|
Friday, 05 February 2010 |
|

NASA မှ International Space Station ရှိအာကာသယာဉ်မှူးများအတွက် wireless ဆက်သွယ်အသုံးပြုနိုင်ရန် ၀န်ဆောင်ပေးခဲ့ပါတယ်။
ထို့ကြောင့် အာကာသယာဉ်မှူးများအနေဖြင့် ၀က်ဘ်၊ e-mail များကို အလွယ် တကူအသုံးပြုနိုင်ပြီး ၎င်းတို့မိသားစုနှင့် အလွယ်တကူဆက်သွယ်လာနိုင်စေပါတယ်။ လေယာဉ်အင်ဂျင်နီယာတစ်ဦးဖြစ်သူ T.J Creamer ဟာ လွန်ခဲ့သောရက်ပိုင်းအတွင်း အာကာသမှတဆင့် Twitter message ပေးပို့အသုံးပြု ခဲ့ကြောင်း သိရှိခဲ့ပါတယ်။ သူဟာအာကာသထဲမှနေ၍ message လွှင့်တင်အသုံးပြုခဲ့ပြီး NASA အာကာသယာဉ်မှူးတစ်ဦးဖြစ်သူ Mike Massimino ဟာ အာကာသထဲမှ ပထမဆုံး Twitter အသုံးပြုခဲ့သူတစ်ဦး ဖြစ်ပါတယ်။ Massimino ဟာ အာကာသအတွင်းတာဝန်ထမ်းဆောင်နေစဉ်ကာလ၌ NASA Fans နှင့်ဆက်သွယ်ရန်အတွက် Twitter ကိုအသုံးပြုခဲ့ပါတယ်။ Massimino ဟာ NASA သို့စာလုံးရေ ၁၄၀ ပါဝင်သော message ကို ပေးပို့အသုံးပြုခဲ့ပြီး အခြား အာကာသယာဉ်မှူးများဟာလည်း Twitter အသုံးပြု၍ ဆက်သွယ်လာခဲ့ကြပါတယ်။
|