အသစ်ထွက်ပေါ်လာမည့် iPhone 4 သည် iPad ကဲ့သို့ အံ့အားသင့်ဖွယ်ဖြစ်စေမည်ဟုဆို Print E-mail
Friday, 02 July 2010

Apple မှ ဇွန်လ ၂၉ ရက်နေ့တွင်စတင်ရောင်းချမည့် iPhone 4 သည် သုံးလအတွင်း အလုံးရေ ၃ သန်းရောင်းချခဲ့ရသည့် iPad ကဲ့သို့ အံ့အားသင့်ဖွယ်ဖြစ်စေမည်ဖြစ်ကြောင်း လေ့လာဆန်းစစ်သူများက ပြောကြားလိုက်သည်။

Barclays Capital မှခန့်မှန်းချက်အရ Apple ၏ iPhone ရောင်းချမှုနှုန်းသည် တတိယလေးလပတ်အတွင်း အလုံးရေ ၈.၁ သန်းရှိပြီး iPhone 4 ထွက်ပေါ်လာပြီးနောက် စတုတ္ထလေးလပတ်အတွင်း အလုံးရေ ၁၂.၁ သန်းအထိရှိလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် JP Morgan မှလေ့လာဆန်းစစ်သူများကလည်း iPhone 4 အား သုံးလပတ်ကာလအတွင်း အလုံးရေ ၁၀ သန်းခန့်ရောင်းချရမည်ဟု ခန့်မှန်းပြောဆိုခဲ့သည်။ Apple ၏စတုတ္ထမျိုးဆက်သစ်ဖြစ်သည့် iPhone 4 တွင်ရိုးရှင်းစွာဖြင့်အသုံးပြုနိုင်စေမည့် video chat ပါဝင်လာပြီး ယခင် iPhone ထက် display လေးဆခန့်ပိုမိုကြည်လင်ကာ ဘက်ထရီသက်တမ်းကလည်း လေးဆယ်ရာခိုင်နှုန်းကြာရှည်ခံကြောင်း သိရသည်။ Apple သည် iPhone 4 ကို ဇွန်လ ၂၉ ရက်နေ့တွင် အမေရိကန်၊ ဂျပန်၊ ပြင်သစ်၊ ဂျာမနီနှင့် ဗြိတန်တို့၌ စတင်ရောင်းချမည်ဖြစ်ပြီး အခြားနိုင်ငံ ၈၈ နိုင်ငံတွင်မူ စက်တင်ဘာလအတွင်း၌ တင်ပို့ရောင်းချမည်ဖြစ်ကြောင်းသိရသည်။

 

Comments

Search
Only registered users can write comments!

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
 

Website Guide

Website Guide
adobe cs4 buy cheap adobe, buy autodesk softwarecheap software