|
Thursday, 12 November 2009 |
ကမ္ဘာ့အကြီးဆုံးကုမ္ပဏီဖြစ်တဲ့ Nokia ဟာ သူရဲ့ပြိုင်ဘက်ဖြစ်တဲ့ Apple လိုပဲ Smart phone ဈေး ကွက်ထဲမှာစိန်ခေါ်မှုတွေနဲ့ရင်ဆိုင် နေရပါတယ်။
ဖင်လန်နိုင်ငံအခြေ စိုက်ကုမ္ပဏီဖြစ်တဲ့ Nokia ဟာယ ခုအခါ၎င်းရဲ့ကိုယ်ပိုင်ဖုန်းတွေပေါ် မှာအသုံးပြုနိုင်ဖို့ Ovi လို့ခေါ်တဲ့ အင်တာနက် services Platform တစ်ခုကိုလုပ်ဆောင်နေပါပြီ။ ယင်း Ovi ဟာ Nokia ဖုန်းသုံးစွဲသူတွေ အတွက် digital content တွေဖြစ် တဲ့ဗီဒီယိုတွေ၊ သီချင်းတွေနဲ့ခရီး သွားလာရေးအတွက် မြေပုံတွေ၊ ဓါတ်ပုံတွေကို အွန်လိုင်းပေါ်မှာပဲ ၀ယ်ယူ အသုံးပြုနိုင်စေမှာဖြစ်ပါ တယ်။ Ovi Storefront ကို ယခုအခါ ဥရောပနိုင်ငံတွေဖြစ်ကြ တဲ့ ဂျာမနီ၊ အိုင်ယာလန်၊ အီတလီ၊ ရုရှား၊ စပိန်၊ ယူကေနဲ့သြစတေးလျ၊ စင်ကာပူတို့မှာ ဖွင့်လှစ်လည်ပတ် နေပြီး လာမယ့်မေလမှာတော့ Nokia ရဲ့ N97 မော်ဒယ်ဖုန်း အပါအ၀င် မော်ဒယ်လ်ပေါင်း ၅၀ ကျော်၊ ခန့်မှန်းခြေ ဖုန်းအလုံးရေ ပေါင်းသန်း ၅၀ ကျော်မှာပါအသုံး ပြုနိုင်တော့မှာပါ။ အဲဒီ Ovi Store-front ရနိုင်တဲ့ နိုင်ငံတိုင်းမှာဖုန်း ပိုင်ရှင်တွေဟာ အွန်လိုင်းက Ovi Store ကိုဖုန်းမှာပါတဲ့ download folder ထဲက Ovi Store icon ကိုရွေးချယ်ပြီး ချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။ CNet news ဟာမကြာမီကပဲ Nokia ရဲ့ Services အပိုင်းက ဒုတိယဥက္ကဌဖြစ်သူ နစ်ကလတ် ဆဗန်ဒါနဲ့တွေ့ဆုံကာ Ovi ရဲ့အ ကြောင်း၊ Nokia ရဲ့ဝန်ဆောင်မှု နည်းဗျူးဟာတွေအကြောင်းကိုမေး မြန်းဖြစ်ခဲ့ပါတယ်။
Nokia ဟာဟိုးယခင်တည်း က ၀န်ဆောင်မှုလုပ်ငန်း Service business တွေရှိခဲ့တယ်နော်။ ဒါ ပေမဲ့ Apple ရဲ့ iPhone နဲ့ App Store ပေါ်ကတော့ Apple ဟာ ဖုန်းအတွက် application တွေ ကိုအွန်လိုင်းမှာရှိတဲ့ storefront ကိုပထမဆုံး ၀န်ဆောင်မှုပေးတဲ့ ကုမ္ပဏီဖြစ်လာတယ်လို့ မထင်မိ ဘူးလား။ အဲ့ဒါနဲ့ ပတ်သက်လို့ ဘာများတွေးမိထားပါသလဲ ခင် ဗျာ။ ဟုတ်ပါတယ်။ အမှန် တကယ် ပဲကျွန်တော်တို့ဟာ Apple က လုပ်တာထက်သုံးနှစ်လောက်စော ပြီးကျွန်တော်တို့ကိုယ်ပိုင် application store တစ်ခုကို လုပ်ခဲ့တာပါ။ ဒါပေမဲ့ Apple ကိုတော့ ကျွန် တော်တို့ချီးကျူးရမှာပါ။ သူတို့ဟာ ကျွန်တော်တို့အားလုံး ကိုသင်ခန်း စာပေးခဲ့ပါတယ်။ ပထမအနေနဲ့ သင်ဟာရှာဖွေတီထွင် နိုင်စွမ်းရှိရ ပါမယ်။ App Store ဟာ အခု တော့ iPhone ပေါ်မှာရှိနေပါပြီ။ Menu အချို့ထဲမှာပုန်းခိုနေတာမျိုး မဟုတ်ပါဘူး။ iTunes account ကနေလည်း အလိုအလျောက်ချိတ် ဆက်နိုင်တယ်။ Apple ဟာ App Store ကို သင်ချိတ်ဆက်လိုက်တာ နဲ့ သင်ဘယ်သူလဲဆိုတာတန်းသိ ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်ဟာ iTunes ကတဆင့်သွား နေရတာကိုး။ တတိယအချက်က တော့ App Store ဟာသိပ် ကောင်းတဲ့ တည်ဆောက်မှုတစ်ခု ဖြစ်တယ်။ အဲဒါဟာကောင်းမွန်စွာ လည်ပတ်နေပါတယ်။
ဒါဆို Nokia ကတော့ အဲဒီ လိုမျိုးတွေမလုပ်နိုင်ဘူးလို့ လူကြီးမင်းဆိုလိုတာပါလား။ ကျွန်တော်တို့ဟာ အထက်ကပြောခဲ့တဲ့သုံးမျိုးစလုံးချို့တဲ့နေပါတယ်။ ကျွန်တော်တို့ရဲ့ download service ကိုပဲကြည့်ပါလေ။ Applications တွေကိုအလွယ် တကူရှာတွေ့ဖို့ခက်ခဲတယ်။ Register လုပ်ရတာလဲအဆင်မပြေ ဘူး။ အကန့်အသတ်တွေကြောင့် လည်းလည်ပတ်လုပ်ကိုင်ရတာ အ ဆင်မပြေဘူး။ ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ plan တွေကိုပိုကောင်း အောင် အရှိန်မြင့်လုပ်ဆောင်ရမှာ ပါ။
Ovi Store ကိုအချို့ နိုင်ငံတွေမှာ Ovi Store လို့ပဲရိုးရိုးခေါ်တယ်။ ဒါပေမဲ့ တချို့တိုင်းပြည်တွေမှာတော့ carrier's application store နဲ့ပေါင်းထားတယ်။ ယူအက်စ်လိုနေရာမျိုးတွေမှာကျပြန်တော့လည်း Ovi access လုံးဝမရှိပြန်ဘူး။ အဲဒါဘာကြောင့်ပါလဲ။ ဈေးကွက်ပုံစံသုံးမျိုးရှိ နေပါ တယ်။ လုံးဝလွတ်လပ်တဲ့ ဖြန့်ချိ ရေးဈေးကွက်တစ်ခုလည်းရှိတယ်။ အဲဒီမှာ wireless carrier တွေရှိ ရင်လည်းရှိမယ်၊ မရှိရင်လည်းမရှိ ဘူး။ ဖုန်းရဲ့ဈေးကိုဘယ်လောက် လောက်ကသတ်မှတ်ထားတာမျိုး မရှိဘူး။ ဒီလိုဈေးကွက်မျိုးထဲမှာ အဓိကစိန်ခေါ်မှုကတော့ကိုယ့်ကိုယ် ကိုရိုးရိုးရှင်းရှင်းပြင်ဆင်ထားနိုင်ဖို့ ပါ။ ဈေးကွက်ထဲမှာရွေးစရာဖုန်း ၅,၅၀၀၀ ရှိတယ်ဗျာ။ ‘ဒါ့ကြောင့် ကျွန်တော်တို့ဟာ Ovi ကိုအဲဒီ devices တွေပေါ်တိုက်ရိုက်တင် ပေးနိုင်ပါတယ်။ ဒါမှမဟုတ်ရင် လည်းတစ်စုံတစ်ယောက်ဟာ service တွေပါတဲ့အတွက် Nokia ကို ရွေးကောင်းရွေးပါလိမ့်မယ်။ ကျွန် တော်တို့ဟာဒီမော်ဒယ်ကိုဝင်ငွေနိမ့် ဈေးကွက်တွေဖြစ်တဲ့အာရှမှာအထူး သဖြင့်တရုတ်၊ အိန္ဒိယတို့ပေါ့။ ပြီး တော့အရှေ့ဥရောပနိုင်ငံတစ်ချို့မှာ မြင်နေရပါတယ်။ အလယ်အလတ် အဆင့်နောက်ဈေးကွက်တစ်ခုက တော့ အနောက်ဥရောပဈေးကွက် တွေပေါ့။ ဖုန်းတွေရဲ့ ၅၀ရာခိုင်နှုန်း ကို operators ကတဆင့်ရောင်းချ ပြီး၊ ကျန် ၅၀ရာခိုင်နှုန်းကိုတော့ လွတ်လပ်စွာရောင်းချပါတယ်။ တူ ညီတဲ့ device တစ်ခုထဲက carrier contract နဲ့ဆို ၉၉ ယူရိုပဲ ကျသင့်မယ်။ Contract မပါရင် တော့ ယူရို ၅၅၅ လောက်ကျသင့် သွားနိုင်ပါတယ်။ တတိယဈေးကွက်ကတော့ Operator ကလုံးဝထိန်းချုပ်ထား တဲ့ဈေးကွက်ပါ။ အဲဒါတွေကတော့ တောင်ကိုရီးယား၊ ဂျပန်၊ အမေရိ ကန်တို့ဖြစ်ပြီး၊ ဈေးကွက်သေးသေးလေးတွေပါ။ ဒီဈေးကွက်တွေအားလုံးဟာကောင်းတယ်၊ ဆိုးတယ်ရယ်မရှိပါဘူး။
Nokia ဟာ ကမ္ဘာ့အကြီးမားဆုံးဆဲလ်ဖုန်းထုတ်လုပ်သူ ကုမ္ပဏီပါပဲ။ ဒါပေမဲ့ Nokia ဟာ အမေရိကမှာတော့သိပ်မရှိဘူး။ အဲဒါဘာကြောင့်လဲဆိုတာရှင်းပေးပါလား။ ဟုတ်ပါတယ်။ ကျွန်တော်တို့ ကို ယူအက်စ်မှာအတွေ့ရနည်း တယ်။ တစ်ခြားနေရာမှာတော့ ကျွန်တော်တို့ဟာ စားသုံးသူတွေရဲ့ လိုအပ်ချက်ကို ကောင်းကောင်း ဖြည့်ဆည်းပေးနိုင်ခဲ့ပြီး အောင်မြင် ခဲ့ပါတယ်။ Nokia ဟာသူရဲ့ မဟာဗျူ ဟာမှာ service ပိုင်းကို အာရုံ စိုက်လာနေတယ်နော်။ အောက် ခြေပိုင်းကိုရော အာရုံမစိုက်ဘူး လား။ ဒါမှမဟုတ် ဖုန်းရောင်းချ ခြင်းအပိုင်းကိုပဲ အဓိကအာရုံပြု နေတုန်းပဲလား။ ၂၀၁၀ ခုနှစ်မှာ service ပိုင်း ကနေ၀င်ငွေဒေါ်လာ ဘီလီယံ ၂၀ ရရှိဖို့ကျွန်တော်တို့ ပစ်မှတ်ထား နေပါတယ်။ ဒါပေမဲ့ Nokia ရဲ့ စုစုပေါင်းဝင်ငွေကနေ ဖယ်ထုတ် ကြည့်ရင် အဲဒါသိပ်ထူးထူးခြားခြား မဖြစ်ပါဘူး။ Ovi က Nokia ဖုန်း တွေအတွက်ပေးမယ့် အကြီးမားဆုံးလုပ်ဆောင်ချက်ကတော့ ဖုန်းတွေကိုပိုကောင်းအောင်၊ ဆွဲဆောင်မှုရှိအောင် လုပ်ပေးခြင်းဖြစ်ပါတယ်။ အနာဂတ်ကိုခင်ဗျား လှမ်းမျှော်ကြည့်လိုက်မယ်ဆိုရင် ဖုန်းတွေကို service ပိုင်းတွေနဲ့ပူးပေါင်းပြီး ရောင်းချကြတော့မှာပါ။ Ref: Nokia Exec talks OVi
|