iPhone အသစ်များကို သုံးရက်အတွင်း ၁ သန်းကျော်ရောင်းချခဲ့ရ Print E-mail
Thursday, 02 July 2009

ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့က စတင်ရောင်းချခဲ့တဲ့ iPhone 3GS ကိုစတင်ရောင်းချတဲ့နေ့မှ သုံးရက်အတွင်း အလုံးရေ ၁ သန်းကျော်ရောင်းချခဲ့ရကြောင်း Apple ကကြေညာခဲ့ပါတယ်။ ဒါ့အပြင် iPhone OS 3.0 ကိုလည်းစတင် ဖြန့်ချိတဲ့နေ့မှ ငါးရက်အတွင်း လူပေါင်း ၆ သန်းကျော်က ဒေါင်းလုပ်ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ကျန်းမာရေးကြောင့်အနားယူနေရသူ Apple ရဲ့ CEO Steve Jobs က ဒီကြေညာချက်ကိုထုတ်ပြန်ခဲ့တာဖြစ်ပြီး iPhone  ရဲ့အရှိန်အဟုန်ဟာ အမြဲတမ်းတောင့်တင်းခိုင်မာနေတယ်လို့ပြောကြားခဲ့ပြီး iPhone အတွက် applicaion 50,000 ကိုလည်း Apple ရဲ့ App စတိုးမှာရရှိနိုင်ပြီဖြစ်ကြောင်း ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Piper Jaffray မှ Gene Munster ဟာအစောပိုင်းက iPhone 3GS ဖုန်းတွေကိုပထမပတ်အတွင်းအလုံးရေ 500,000 ရောင်းချရလိမ့်မယ်လို့ ခန့်မှန်းပြောဆိုခဲ့ပါတယ်။ iPhone 3GS ဟာခန့်မှန်းပြောဆို မှုတွေထက်သာလွန်ခဲ့ပြီး သုံးရက်အတွင်း အလုံးရေ ၁ သန်းကျော်ရောင်းချခဲ့ရပါတယ်။ မူလ iPhone ကို ၂၀၀၇ ခုနှစ်ဇွန်လတွင် စတင်ရောင်းချခဲ့စဉ်က တစ်ပတ်အတွင်း အလုံးရေ 270,000 သာရောင်းချခဲ့ရပြီး ၂၀၀၈ ခုနှစ်ဇူလိုင်လမှာ စတင်ရောင်းချခဲ့တဲ့ iPhone 3G ကိုတော့ စတင်ရောင်းချပြီးတစ်ပတ်အတွင်း အလုံးရေ ၁ သန်းနီးပါး ရောင်းချခဲ့မှုနဲ့နှိုင်းယှဉ်ကာ ပြောကြားခဲ့ပါတယ်။ iPhone 3G ကိုရောင်းချခဲ့စဉ်က နိုင်ငံပေါင်း ၂၁ နိုင်ငံ တွင်ရောင်းချခဲ့ပြီး iPhone 3GS ကိုတော့ နိုင်ငံရှစ်နိုင်ငံမှာသာ ရောင်းချခဲ့တယ်လို့ဆိုပါတယ်။

ယခုလို iPhone 3GS တွေကို တစ်ပတ်အတွင်း စံချိန်တင်ရောင်းချခဲ့ရပေမယ့် Apple ဟာ စမတ်ဖုန်းဈေးကွက်မှာ ပြိုင်ဆိုင်မှုအသစ်များနဲ့ ကြုံတွေ့နေရတယ်လို့ဆိုပါတယ်။ Palm ဟာ Pre ဖုန်းကို စတင်ရောင်းချတဲ့နှစ်ရက်အတွင်း အလုံးရေ 50,000 မှ 100,000 ရောင်းချခဲ့ရပြီး Research In Motion ကလည်း BlackBerry Tour ကို မကြာမီထုတ်လုပ်ရောင်းချတော့မှာဖြစ်သောကြောင့် Apple အနေနဲ့ ပြိုင်ဆိုင်မှုအသစ်နဲ့ ကြုံတွေ့ရမှာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။

Comments

Search
Only registered users can write comments!

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
 

Website Guide

Website Guide
adobe cs4 buy cheap adobe, buy autodesk softwarecheap software