|
Friday, 24 April 2009 |
Sage Electrochromics ကုမ္ပဏီဟာ စွမ်းအင်သိုလှောင်နိုင်တဲ့ဖန်ကို ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။ ဒီနည်းပညာအတွက် Good Energies, Bekaert နှင့် Applied Ventures လုပ်ငန်းတွေကနေ ဒေါ်လာသန်းပေါင်း ၂၀ ကို ရရှိထားတာဖြစ်ပါတယ်။
ဒီနည်းပညာကို ၂၀၀၇ ခုနှစ်ကတည်းစတင်ပြီး စမ်းသပ်ပြုလုပ်နေကြတာပါ။ ဒီနည်းပညာဟာ စွမ်းအင်ဆိုင်ရာလောကအတွက်တော့ ကြီးမားတဲ့တိုးတက်မှုတခုပါပဲ။ ဆိုလာပြားတွေဟာ အတော်အသင့်ဈေးကြီး ကြပါတယ်။ စွမ်းအင်ကို ဆိုလာပြားတွေကနေရယူဖို့ဆိုရင် ငွေကုန်ကြေးကြအတော်များမှာပါ။ ဒီဖန်ဟာ အလွှာသုံးလွှာနဲ့ပြုလုပ်ထားတာဖြစ်ပါတယ်။ အိမ်ခေါင်မိုးတွေ ပြတင်းပေါက်မှန်တွေမှာ တပ်ဆင်မယ်ဆိုရင် နေရောင်ခြည်တွေကို မှန်ကစုပ်ယူထားပြီး လျှပ်စစ်ဓာတ်အားကို ပြန်လည်ထုတ်ပေးမှာဖြစ်ပါတယ်။ နေရောင် ခြည်ကထွက်လာတဲ့ ဓာတ်ရောင်ခြည်တွေကိုလည်း 95% နှုန်းအထိ တားဆီးပေးနိုင်ပါတယ်။ 1500 square feet ကနေပြီးတော့ လျှပ်စစ်ဓာတ်အား 60-watt ထုတ်ပေးနိုင်ပါတယ်။ ဒီဖန်ကိုသုံးပြီးတာ့ အိမ်အလှဆင်ခြင်းလုပ်ငန်းတွေ ပြု လုပ်လို့ရသလို ဓာတ်ရောင်ခြည်တွေကာကွယ်ဖို့ အလင်းရောင်ပိုမိုရရှိဖို့အပြင် လျှပ်စစ်ဓာတ်အားလည်း ထုတ်ပေးနိုင်တဲ့အတွက် အလွန်ကောင်းမွန်တဲ့အရာဖြစ်ပါတယ်။
|