|
Saturday, 06 February 2010 |
|

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက အမေရိကန်ဖက်ဒရယ်အစိုးရဟာ ထရပ်ကားများနဲ့ဘတ်စ်ကားများကို မောင်းနှင်တဲ့ဒရိုင်ဘာများအား မက်ဆေ့ခ်ျသုံးစွဲမှုအတွက် တားမြစ်မှုများပြုလုပ်ခဲ့ကြောင်းသိရပါတယ်။
အမေရိကန် သယ်ယူပို့ဆောင်ရေးအတွင်းရေးမှူးဖြစ်သူ Roy LaHood ကတော့ ယခုလို ဒရိုင်ဘာများ မက်ဆေ့ခ်ျအသုံးပြုမှုတားမြစ်ရခြင်းဟာ ကားမောင်းနေစဉ်အတွင်း အာရုံထွေပြားမှုမဖြစ်ပေါ်စေရန်အတွက်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ယခုလိုတားမြစ်ခြင်းဟာ ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းက ပြုလုပ်ခဲ့တဲ့အစည်းအဝေးတွင် အမေရိကန်သမ္မတအိုဘားမားလက်မှတ်ရေးထိုးခဲ့တဲ့ အစိုးရမှပိုင်ဆိုင်တဲ့မော်တော်ယာဉ်များကို မောင်းနှင်စဉ်အတွင်း မက်ဆေ့ခ်ျအသုံးပြုမှု တားမြစ်ရေးညွှန်ကြားချက်ကို အကောင်အထည်ဖော်ခြင်းဖြစ်ကာ စည်းကမ်းဖောက်ဖျက်တဲ့ဒရိုင်ဘာများအနေဖြင့် ဒဏ်ကြေးငွေအမေရိကန်ဒေါ်လာ ၂,၇၅၀ ပေးဆောင်ရမှာဖြစ်ကြောင်း သိရပါတယ်။ ယခုလိုကားမောင်းနေစဉ်အတွင်း မက်ဆေ့ခ်ျအသုံးပြုခြင်းကို FedEx နဲ့ UPS အပါအ၀င် အမေရိကန်နိုင်ငံရှိ ပုဂ္ဂလိကစီးပွားရေးကုမ္ပဏီအချို့ကို တားမြစ်ပိတ်ပင်ခဲ့ပြီး ပြည်နယ် ၁၉ ခုမှာလည်း အလားတူပိတ်ပင်မှုများ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
|