်တယ်။ ကားဝါသနာ ရှင်တွေက ““ဒီကားဟာ သိပ်ကောင်း တယ်။ ဘတ္ထရီရဲ့ အနေအထားနဲ့ အဆင့်မြင့်အနည်းပညာတွေသုံးထား ကြောင့် ဈေးကြီးပေမဲ့၊ တကယ် ကောင်းတဲ့ကားပါ”” လို့ ပြောလာ မှာကို ကျွန်တော်တို့မျှော်လင့်နေပါ တယ်။ မေး။ ။ ကားရဲ့ ကုန်ကျစရိတ် ကြီးမြင့်နေမှုကို ဘယ်လိုလျှော့ချဖို့ ရှိပါသလဲ။ ဖြေ။ ။ ကားဈေးနည်းနည်းကြီး ပေမဲ့ လူတွေအတွက်အကျိုးအမြတ် ဖြစ်စေတဲ့အရာတွေ အများကြီးရှိ ပါတယ်။ အခွန်ကင်းလွတ်ခွင့်ဒေါ် လာ ၇,၇၅၀၀ ရရှိမှာဖြစ်တယ်။ ပြီး တော့ တချို့ပြည်နယ်တွေမှာ လျှပ် စစ်ကားတွေအတွက် အခမဲ့ကား ရပ်နားခွင့်တွေပေးထားတာမို့ အ ကျိုးရှိစေမှာပါ။ ဘတ္ထရီပိုင်းနဲ့ပတ် သက်တဲ့ ကိစ္စတွေကိုလည်း ကျွန် တော်တို့စုံစမ်းစစ်ဆေးနေပါတယ်။ မေး။ ။ Battery-Electrics တွေလို့လည်းခေါ်ကြတဲ့ လျှပ်စစ် စွမ်းအင်သီးသန့်သုံးတဲ့ကားတွေနဲ့ Volt လိုမျိုး လျှပ်စစ်နဲ့လောင်စာတွဲ သုံးတဲ့ကားတွေရဲ့ ရောင်းအားဟာ လာမယ့်ငါးနှစ်အတွင်းမှာ တစ်ရာ ခိုင်နှုန်းလောက်ပဲရှိလာဦးမယ်လို့ ခန့်မှန်းထားကြတယ်။ Chevy, Vlot အတွက် ရင်းနှီးမြှုပ်နှံမှုတွေ အများကြီးလုပ်ထားရတော့ အိုကေ ပါ့မလား။ ဖြေ။ ။ အခြားကားတွေ ထုတ် သလိုပါပဲ။ ကျွန်တော်တို့ဟာ လက် ရှိပုံစံအပေါ်မှာပဲ ဘော်ဒီစတိုင်လ် တွေ အမျိုးမျိုးခွဲခြားပြီး ဆက်လုပ် သွားလို့ရပါတယ်။ ကျွန်တော်တို့ မှာ နည်းပညာသစ်တစ်ခုရဲ့ ပထမ မျိုးဆက်ပြီးလို့ ဒုတိယမျိုးဆက် ရောက်လာရင် ကုန်ကျစရိတ်ကို ဘယ်လိုလျှော့ချလို့ရသလဲဆိုတာ ကောင်းကောင်းနားလည်ထားပါ တယ်။ မေး။ ။ တိုယိုတာရဲ့ ရှေးဆန် တဲ့နည်းကရော အလုပ်မဖြစ်ဘူးလို့ ဆရာထင်ပါသလား။ ဖြေ။ ။ ကုမ္ပဏီတိုင်းဟာ အောင်မြင်မှုရဖို့ ဖေါ်မြူလာလို့ သူ တို့ထင်တာတွေကို ရှာဖွေထားလေ့ ရှိကြပါတယ်။ အခုအချိန်မှာံပဘမငိ ကားတွေအတွက် Adokum အပိုင်းဟာ Internal Combustion Engine ဖြစ်နေဆဲပါ။ ကျွန် တော်တို့မှာ အခုဆိုရင် အင်ဂျင် ဂျင်နရေတာတွေအတွက် ပုံစံအ မျိုးမျိုးရနေပါပြီ။ Volt ကားဟာ ဓါတ်ငွေ့သုံးတဲ့ Gas Version အနေနဲ့ရော၊ အီသနောလာင်စာ သုံးတဲ့ E&S Version အဖြစ်ရော ထွက်လာပါလိမ့်မယ်။ Ref: Q&A : With The Chevy Volt Make Money For GM
|