|
Friday, 05 February 2010 |
|

ကမ္ဘာပေါ်ရှိ ထိပ်တန်းဆက်သွယ်ရေး ၀န်ဆောင်မှုကုမ္ပဏီတွေထဲက တစ်ခုဖြစ်တဲ့ BT ဟာ လက်ရှိ စံသတ်မှတ်ထားတဲ့ အင်တာနက်ချိတ်ဆက်မှုထက် ငါးဆပိုမြန်တဲ့ မြန်နှုန်းမြင့် broadband ဆက်သွယ်မှုကိုစတင်ပြုလုပ်လိုက်ပါတယ်။
အဆိုပါဆက်သွယ်မှုဟာ ၄၀ Mb/s ရှိပြီး iTunes မှသီချင်း ၁၂ ပုဒ်ပါတဲ့ အယ်လ်ဘမ်တစ်ခုကို ၃၆ စက္ကန့်ဖြင့် ရယူနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ အဆိုပါမြန်နှုန်းမြင့်ချိတ်ဆက် မှုဟာ BT မှ copper wire အစား fibre-optic ကွန်ရက်ဖြင့်ပြုလုပ်ခဲ့ခြင်းကြောင့်ဖြစ်ပြီး ချိတ်ဆက်မှုအကွာအဝေးပေါ်မူတည်၍ လျင်မြန်တဲ့အမြန်နှုန်းဖြင့် အသုံးပြုနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။ အဆိုပါ broadband စနစ်ကို BT မှ ဖေဖော်ဝါရီလကုန်မှစ၍ ၀န်ဆောင်မှုပေးရန်စီစဉ်ထားပြီး ယခုနှစ်ကုန်ပိုင်းတွင် အသုံးပြုသူ ၄ သန်းခန့်ရှိရန်မျှော်လင့်ထားကြောင်းသိရပါတယ်။ အဆိုပါဝန်ဆောင်မှုကို 2Mb/s အတွက်တစ်လလျှင် ၁၉.၉၉ ပေါင်သတ်မှတ်ထားပြီး၊ 10Mb/s အတွက် ၂၄.၉၉ ပေါင်သတ်မှတ်ထားကာ 50Mb/s အတွက် ၂၈ ပေါင်သတ်မှတ်ထားကြောင်း သိရပါတယ်။
|