သစ်နှင့် အခြားအပင်ထွက်ပစ္စည်းများမှ အီသနောလောင်စာစမ်းထုတ် Print E-mail
Friday, 24 April 2009
အီသနောလောင်စာကိုသစ်နှင့် အခြားစားသောက်ကုန်မဟုတ်သော အရင်းအမြစ်များမှ ထုတ်လုပ်နိုင်တော့မည်ဖြစ်သည်။
အဆိုပါ ဆဲလူးလို့စ်ဒြပ်ပေါင်းပါဝင်သော အီသနောလောင်စာကို စီးပွားဖြစ်ထုတ်လုပ်နိုင်မည့်တီထွင်မှုကို Mascoma ကုမ္ပဏီက စမ်းသပ်ထုတ်လုပ်ပြခဲ့သည်။
နယူးယောက်တွင် စမ်းသပ်ခဲ့သောသုတေသနပြုလုပ်မှုတွင် သစ်သား၊ မြက် အစရှိသော အပင်ထွက်ပစ္စည်းများကိုအသုံးပြု၍ အီသနောလောင်စာကို စမ်းသပ်ထုတ်လုပ်ခဲ့သည်။ စမ်းသပ်ထုတ်လုပ်မှုအရ နှစ်စဉ်အီသနောလောင်စာဂါလံ ၂ သိန်း ထုတ်လုပ်နိုင်လာမည်ဟု မျော်မှန်းထားသည်။ သို့ရာတွင် ဇီဝဒြပ်ပေါင်းပမာဏ မည်မျှသုံးစွဲရမည်ဆိုသည်ကို Mascoma ကမကြေညာခဲ့ပေ။
လက်ရှိသုံးစွဲနေသော ဓာတ်ဆီလောင်စာကို အားဖြည့်သုံးစွဲသည့်အနေဖြင့် ဇီဝလောင်စာကိုထုတ်လုပ်ရာတွင် Mascoma မှာ သစ်သားနှင့်အခြားစားကုန်မဟုတ်သော ဇီဝဒြပ်ပေါင်းများကို အီသနောအဖြစ် ပြောင်းလဲထုတ်လုပ်သည့် နည်းပညာများကို တီထွင်နေသောကုမ္ပဏီဖြစ်သည်။
ယခုအခါ စီးပွားရေးကျဆင်းမှုနှင့် ဘဏ္ဍာရေးဈေးကွက် အခြေပျက်လာခြင်းကြောင့် ဆဲလူးလို့စ်အီသနောလောင်စာထုတ်လုပ်ရေးတွင် အစိုးရမဟုတ်သောအခန်းကဏ္ဍမှ ဘဏ္ဍာရေးထောက်ပံ့မှု လျော့ပါးလာလျက်ရှိသည်။
Mascoma အနေဖြင့် အစိုးရမှပြန်လည်အစားထိုးသုံးနိုင်အောင် စွမ်းအင်လုပ်ငန်းအတွက် ရည်ရွယ်ထောက်ပံ့သော ဘဏ္ဍာရေးအကူငွေများရရှိကြောင်း ကြေညာခဲ့သည်။

Comments

Search
ကောင်းပါတယ်
လူတွေအတွက်အကျိုှးိတာပေါ့
Only registered users can write comments!

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
 

Website Guide

Website Guide
adobe cs4 buy cheap adobe, buy autodesk softwarecheap software